Pages

Showing posts with label ခံစားမိသမျှ. Show all posts
Showing posts with label ခံစားမိသမျှ. Show all posts

Sunday, February 26, 2012

အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း

လူသားတွေတော်တော်များများ တစ်ယောက်ကိုတစ်ယောက် ချစ်တယ် ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုတာကြတော့မတူညီကြဘူး။ ခံယူချက်တွေက ဆင်သလိုလို ရှိပါတယ်။ ဒါပေမယ့် အားလုံးသော အသေးစိတ်တွေးတောနေတာတွေကို ချုံကြည့်မယ်ဆိုရင် အဖြေကတစ်ခုထဲဖြစ်နေတယ်။
အဲတာက အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း ....ပါပဲ

ဘာလို့ စောင့်စည်းတိန်းသိမ်းခြင်းလို့ မှတ်ချက်ပြုရလည်းဆိုတော့
မိမိချစ်သူ အပေါ်မှာထားတဲ့ စိတ်ခံစားမှုတိုင်းမှာ စောင့်စည်းတိန်းသိမ်းခြင်း ဆိုတာလေးပါနေတတ်လို့ပါ။

ဥပမာတစ်ခု................
ကောင်လေးနဲ့ ကောင်မလေးတို့ အချစ်စစ်နဲ့ချစ်မိပြီဆိုပါဆို့
ကောင်လေးက အရက်သောက်မယ်ဆိုရင် သူ့ကောင်မလေးတော့ဖြင့် ဘယ်လိုခံစားရမယ်
ဆိုတာကို အရင်တွေးတတ်ကြပါတယ် ဒါကြောင့် ကောင်လေးဟာ အဲဒီအရာပေါ် မသောက်ဖြစ်အောင် စောင့်စည်းထိန်းသိမ်းသွားမှာပါပဲ။
အဲလိုပဲ ကောင်မလေးက ခရီးတစ်ခုကို သွားမယ်ဆိုပါတော့
ကောင်မလေးသွားမယ်ဆိုတဲ့ ခရီးက ကောင်လေးအတွက် စိတ်မချစရာဖြစ်နေလို့ ကောင်လေးကတားမှာပဲ အဲလိုအခြေနေမျိုးမှာ ကောင်မလေးက မိမိချစ်သူကောင်လေး စိတ်ပူစေမဲ့လမ်းကို သွားဖို့ကို မသွားဘူးဆိုတဲ့စိတ်ကလေးနဲ့ စောင့်စည်းတိန်းသိမ်းသွားမှာပါပဲ။

အပေါ်က အကြောင်းအရာလေးတစ်ခုမှမဟုတ်ဘူးနော် အခြားသော အခြေနေလေးတွေကိုလည်း သူငယ်ချင်းတို့ သေသေချာချာ တွေကြည့် တကယ့်အချစ်စစ်နဲ့ ချစ်ရင် မိမိချစ်သူအပေါ်မှာတစ်ခုခုဆိုတဲ့ ဆိုးကျိုးကိုကြည့်ပြီး စောင့်စည်းတိန်းသိမ်းသွားတတ်ကြတာ အချစ်စစ်နဲ့ ချစ်တတ်ကြတဲ ချစ်သူများမှာ ဖြစ်ပေါ်တတ်တဲ့စိတ်လေးပါ

ဒါကြောင့် လူသစ်က အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်းလို့ ခံယူလိုက်တယ်

အချစ်စစ်၊ အချစ်မှန်

အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ --------

ခရစ်ရှနားမူတီး
အပြုအမူ

လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။

ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။

ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။

အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။

ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။

ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။

အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။


(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)

သူတို့အတည်ပြုတဲ့ "အချစ်စစ်"

"အချစ်စစ်"ဆိုတာ တကယ်ရှိကြောင်း အမေရိကား ပညာရှင်တွေက လေ့လာဆန်းစစ်ပြီး အတည်ပြုခဲ့ကြတယ်လို့ သတင်းစာတစ်စောင်မှာ ဆိုထားပါတယ်။





ရှေးက လေ့လာဆန်းစစ်ချက်အရ ချစ်စ၊ ကြင်စ၊ ချစ်သူဖြစ်စမှာ စွဲလမ်းတတ်တဲ့ အစွဲအလမ်းက အချိန် ၁၅လ နောက်ပိုင်းမှာ တဖြေးဖြေး လျော့သွားတတ်ပြီး ၁ဝနှစ်နောက်ပိုင်းမှာ လုံးဝ ပျောက်ကွယ်သွားတတ်တယ်လို့ ဆိုပါတယ်။ အစွဲအလမ်း လျော့ပါးချိန်နဲ့ ပျောက်ကွယ်ချိန်က ချစ်သူဖြစ်ပြီးကာလ ၁၂ လနဲ့ ၁၅လ ကြား၊ ၃နှစ်နဲ့ ၇ နှစ်ကြားမှာ ဖြစ်ပါတယ်။





ဒီတစ်ကြိမ် ဆန်းစစ်ချက်မှာတော့ အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" ဆီမှာသာ နှစ်၂ဝကျော်သည့်တိုင် ဒီလို တစ်ယောက်နဲ့တစ်ယောက် စွဲလမ်းကြတဲ့ စွဲလမ်းမှုမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။ လေ့လာချက်အရ
သူတို့ဟာ ချစ်စကြင်စ ချစ်သူတွေလို ချစ်သူရဲ့ဓာတ်ပုံတွေကို အတူကြည့်ကြပြီး ဦးနှောက်ထဲကနေ ပျော်ရွှင်မှုတွေကို ခံစားစေတဲ့ "Dopamine" ကို ထုတ်လွတ်စေခဲ့တယ်။ ဒါကြောင့် နှစ်တွေကြာခဲ့ပေမယ့် သူတို့ရဲ့ဦးနှောက်က ချစ်ခင်စ ချစ်သူတွေလို လန်းဆန်းတက်ကြွနေခဲ့တယ်။





ကျွန်မတို့သိတဲ့ ရိုးမြေကျ (Life-long partner) ပေါင်းဖက်တတ်တဲ့ သတ္တဝါတွေထဲမှာ ငန်း၊ လယ်ကြွက်နဲ့ မြေခွေး (Gray fox) တွေပါပေမယ့် လူ မပါဝင်ခဲ့ပါဘူး။ "ထာဝရ အချစ်စစ်" ရှိမရှိဆိုတာကို ဘာကြောင့် ကျွန်မတို့ အပူတပင် လိုက်ရှာခဲ့ကြသလဲ? တစ်ယောက်နဲ့တစ်ယောက် မခွဲမခွါ ထာဝရ အတူနေထိုင်နည်းကို ဘာကြောင့် ကျွန်မတို့ သိချင်ခဲ့ကြသလဲ? တစ်နေ့နေ့မှာ ငြီးငွေ့သွားနိုင်တဲ့ အဖြစ်မျိုးကို ဘာကြောင့် ကျွန်မတို့ ကြောက်ရွံ့ခဲ့ကြသလဲ?





ကျွန်မတို့က "အချစ်ကျောင်း" ထဲက လိမ္မာတဲ့ကလေးငယ်တွေ ဖြစ်ချင်ခဲ့ကြတယ်။ ကျောင်းမပျက်တဲ့၊ စာမေးပွဲမကျတဲ့၊ ဇွဲဝီရိယကောင်းတဲ့ လူလိမ္မာလေးတွေ ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ဘုရားသခင်က ကိုယ့်ကို ကောင်းတဲ့အချစ်တွေ ရမယ်လို့ အာမ မခံထားပါဘူး။ လိမ္မာရင် အကောင်းတွေရမယ်ဆိုတဲ့ ဖလှယ်မှုမျိုးလည်း မရှိခဲ့ပါဘူး။





ပညာရှင်တို့ရဲ့ ဆန်းစစ်ချက်ရလဒ်က အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" တွေမှာသာ နုငယ်စဉ်ကလို၊ ချစ်သူဖြစ်စလို မပြောင်းလဲတဲ့ အချစ်နဲ့စွဲလမ်းမှုမျိုးကို ထိန်းသိမ်းထားနိုင်တာ တွေ့ရတယ်။ သူတို့ဆီမှာပဲ အချစ်စစ်ဆိုတာ တကယ်ရှိခဲ့ပါသတဲ့။





ကမ္ဘာပေါ်ရှိသမျှ လူတွေအားလုံး.. ရိုးမြေကျ ပေါင်းဖက်တတ်တဲ့ ငန်း၊
လယ်ကြွက်၊ မြေခွေး (Gray fox) တို့နဲ့ မတူနိုင်ခဲ့ရင်တောင် အချစ်ကို နားလည်ခံစား၊ တန်ဖိုးထားတတ်သူတွေ ဖြစ်ကြပါစေလို့....သူတို့အတည်ပြုတဲ့ "အချစ်စစ်"



Thursday, February 16, 2012

မုန်း၍မဟုတ်ပါ

         လူရယ်လိုဖြစ်လာလျှင်ခွဲခွာခြင်းကိုကြုံဖူးကြပါလိမ့်မည်။မိတ်ဆွေများလည်းခွဲခွာရ
သလိုသူငယ်ချင်းများလည်းခွဲခွာရနိုင်ပါသည်။မကျေနပ်၍ဖြစ်စေ၊ကံတရားကြောင့်ဖြစ်
စေအမျိုမျိုးသောအကြောင်းတရားများကြောင့်ကွဲကွာသွားစေနိုင်၏။ 

         ကျွန်မတွင်ခင်မင်ရင်းနှိးသောသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါသည်။အကူအညီ
တောင်းလျှင်အမြဲဖြည့်ဆည်းပေးချင်သူ။အကြံကောင်းတွေပေးတတ်ပြီးစိတ်ထားကောင်း
သူဖြစ်သည်။ သူသည်အခြားသူငယ်ချင်းအချင်းချင်းထက်သူ့အပေါ်ဦးစားပေးတာကိုလိုချင်
လွန်းသူလည်းဖြစ်နေပါသေးသည်။

          ကျွန်မ၏အားနည်ချက်သည်တစ်ဘက်လူမကြိုက်မှန်း သိလျှက်နှင့်ကိုယ်မှန်သည်
ထင်ပါကအလျော့မပေးတတ်ခြင်းဖြစ်ပါသည်။ကျွန်မအပေါ်တွင်သူသဘောမကျ၊
မကြိုက်သောအချက်သည်အခြားသူငယ်ချင်းများအကြောင်းကိုသူ၏ရှေ.တွင်ခဏခဏ
ပြောခြင်းဖြစ်သည်။သည်းမခံနိုင်ဆုံးအချက်တစ်ချက်ဖြစ်လိမ့်မည်ဟူ၍လည်းတွေးထင်
ထားမိခြင်းမရှိခဲ့ပါ။

         ထိုအချက်သည်သူအားတော်တော်စိတ်ဆိုးစေခဲ့ပါသည်။မိမိအပေါ်စိတ်ဆိုးခြင်းကိုမကျေ
နပ်ပါ။တစ်ယောက်နှင့်တစ်ယောက်၏ခင်မင်ရင်းနှီးမှူ.ကိုမသိလေရော့သလား။

          အပြိုင်အဆိုင်စိတ်ဆိုးခြင်းသည်အချိန်ကြာမြင့်ကာတစ်ယောက်နှင့်တစ်ယောက်
မခေါ်မပြောဖြစ်တော့သည်အထိဖြစ်ခဲ့ပါသည်။ပြဿနာတစ်ခု၏အစ၊ခွဲခွာခြင်း၏အဆုံး
ဖြစ်လိမ့်မည်ဟုသာကြိုတင်သိမြင်နိုင်စွမ်းရှိခဲ့ပါမူကျွန်မကိုယ်တိုင်လည်းစိတ်ဆိုးခဲ့လိမ့်
မည်မဟုတ်ပါ။

          မိမိအပေါ်ဘယ်လောက်ထိခင်မင်ပါသည်ဆိုတာကိုသိလျှက်နှင့်မကျေမနပ်ပြောသော
စကားအပေါ်ကျွန်မစိတ်ဆိုးမိခဲ့ပါသည်။ချက်ချင်းတောင်းပန်ပါလျှက်ကျွန်မချက်ချင်း
စိတ်မပြေခဲ့မိပါ။နာလည်မှူလေးတစ်ခုကိုချက်ချင်းမပေးနိုင်ခဲ့မိပါ။

           နေရာဒေသမတူသောကျွန်မတို့နစ်ယောက်မခေါ်မပြောဖြစ်ကြသည်မှာအချိန်ကြာခဲ့
ပါပြီ။ကျွန်မယုံကြည်နေတာတစ်ခုရှိပါသည်။ကျွန်မအပေါ်တွင်မုန်းသောစိတ်သည်သူထံ
တွင်ဘယ်သောအခါမှရှိနေလိမ့်မည်မဟုတ်ပါ။ယုံကြည်မှူကြောင့်လည်းကျွန်မ၏စိတ်
သည်နာကျင်မှူ့မရှိပါ။

           တစ်ချိန်ချိန်တွင်ကျွန်မတိုနှစ်ဦးပြန်ဆုံတွေ့နိုင်ပါသည်။တွေ့တွေ့ခြင်းလည်းကျွန်မ
ကပင်ဦးအောင်နှူတ်ဆက်လိုက်မည်ဟူဆုံးဖြတ်ထားမိသည်။

 အကြောင်းက......ကျွန်မတို့တွေသည်မုန်းနေခြင်းမှမဟုတ်တာ...............။

ပြောပြပေးပါနှင်း

        အပြင်မှာမြူနှင်းတို့ကျဆင်းနေပါပြီ။မြူနှင်းတို့ကျဆင်းချိန်ရောက်လျှင်အတိတ်ကသူငယ်
ချင်းများကိုသတိရမိသည်။

        ကျွန်မတို့၏တွေ့ဆုံမှူတွေသည်အခုလိုနှင်းတွေကျနေသောရာသီချိန်မှာပေါ့။
နှင်းမြူတွေကျချိန်မှာကျွန်မတို့ဆုံတွေ့ခဲ့ကြပါသည်။ဆောင်းနံနက်ခင်းတိုင်းသည်ကျွန်မတို့
အတွက်အမှတ်ရစရာတွေနဲ့ပေါ့။


        ကျွန်မတို့အိုင်စီ(၁)အဆောင်မှာဆိုလျှင်မနက်မှာပြေးသူကပြေး၊လမ်းလျှေက်သူကလျှောက်၊
အပျင်းကြီးပြီးနေမြင့်သည်ထိအိပ်သူကအိပ်ပေါ့။ဆောင်းရာသီချမ်းချမ်းမှာတော့ကျွန်မတို့
လိုဝမှာကြောက်သူတွေကအုပ်စုဖွဲ့ပြီးလမ်းလျှောက်ကြပါသည်။လမ်းလျှောက်သူတွေကများလာ
လိုက်နည်းသွားလိုက်ဆိုပေမယ့်ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကပျက်ကွက်ခြင်းမရှိခဲ့
ပါဘူး။

        ကျွန်မတို့နှင့်တစ်ချိန်တည်းရောက်ရှိလာတဲ့မိတ်ဆွေတစ်ဦးလည်းရှိခဲ့ပါသည်။မိဖြူဆိုတဲ့
ခွေးမကြီးပေါ့။ကျွန်မတို့အဖွဲ့ရောက်ပြီးမကြာခင်မှာပဲ၀၀ကစ်ကစ်ခွေးလေးခြောက်ကောင်
ကိုမွေးခဲ့ပါသည်။မနက်ဆိုလျှင်ပိုနေသောထမင်းချိုင့်များထဲမှထမင်းဟင်းများကိုသေချာ
နယ်ဖတ်ပြီးကျွေးမွေးရတာအလုပ်တစ်ခုပါပဲ။

      ကျွန်မပြုံးမိတာတစ်ခုရှိပါသည်။ကြောင်ကြောင်ကြားကြားခွေးလေးခြောက်ကောင်ကိုသူခွေး
ငါ့ခွေးသတ်မှတ်ကာအပြိုင်ချစ်ကြပါသည်။ဒါပေမယ့်လည်းမနက်ဆိုလျှင်ပိုနေသောကော်ဖီများ
ကိုခွက်ထဲထည့်၍ညီတူညီမျှကျွေးမွေးတတ်ကြပါသည်။

      နိုဆီနံရသောကော်ဖီများကိုအလုအယက်သောက်ကြသည်မှာပွက်လောရိုက်နေ
ပါသည်။မနက်ခင်း၏ကြားနေသံအသံတစ်ခုပေါ့။စိတ်တူကိုယ်တူဝါသနာတူကြသောကျွန်မ
တို့အဖွဲ့သည်ခရီးထွက်ဖို့ဆိုလျှင်လည်းနှစ်ခါမညှိကြရပါ။လဘက်ရည်ဆိုင်သွားဖို့ဆိုလည်း
နှစ်ခါမခေါ်ရ။တစ်ခါတစ်လေကျန်နေခဲ့သူရှိလျှင်ပင်မရမကအတင်းပင်ခေါ်တတ်ပါသေး
သည်။ဘယ်သွားသွားအုပ်စုလိုက်ကြီးပါပဲ။ပျော်တစ်ပြုံးပြုံးပေါ့။

      တစ်ဦးမေတ္တာသည်တစ်ဦးမှာဆိုသလိုပါပဲ။တစ်ဦးစိတ်ဆိုးလျှင်နောက်တစ်ယောက်ကသည်း
ခံကြပါသည်။မိသားစုလိုနွေးထွေးမှု့၊မိတ်ဆွေလိုပွင့်လင်းမှု့၊နားလည်မှု့ကိုအခြေခံထား
သောအဖွဲ့အစည်းလေးဖြစ်ခဲ့ပါသည်။ဘယ်သူဖြတ်၍မပျက်သောသံယောဇဉ်တွေရင်ထဲမှာ
တွယ်ခဲ့ကြပါသည်။

      ဘ၀ဆိုသည်မှာခွဲခွာချိန်ရောက်လာလျှင်တစ်ဦးကိုတစ်ဦးလက်ပြနှုတ်ဆက်၍ခွဲခွာကြရစမြဲ
ပါပဲ။တစ်မြေတစ်နယ်စီဝေးလို့လူခြင်းမတွေ့နိုင်ပေမယ့်အဆက်အသွယ်မပျက်ခဲ့ကြပါဘူး။

       ရာသီစက်ဝန်းသည်ပုံမှန်လည်ပတ်နေပါသည်။ကျွန်မတို့ဆုံဆည်းခွင့်ရခဲ့သောဆောင်းရာသီ
ရောကိတိုင်းမိတ်ဆွေများကိုသတိရမိသည်။တွေ့ဆုံခွင့်ပေးခဲ့သောကံကြမ္မာကိုလည်းကျေးဇူး
တင်မိသည်။

      တစ်ဦးအပေါ်တစ်ဦးသည်းခံခွင့်လွှတ်ကာနာလည်ပေးခဲ့ကြသောမိတ်ဆွေများကိုမြူနှင်းမြင်
တိုင်းအမှတ်ရမိခြင်းဖြင့်…….
…………………………………………………..

ပန်းလှိုင်

 စာတွေကောင်းကောင်းမရေးတတ်ပါဘူး။ဒါပေမယ့်ရေးချင်တယ်။ကိုယ့်မြို.ကိုယ့်ရွာအကြောင်းလေးပေါ့။

 ပန်းလှိုင်တဲ့။မလှိုင်လို့ပဲနာမည်တွင်သောမြို.လေး။ကျမတို့နေထိုင်းကြီးပြင်းခဲ့တာနေရာလေးပေါ့။မလှိုင်
လို့ပဲအများကသိကြပါသည်။မိတ္တီလာ-မြင်းခြံသွားတဲ့ကားလမ်းဘေးမှာရှိတဲ့မြို.သေးသေးလေးပါပဲ။

 အညာဒေသ၊ပူပြင်းခြောက်သွေ့တဲ့အရပ်ဒေသ၊အများသိကြတဲ့ ၀ါ စိုက်ပျိုးထွက်ရှိတဲ့အရပ်ဒေသလေးပေါ့။
အညာထန်းလျက်၊ပဲ၊နှမ်း၊၀ါစိုက်ပျိုးရောင်းဝယ်နေထိုင်ကြသည်။

 နေပူတယ်။ဖုန်ထူတယ်။ဒါပေမယ့်မြို.လေးကလှပတယ်။

          မြို.တောင်ဘက်တွင်ရွှေမုဌောစေတီတည်ထားကိုးကွယ်သည်။အသောကမင်းကြီးတည်ထားသောစေတီများ
ထဲကတစ်ဆူဖြစ်ပါသည်။နစ်စဉ်နစ်တိုင်းလည်းဘုရားပွဲကျင်းပ၏။မလှိုင်ဈေးကြီးတစ်ခုလုံးကိုရွေ.ပြောင်းစေပြီး
တစ်လခန့်တိတိဆိုင်ခန်းများဖွင့်လှစ်ရောင်းချစေသည်။

 မလှိုင်မြို့နှင့်မနီးမဝေးတွင်ပန်းအိုင်ရွာလေးတည်ရှိပါသည်။၁၂ရာသီပွဲများတွင်တစ်ခုအပါအ၀င်ဖြစ်သော
ပန်းအိုင်ရွှေမုဌောဘုရားပွဲသည်စည်းကားလှပါသည်။သောကမင်းကြီးတည်ထားကိုးကွယ်ခဲသောစေတီတစ်ဆူ
လည်းဖြစ်ပါသည်။နစ်စဉ်နယုန်လတိုင်းတစ်လလုံးကျင်းပသောဘုရားပွဲတစ်ခုဖြစ်သည်။  ရပ်ဝေးရပ်နီးသာမက
မိတ္တီလာ၊တောင်သာ၊မြင်းခြံ၊ကျောက်ပန်းတောင်းစသည်တို့မှဘုရားဖူးများလာရောက်လည်ပတ်ကြသည်။

                            အညာမြို.လေးတစ်ခုဖြစ်သောမလှိုင်မြို့လေးသည်ပညာရေးကိုအားထားသောမြို.လေးတစ်ခုဖြစ်ပါသည်။
ပညာရေးအားပေးသောမိဘ၊မိဘများကဲ့သို့အားပေးသောဆရာသမားများကျေးဇူးဖြင့်ထူးချွန်သူများပေါများ၏။
နစ်စဉ်ဆရာကန့်တော့ပွဲကျင်းပပြုလုပ်သည်။
      မလှိုင်မြို.လေးသည်ထူးခြားသည်။လှပသည်။ရိုးသားကြိုးစားကြသောအညာဒေသတစ်ခုလည်းဖြစ်သည်။
အေးဆေးသောမြို.လေးတစ်မြို.လည်းဖြစ်သည်။

 မလှိုင်မြို.လေးကိုချစ်သည်။ဘယ်ဆီပဲရောက်ရောက်ကိုယ့်မြို.လေးကိုပြန်ရောက်လျှင်ပျော်ရွှင်ရသည်။

 အေးချမ်းသောမြို.လေး၊ရိုးရှင်းသောမြို.လေး.................

 ပန်းတွေလှိုင်သောမလှိုင်မြို.လေး............................