ကျွန်တော့်ဆီကို အဆေင်နေပြီး ကျောင်းတက်နေကြသော ကျောင်းသူအချို့ က အများနှင့် ချစ်ခင် ရင်းနှီး အောင် ဘယ်လိုနေရမလဲ
ဟု အကြံဥာဏ်တောင်း ကြသည်။
ကျွန်တော်က ကဗျာတစ်ပုဒ်ရေးပေးလိုက်ပါသည်။
- ကိုယ်နှင့်အတူရှိနေစဉ်မှာ
- ကိုယ့်ကိုချစ်ခင်ပါစေ။
- ခွဲခွာသွားတဲ့အခါ
- ကိုယ့်ကိုနှမြေတသရှိပါစေ။
ထိုကဗျာသည်ဝစီပိတ်ဆရာတော် ၏ ကဗျာ
ဖြစ်ပါသည်။
ကျွန်တော်က ကြိုက်သဖြင့် ခွင့်တောင်းပြီး သုံးလိုက်ရခြင်းဖြစ်ပါသည်။
ဘာကြောင့်ကြိုက်ရသလဲ ဆိုရင် ထိုကဗျာသည်
သဘာဝ သဘော၊ ဓမ္မ သဘော သက်ဝင်ပြီး ဘ၀တစ်ခု လုံး ကို ဘယ်လို နေထိုင်ရန် ပီပီသသ ညွှန်ပြ ထားသောကြောင့်ဖြစ်ပါသည်။
ကဗျာ ပထမပိုဒ်ကို သေသေချာချာ ဖတ်ကြည့်ပါ။
- ကိုယ်နှင့်အတူ
ရှိနေစဉ်မှာ
ကိုယ့်ကိုချစ်ခင်ပါစေ။
အတူတူ ရှိနေကြသူချင်း ကိုယ့်ကိုအလိုလိုနေရင်း ချစ်ခင်ဖို့ ဆိုသည်မှာ လွယ် သည့် ကိစ္စမဟုတ် ပါ။ ကိုယ့်မှာ လူတွေချစ်
ခင်စေလိုသော
ချစ်မွေး ပါတာမျိုး ဆိုလျှင်တော့ အထွေအထူး လုပ်စရာ မလိုပါ။ အများက အလိုလို ချစ်စေလိုပါသည်။
သို့သော် ကိုယ်နှင့် အတူရှိနေသူ အားလုံး ချစ်ခင်စေဖို့တော့
မလွယ်။
ကိုယ်နှင့်အတူ ရှိနေသူတွေ ချစ်ခင်ဖို့ ကတော့ စိတ်ရင်းကောင်း
ပြီး
အများကို ကူညီတတ်သူ ဖြစ်ဖို့လိုသည်။ လူတွေကို စာနာနားလည်
ခွင့်လွှတ် တတ်ပြီး
အပြစ်မမြင် မတ်တတ်သူ မျိုး ဖြစ်ဖို့ လို သည်။
ကိုယ့်အပေါ် အပြစ်တင် အပြစ်မြင်ပြီး ရန်စကား
ပြောလာခဲ့လျှင်လည်း
ပြုံးပြုံးလေး နှင့် သည်းခံခွင့်လွှတ်
တတ်သူမျိုး
ဖြစ်ဖို့လို၏ ။
ထိုသူမျိုးကိုလူတွေချစ်တတ်၏ ။ လူတွေနဲ့ အတူ နေစဉ်တွင် လူတွေ
ချစ်ခင်အောင်
နေတတ်ပါစေ။ ထိုကဲ့သို့သော
ချစ်ခင်စရာ
ကောင်းသူမျိုး ခွဲခွာသွားသည့်အခါ လွမ်းဆွတ် စရာတွေ ကျန်နေတတ်၏။
တစ်ယောက်နှင့်တစ်ယောက်
နှစ်အကြာ ကြီးနေ ပြီးကာမှ ခွဲခွာ
သွား၍ လွမ်းစရာ မရှိ လျှင် လွမ်းဆွတ် သတိရစရာ အကြောင်းမရှိဘူးဆိုလျှင် ကြေကွဲဖို့
ကောင်းပါ သည်။ ဘာပဲဖြစ်ဖြစ်
ကိုယ်နှင့် နေသူတွေ
ကိုယ့်ကို လွမ်းဆွတ်
သတိရအောင် နေထိုင်
သင့်ပါ၏ ။
No comments:
Post a Comment