ခွင့်လွှတ်ခြင်းအနုပညာသည်
တစ်စုံတစ်ဦးကို ခွင့်လွှတ်သောအခါတွင် စတင်ပေသည်။
ခွင့်လွှတ်ခြင်းသည် အံ့ဖွယ်အပြောင်းအလဲကို ဖြစ်စေသည်။
လင်ကွန်းအား သူ့ရန်သူများကို
အဘယ်ကြောင့် မဖျက်ဆီးသနည်းဟု မေးသောအခါ
လင်ကွန်းကကျွန်တော့်အနေနဲ့ ကျွန်တော့်ရန်သူတွေကို
မိတ်ဆွေဖြစ်အောင် လုပ်နိုင်ရင်
အဲဒါ သူတို့ကို ဖျက်ဆီးလိုက်တာပဲ မဟုတ်ဘူးလား ဟုပြန်ဖြေပါသည်။
ခွင့်လွှတ်သောအခါ သင်သည်
သင့်ကိုယ်သင်လည်း ပြောင်းလဲစေပါသည်။
ရှေးဦးစွာ ကိုယ့်အပေါ်နှင့် သူတစ်ပါးအပေါ်
ကိုယ်ပြုခဲ့သော အမှားများအတွက် ကိုယ့်ကိုယ်ကို ခွင့်လွှတ်သင့်ပါသည်။
ထို့နောက် သင့်ဘဝတာ၌
သင့်အပေါ်တွင် အမှားပြုခဲ့သူများအားလုံးကို ခွင့်လွှတ်ပြီး မေတ္တာပို့သင့်ပါသည်။
ဤသို့ဖြင့် သင်သည် သူတစ်ပါးကို
လွတ်ငြိမ်းခွင့်ပေးပြီး ကိုယ့်ကိုယ်ကိုလည်း လွတ်ငြိမ်းခွင့်ပေးလိုက်ပါသည်။
သင့်ကို နှောင်ဖွဲ့နေသည့် နောင်တတစ်ဖန်
ပူပန်ရခြင်း သံကြိုးကိုလည်း ချိုးဖျက်လိုက်ပါသည်။
အတိတ်၏ ဝန်ထုပ် ဝန်ပိုးမှ သင်၏ စိတ်ကို
လွတ်မြောက်စေပြီ ဖြစ်၍ သင်သည် အနာဂတ်သို့
အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပြီ ဖြစ်ပါသည်။
ခွင့်လွှတ်ခြင်းသည် နှစ်နည်း နှစ်လမ်းအားဖြင့် အကျိုးရှိပါသည်.
ခွင့်လွှတ်ခြင်းကို ခံရဖို့ ကိုယ်ကလည်း ခွင့်လွှတ်ရပေမည်။
သူတစ်ပါးကို ခွင့်မလွှတ်နိုင်သူသည်
ကိုယ်ကိုယ်တိုင် ဖြတ်သန်းရမည့် တံတားကို ချိုးဖျက်ပစ်သူ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
လူတိုင်း ခွင့်လွှတ်မှုကို ခံယူလိုသောကြောင့် ဖြစ်သည် ဟု
အက်ဝပ်ဟားဗက်ကဆိုခဲ့ပါသည်။
ခွင့်လွှတ်ခြင်းသည် အကျင့်ဖြစ်သင့်ပါသည်။
အကန့်အသတ် အတိုင်းအတာမဲ့ ခွင့်လွှတ်တတ်သူသည်
မည်သည့်အခါမျှ မမုန်းတတ်ပါ။
ခွင့်လွှတ်ခြင်းကို ယခုပင် စတင်သင့်ပါသည်။
ခွင့်လွှတ်ဖို့ အချိန်ဆွဲခြင်းမှာ ဒဏ်ရာကို ပို၍နက်စေပါသည်။
ခါးသည်းမှုကို ဖက်တွယ်ထားခြင်းသည် ပျော်ရွှင်မှုကို ရွှေ့ဆိုင်းရာရောက်ပါသည်။
ဘဝက တိုတောင်းပါသည်။
အချိန်က အလျင်အမြန်ကုန်ဆုံးလျက်ရှိသည်
။ ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန်နေ့မှာ ယနေ့ပင်ဖြစ်ပါသည်။
ခွင့်လွှတ်ခြင်းသည် တစ်ကိုယ်ရည် ငြိမ်းချမ်းရေးသို့ ရှေးရှုရာလမ်း ဖြစ်ပါသည်။
ခွင့်လွှတ်ခြင်းဆိုသည်မှာ
မိမိ၏ စိတ်အတွင်းသို့ နက်နက်ထိုးနှိုက်၍
စိတ်အနာတရ ဖြစ်မှုများ၊ အငြိုးဖွဲ့မှုများ၊ နာကျည်းမှုများကို
ဖယ်ရှားပစ်သည့် စိတ်ကို ခွဲစိတ်မှု ဖြစ်ပါသည်။
ခွင့်လွှတ်ခြင်းဆိုသည်မှာ
သင် ဘယ်တုန်းကမှ မသိခဲ့သော
တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။
No comments:
Post a Comment