I first heard this story a few years ago from a girl I had met in New York's Greenwich Village. Probably the story is one of those mysterious bits of folklore that reappear every few years, to be told a new in one form or another. However, I still like to think that it really did happen, somewhere, sometime.
လွန်ခဲ့တဲ့နှစ်အနည်းငယ်က New Yorkရဲ့ Greenwich Villageမှာ တွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ဆီကနေ ဒီပုံပြင်ကို ကျွန်မ ပထမဦးဆုံးကြားခဲ့တယ်။ ပုံပြင်က နှစ်အနည်းငယ်အတွင်းမှာ အသွင်တစ်မျိုးပြောင်းပြီး ပုံပြင်သစ်အဖြစ်နဲ့ လူတွေကြားမှာ ပြန်ပြန့်နှံ့နေပုံရတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ တစ်နေရာရာမှာ တချိန်ချိန်တုန်းက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ထားတယ်။
They were going to Fort Lauderdale three boys and three girls and when they boarded the bus, they were carrying sandwiches and wine in paper bags, dreaming of golden beaches as the gray cold of New York vanished behind them.
ယောက်ျားလေး(၃)ယောက်နဲ့ မိန်းကလေး(၃)ယောက် သူတို့ဟာ ဆန်းဝစ်(ခ်ျ)၊ ဝိုင်ပုလင်းထည့်ထားတဲ့ စက္ကူအိတ်နဲ့ Floridaမှာရှိတဲ့ Fort Lauderdaleမြို့ကို ဘတ်စ်ကားစီးပြီး သွားနေကြတယ်။ သူတို့ရဲ့ဦးတည်ရာက ရွှေရောင်လက်လက်ထနေတဲ့ ပင်လယ်ကမ်းစပ်ဆီဖြစ်တယ်။ သူတို့ဟာ နယူးယောက်ရဲ့ မွဲခြောက်ခြောက် အေးစက်စက်ရာသီဥတုကို ကျောခိုင်းလာခဲ့ကြတယ်။
As the bus passed through New Jersey, they began to notice Vingo. He sat in front of them, dressed in a plain, ill-fitting suit, never moving, his dusty face masking his age. He kept chewing the inside of his lip a lot, frozen into some personal cocoon of silence.
New Jerseyကိုကားဖြတ်ချိန် သူတို့ရှေ့မှာထိုင်နေတဲ့ Vingoလို့ခေါ်တဲ့ လူတစ်ဦးကို သူတို့ စသတိထားမိလိုက်ကြတယ်။ Vingoက ရိုးရိုးသာမန်ကိုယ်ကျပ်အင်္ကျီကို မလိုက်မဖက် ဝတ်ဆင်ထားပြီး ထိုင်နေရာက မလှုပ်ခဲ့ဘူး။ မျက်နှာပေါ်တင်နေတဲ့ ဖုန်မှုန်သဲမှုန်တွေက သူ့ရဲ့နဂိုအသက်အရွယ်ကို ဖုံးအုပ်ထားတယ်။ အောက်နှုတ်ခမ်းကို အဆက်မပြတ်ကိုက်ရင်း အတွေးအိမ်ထဲ သူနစ်မွန်းနေခဲ့တယ်။
Deep into the night, outside Washington, the bus pulled into Howard Johnson's, and everybody got off except Vingo. He sat rooted in his seat, and the young people began to wonder about him, trying to imagine his life: perhaps he was a sea captain, a runaway from his wife, an old soldier going home. When they went back to the bus, one of the girls sat beside him and introduced herself.
Washington ရောက်တော့ ညနက်နေခဲ့ပြီ။ Howard Johnson's စားသောက်ဆိုင်ရှေ့မှာ ကားရပ်တော့ Vingoကလွဲပြီး ကားပေါ်က လူတွေအားလုံး ဆင်းကုန်ကြတယ်။ Vingoတစ်ယောက် နေရာမှာတင် ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့တယ်။ ကားပေါ်က လူငယ်တွေအားလုံး သူ့ကို စိတ်ဝင်တစားဖြစ်လာကြပြီး သူ့အကြောင်းကို ခန့်မှန်းလာကြတယ်။ သူဟာ သဘောင်္ကပ္ပတိန်ဖြစ်မယ်၊ သူဟာ အိမ်ကနေ ထွက်ပြေးလာသူဖြစ်မယ်၊ ဒါမှမဟုတ် သူဟာ အိမ်ကိုပြန်ခိုနားတဲ့ စစ်သည်အိုတစ်ယောက်ဖြစ်မယ်။ ကားပေါ်ပြန်ရောက်တော့ သူတို့ထဲက မိန်းကလေးတစ်ယောက်က Vingoဘေးနား ဝင်ထိုင်ပြီး သူ့ကိုယ်သူ စမိတ်ဆက်လိုက်တယ်။
“We're going to Florida,” she said brightly.“ I hear it's really beautiful.”
"ကျွန်မတို့ ဖလော်ရီတာကို သွားမလို့ပါ" မိန်းကလေးက သွက်သွက်လက်လက် ပြောတယ်။ " အဲဒီနေရာက အရမ်းလှတယ်လို့ ကျွန်မသိထားတယ်"
“It is, ” he said quietly, as if remembering something he had tried to forget.
"ဟုတ်တယ်" သူ ညင်ညင်သာသာပြန်ဖြေတယ်။ မေ့ထားတဲ့အရာတချို့ကို သူစသတိရလိုက်သလိုပါပဲ။
“Want some wine?” she said. He smiled and took a swig. He thanked her and retreated again into his silence. After a while, she went back to the others, and Vingo nodded in sleep.
"ဝိုင်သောက်ပါဦး!" မိန်းကလေးက ဆိုတော့ ခပ်ပြုံးပြုံးနဲ့ ဝိုင်ကို သူတစ်ကြိုက်မော့ချလိုက်တယ်။ ကျေးဇူးတင်ကြောင်း တစ်ခွန်းပြောပြီး သူငြိမ်သက်သွားပြန်တယ်။ တအောင့်နေတော့ မိန်းကလေးက သူ့အဖော်တွေဆီ ပြန်ရောက်လာတယ်။ Vingoက ခေါင်းငိုက်စိုက်နဲ့ အိပ်ပျော်နေခဲ့တယ်။
In the morning, they awoke outside another Howard Johnson's,and this time Vingo went in. The girl insisted that he join them. He seemed very shy, and ordered black coffee and smoked nervously as the young people chattered about sleeping on beaches. When they returned to the bus, the girl sat with Vingo again, and after a while, slowly and painfully, he told his story. He had been in jail in New York for the past four years, and now he was going home.
မနက် သူတို့နှိုးလာတဲ့အချိန် ကားက Howard Johnson'sရဲ့ နောက်ဆိုင်ခွဲတစ်ဆိုင်ရှေ့မှာ ရပ်နေခဲ့တယ်။ ဒီတစ်ခါ Vingoလည်း စားသောက်ဆိုင်ထဲ လိုက်ဝင်ခဲ့တယ်။ မိန်းကလေးက သူတို့အဖွဲ့နဲ့ပေါင်းဖို့ Vingoကို ဇွတ်အတင်းခေါ်တယ်။ သူကြည့်ရတာ ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ အဲဒီလူငယ်တစ်စု ကမ်းခြေမှာ ဘယ်လိုအိပ်စက်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးနေချိန်မှာ Vingoဟာ သူတစ်ယောက်ထဲ ဘလက်ခ်ကော်ဖီသောက်ရင်း ဂနာမငြိမ်စွာနဲ့ ဆေးလိပ်ကို အဆက်မပြတ်ဖွာနေခဲ့တယ်။ သူတို့အားလုံး ကားပေါ်ရောက်ချိန် အစောနားက မိန်းကလေးက Vingoဘေးနား ဝင်ထိုင်ပြန်တယ်။ တအောင့်ကြာမှ Vingo က သူ့အကြောင်းကို လေးလေးသွဲ့သွဲ့၊ နာနာကျင်ကျင်နဲ့ ပြောပြတယ်။ နယူးယောက်ထောင်ထဲမှာ သူ(၄)နှစ်ကြာ အချုပ်ကျခံခဲ့ရတယ်။ အခု ထောင်က သူလွတ်လာပြီး အိမ်ပြန်မှာဖြစ်တယ်။
“Are you married?”
"ရှင် အိမ်ထောင်နဲ့လား?"
“I don't know.”
"ကျုပ် မသိဘူး"
“You don't know?” she said.
"ရှင် မသိဘူး?" မိန်းကလေးက တအံ့တသြဆိုတယ်။
“Well, when I was in jail I wrote to my wife,” he said. “ I told her that I was going to be away a long time, and that if she couldn't stand it, if the kids kept asking questions, if it hurt too much, well, she could just forget me, I'd understand. Get a new guy, I said she‘s a wonderful woman,really somethin gand forget about me. I told her she didn't have to write me for nothing. And she didn't. Not for three and a half years.”
"ဟုတ်တယ်.. ဒီလိုပါ ထောင်ထဲမှာတုန်းက ကျုပ်မိန်းမဆီ ကျုပ်စာတစ်စောင်ရေးခဲ့တယ်။ အဝေးကို ကျုပ်အချိန်တော်တော်ကြာ သွားမယ်ဆိုတဲ့အကြောင်း တကယ်လို့ ဒါကို သူသည်းမခံနိုင်ဘူးဆိုရင်၊ တကယ်လို့ ကလေးတွေက လိုက်လိုက်မေးခဲ့ရင်၊ တကယ်လို့ သူအရမ်းနာကျင်ခံစားခဲ့ရရင် ကျုပ်ကို သူမေ့ပစ်နိုင်တယ်။ ဒါကို ကျုပ်နားလည်ပေးတယ်။ သူ့ကို နောက်တစ်ယောက်ရှာယူပါလို့ ကျုပ်ပြောခဲ့တယ်။ သူဟာ မိန်းမကောင်းတစ်ဦးဆိုတာ ကျုပ်သိတယ်။ ကျုပ်ကိုမေ့လိုက်ဖို့၊ ကျုပ်ဆီပြန်စာမရေးဖို့ သူ့ကိုကျုပ်ပြောခဲ့တယ်။ သူလည်း ကျုပ်ဆီ ပြန်စာမရေးခဲ့ပါဘူး။ သူ့သတင်း ကျုပ်မကြားခဲ့တာ သုံးနှစ်နဲ့ ၆လရှိခဲ့ပါပြီ"
“And you're going home now, not knowing?”
"ဘာမှမသိဘဲ ရှင်ဒီအတိုင်း အိမ်ပြန်မလို့လား?"
“Yeah,” he said shyly. “ Well, last week, when I was sure the parole was coming through, I wrote her again. We used to live in Brunswick, just before Jacksonville, and there's a big oak tree just as you come into town. I told her that if she'd take me back, she should put a yellow handkerchief on the tree, and I'd get off and come home. If she didn't want me, forget it no handkerchief, and I'd go on through.”
"အဲဒီလိုလဲ မဟုတ်ဘူး" ရှက်ကိုးရှက်ကန်းနဲ့ သူဖြေတယ်။ "အရင်တစ်ပတ်က ထောင်ကလွတ်ဖို့ အကြောင်းကြားစာရတော့ သူ့ဆီ ကျုပ်စာတစ်စောင် ရေးလိုက်သေးတယ်။ Jacksonvilleမရောက်ခင် Brunswickမှာ အရင်က ကျုပ်တို့နေခဲ့တယ်။ အဲဒီမြို့အဝင်လမ်းမဘေးမှာ ဝက်သစ်ချပင်ကြီးတစ်ပင်ရှိတယ်။ တကယ်လို့ ကျုပ်ပြန်လာတာကို သူကြိုဆိုခဲ့ရင် ဝက်သစ်ချပင်ပေါ်မှာ ဖဲကြိုးဝါလေးတစ်ခုစည်းထားဖို့ သူ့ကို ကျုပ်ပြောခဲ့တယ်။ ဒီလိုဆိုရင် ကျုပ်အိမ်ပြန်မယ်ပေါ့။ တကယ်လို့ ကျုပ်ကို သူအလိုမရှိဘူးဆိုရင် ဒီကိစ္စကို မေ့ထားလိုက်ပါ။ ဖဲကြိုးဝါကို မမြင်ခဲ့ရင် ကျုပ်ကားပေါ်က မဆင်းတော့ဘူး"
“Wow,” the girl exclaimed. “Wow.”
"အော်.. အဲဒီလိုလား?" မိန်းကလေး အံ့အားတသင့်နဲ့ အာမေဍ္ဍိတ်သံပြုတယ်။
She told the others, and soon all of them were in it, caught up in the approach of Brunswick, looking at the pictures Vingo showed them of his wife and three children. The woman was handsome in a plain way, the children still unformed in the much-handled snapshots.
မိန်းကလေးက သူ့အပေါင်းအဖော်တွေကိုလည်း ဒီအကြောင်းပြောပြလိုက်တယ်။ ဒီလိုနဲ့ Brunswickကိုရောက်ဖို့ သူတို့ဆန္ဒစောနေခဲ့ကြတယ်။ Vingoက သူတို့ကို သူ့ဇနီးနဲ့ကလေးသုံးယောက်ရဲ့ ဓာတ်ပုံပြတယ်။ ဓာတ်ပုံထဲမှာ ရိုးရှင်းလှပတဲ့ အမျိုးသမီးတစ်ဦးနဲ့ လူမမယ်ကလေးသုံးယောက် ဓာတ်ပုံကကိုင်လွန်းလို့ လက်အရာတွေနဲ့ ဟောင်းနွမ်းနေခဲ့တယ်။
Now they were 20 miles from Brunswick, and the young people took over window seats on the right side, waiting for the approach of the great oak tree. The bus acquired a dark, hushed mood, full of the silence of absence and lost years. Vingo stopped looking, tightening his face into the ex-con's mask, as if fortifying himself against still another disappointment.
အခု Brunswickနဲ့ မိုင်၂ဝအကွာမှာ သူတို့ရောက်နေခဲ့တယ်။ လူငယ်တစ်သိုက်က ကားရဲ့ညာဖက် ပြတင်းဘေးမှာ နေရာယူလိုက်ကြပြီး ဝက်သစ်ချပင်ကြီး ပေါ်ထွက်အလာကို သူတို့စောင့်စားနေခဲ့ကြတယ်။ ကားထဲမှာ ပိန်းပိတ်ငြိမ်သက်လို့ ဆုံးရှုံးခဲ့တဲ့နေ့ရက်တွေရဲ့ လေးပင်တဲ့ အသက်အငွေ့နဲ့ ပြည့်နေခဲ့တယ်။ Vingo ခေါင်းငုံ့လိုက်တယ်။ အကျဉ်းသားတို့ရှိအပ်တဲ့ စိုးရိမ်ပူပန်တဲ့ အသွင်အပြင်နဲ့ အပြင်ဘက်ကို သူမကြည့်ရဲခဲ့ဘူး။ သူုကြည့်ရတာ နောက်တစ်ကြိမ် ထိခိုက်ခံစားရမှာကို ကြိုတင်အခိုင်အခံ့ လုပ်ထားပုံရတယ်။
Then Brunswick was ten miles, and then five. Then,suddenly, all of the young people were up out of their seats, screaming and shouting and crying, doing small dances of joy. All except Vingo.
Brunswickရောက်ဖို့ ၁ဝမိုင်ပဲလိုတော့တယ်။ ၅ မိုင်ပဲလိုတော့တယ်။ ရုတ်တရက် လူငယ်တစ်သိုက် ထိုင်နေရာက ထခုန်ပြီး အော်ကြတယ်။ ပျော်လွန်းလို့ ခြေလက်မြှောက်ပြီး အားလုံး ကခုန်နေကြတယ်။ Vingoကလွဲလို့ပေါ့။
Vingo sat there stunned, looking at the oak tree. It was covered with yellow handkerchiefs20 of them, 30 of them, maybe hundreds, a tree that stood like a banner of welcome billowing in the wind. As the young people shouted, the old con rose and made his way to the front of the bus to go home.
Vingoတစ်ယောက် နေရာကမထဘဲ ဝက်သစ်ချပင်ကို ငေးကြောင်ကြည့်နေတယ်။ ဝက်သစ်ချပင်ပေါ်မှာ ဖဲကြိုးဝါတွေနဲ့ ပြည့်နေတယ်။ ၂ဝခု၊ ၃ဝခု ကြည့်ရတာ ဖဲကြိုးဝါတွေ အခု ၁ဝဝကျော်ရှိမယ်။ သစ်ပင်ကြီးဟာ နေရာမှာတင်ရပ်ပြီး အလံပြကြိုဆိုသလို လေထဲမှာ တလူလူလွင့်နေခဲ့တယ်။ လူငယ်တစ်သိုက်ရဲ့ ပျော်ရွှင်မြူးတူးသံကြားမှာ အကျဉ်းကျခံခဲ့ရသူဟာ ထရပ်ပြီး ကားရှေ့တံခါးဘက်ဆီ လျှောက်သွားလိုက်တယ်။ အဲဒီနောက် နေအိမ်ဘက်ကို သူဦးတည်လိုက်ပါတော့တယ်။
Tie a yellow ribbon 'round ol' Oak tree - Tony Orlando (သီချင်းလင့်လေးပါ)
http://www.youtube.com/watch?v=rBL2kzKg4nY&feature=related
***ဒီပုံပြင်ကို စာအဖြစ်ဖတ်ခဲ့ကြဖူးသလို သီချင်းအဖြစ်နဲ့လည်း နားထောင်ခဲ့ဖူးကြမှာပါ။ ပုံပြင်က ဟောင်းနွမ်းနေပေမယ့် ခံစားချက်တွေက သစ်လွင်နေလို့ ဘာသာပြန်လိုက်ပါတယ်။ တရုတ်ကနေ ဘာသာပြန်ထားတာမို့ အင်္ဂလိပ်ဘက်မှာ အမှားပါရင် ပြင်ဆင်ပေးကြပါလို့ ...
No comments:
Post a Comment