Pages

Friday, February 17, 2012

အထက်တန်းစား


အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာများ

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
၃။ကောတုဟတ မင်္ဂလာကိုမယုံကြည်ခြင်း
၎။လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်၏။

အညံ့စားဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာများ

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလမရှိခြင်း
၃။ကောတုဟတ မင်္ဂလာကိုယုံကြည်ခြင်း
၎။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်သည်။

မကောင်းတဲ့စိတ်ထားဟာ ပိုင်ရှင်ကို လူယုတ်မာ၊ လူ့အောက်တန်းစားဖြစ်အောင် ပြုတတ်ပါတယ်။ ကောင်းတဲ့စိတ်ထားကတော့ သူတော်ကောင်း၊ အထက်တန်းစားဖြစ်အောင် ပြုပေးပါတယ်။ ဒီတော့ လူ့လောကမှာ လက်ခံသုံးစွဲနေကြတဲ့ အထက်တန်းစား၊ အောက်တန်းစားဆိုတဲ့ အသုံးအနှုန်း တွေအတွက် မိမိစိတ်ကို ကောင်းအောင်ထားနိုင်ခြင်း ရှိ၊ မရှိ ပေတံနဲ့ တိုင်းတာသတ်မှတ်မှသာလျှင် တိကျမှန်ကန်နိုင်ပါမယ်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုပေါ် မူတည်ပြီး သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန အကုသိုလ်စိတ်တွေကို ထိန်းသိမ်းပြီး ကောင်းတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကုသိုလ်စိတ်တွေ ပွါးများနိုင်ပါမှ အထက်တန်းစား လူကြီးလူကောင်းတွေ ဖြစ်ပါမယ်။

မိမိတို့ လျှောက်လှမ်းနေတဲ့လမ်းက အဆင်းလမ်း၊ အတက်လမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ့်စိတ်ကိုယ် အထိန်းအကွပ်မရှိ သတိလက်လွတ် လွှတ်ထားလို့ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ဟာ ပြုထားသူကို အမြဲတမ်း အောက်တန်းကိုပဲ တွန်းပို့ပါတယ်။ မိမိစိတ်ကို ကောင်းအောင်ထားနိုင်စွမ်းရှိလို့ ပေါ်ပေါက်လာတဲ့ ကုသိုလ်တွေကတော့ ပိုင်ရှင်ကို အထက်တန်းကိုချည်း ဆွဲတင်ပါတယ်။ လက်သည်းခွံပေါ်က မြေမှုန့်နဲ့ မဟာပထ၀ီမြေကြီးကို နှိုင်းစာကြည့်ရင် ပမာဏ အလွန့်အလွန် ကွာခြားသလို တက်သူနဲ့ ဆင်းသူများဟာလည်း မြေမှုန့်နဲ့ မြေကြီးလိုပါပဲ။ မနှိုင်းယှဉ်သာအောင် ကွာခြားလွန်းလှပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ စိတ်ကိုထိန်းချုပ်ရတာထက် လွတ်လပ်ရတာက ပိုသက်သာတယ်ဆိုပြီး ခဏတာ ချမ်းသာကိုကြည့်ပြီး အဆင်းလမ်းကို ရဲရဲကြီးဆင်းနေကြမိလို့ပါ။ အဆင်းရဲလွန်းလို့ ဆင်းရဲတဲ့သူ များရတာပါ။

အထက်တန်းကို ရောက်ဖို့ဆိုတာ လျှောဆင်းလိုက်သလိုတော့ မလွယ်ပါဘူး။ တမင်ကို ကြိုးစားအားထုတ်ပြီး တက်နိုင်ပါမှ ရောက်နိုင်ပါတယ်။ ဒါတောင် တစ်လှမ်းစာပဲ အားထုတ်တက်ရင် တစ်လှမ်းစာပဲ ရောက်ပါမယ်။ ကိုယ့်စိတ်ကိုယ် သတိကပ်ပြီး ကုသိုလ်ဖြစ်အောင် ထားနိုင်ပါမှ အထက်ကို တက်နေတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နေ့ တစ်နေ့ အမှုမဲ့ အမှတ်မဲ့ပဲ အချိန်တွေ ကုန်သွားပါတယ်။ ကုသိုလ်ကောင်းမှုလည်း ထူးမလုပ်မိပါဘူး။ အကုသိုလ်ရယ်လို့လည်း မယ်မယ်ရရ မရှိပါဘူးလို့ ဆိုလာသူများကတော့ တစ်လှမ်းချင်း ဆင်းနေသူတွေပါ။ မိုးလင်းကမိုးချုပ် လောဘဇော၊ ဒေါသဇော၊ မောဟဇောတိုက်ပြီး ကိုယ့်လောကီကိစ္စတွေကလွဲလို့ ဘာကိုမှ သတိမရသူများကတော့ အားရပါးရကြီးကို လျှောဆင်းနေကြတာပါ။ မိမိတို့လည်း တစ်နေကုန်မှာ ဘယ်နှစ်လှမ်းလောက် တက်မိလို့ ဘယ်နှစ်လှမ်းလောက်များ ဆင်းမိနေကြပါလိမ့်။

လောကမှာ ပွဲလမ်းသဘင် အခမ်းအနား တက်တော့မယ်ဆိုရင် ပရိသတ်အလယ်မှာ သိက္ခာရှိရှိ ၀င်ဆန့်တဲ့ အထက်တန်းစား လူရည်သန့်တစ်ယောက် ဖြစ်စေဖို့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် မှန်ထဲမှာ ကြည့်ရှုပြင်ဆင်၊ ၀တ်ပုံစားပုံ အချိုးကျ၊မကျ သေချာဆင်ခြင်သလို မိမိရဲ့ သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိတွေကို အကောင်းဆုံးဖြစ်အောင် ပညာမှန်ထဲမှာ ကြည့်ရှုပြင်ဆင်၊ ကာယကံ၊ ၀စီကံ၊ မနောကံတွေ အချိုးကျ၊မကျ သေချာဆင်ခြင်ပြီးမှ သံသရာပွဲလမ်း အခမ်းအနား တက်မယ်ဆိုရင်တော့ အထက်တန်းစား ဘ၀ပိုင်ရှင်ချည်းပဲ ဖြစ်ရမှာပါ။

''
သိကားသိ၏၊ မကျင့်မိ'' မဖြစ်စေဘဲ အထက်တန်းစား ပုဂ္ဂိုလ်များဖြစ်အောင် ဓမ္မသတိဖြင့် စွမ်းဆောင်ကျင့်နိုင်ကြပါစေ။

အထက်တန်းစား


'အထက်တန်းစား' ဆိုတာ လူနေမှုအဆင့်တန်းမြင့်မားတာထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားတာကို ဆိုလိုပါတယ်...

လောကမှာ လူရယ်လို့ဖြစ်လာပီဆိုရင် လောကဓံရဲ့ အခက်ခဲတွေကို ရင်ဆိုင်ရမှာပါပဲ...အဲ့ဒီလို ရင်ဆိုင်တဲ့အခါမှာ တကယ်တန်းလိုအပ်တာကတော့ စိတ်ဓါတ် အထက်တန်းကျဖို့ပါပဲ...လူတစ်ယောက်ရဲ့ ဘ၀မှာအဲ့ဒီ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့ဒီလူ ရဲ့ စိတ်ဓါတ်နဲ့ လုပ်ဆောင်မှုတွေကပဲ တန်ဖိုးဖြတ်ပေးနိုင်ပါတယ်...အဲ့ဒီတော့ ကိုယ့်တန်ဖိုးကို ကိုကိုယ်တိုင် မြှင့်တင်နိုင်အောင် စိတ်ဓါတ်လေးတွေကို အထက်တန်းစား စိတ်ဓါတ်ဖြစ်အောင်မွေးမြူစေချင်ပါတယ်ဗျာ ... ...

ဘာရယ်မဟုတ်ပါဘူး... တွေးကြည့်မိတာလေးတွေပါ...

လူတစ်ယောက်ကို အဆင့်အတန်း ခွဲတဲ့အခါ ဘာတွေကို ကြည့်ပြီး ခွဲကြသလဲ။ သူ စီးတဲ့ ကားကို ကြည့်ပြီး ခွဲပါသလား။ သူ ၀တ်တဲ့ အ၀တ်အစားတွေကို ကြည့်ပြီး ခွဲပါသလား။ သူ ကိုင်တဲ့ ဖုန်းကို ကြည့်ပြီး ခွဲပါသလား။ သူ နေတဲ့ ရပ်ကွက်၊ လမ်းကို ကြည့်ပြီး ခွဲပါသလား။

ကျွန်မစိတ်ထဲမှာတော့ အထက်တန်းစား နဲ့ အောက်တန်းစား နှစ်မျိုးပဲ ခွဲထားတယ်။ အထက်တန်းစား ဆိုတာ ပိုက်ဆံမရှိပေမယ့် စိတ်ထားကောင်းတဲ့သူ၊ လမ်းမှာကူညီစရာ တွေ့ရင် ဒီအတိုင်း ကြည့်မနေပဲ ကူညီတတ်တဲ့သူ၊ လူကသာ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေမယ်.. စိတ်ထားက ထိပ်တန်းမှာ ရောက်နေတဲ့သူမျိုးပေါ့... အောက်တန်းစား ဆိုတာကတော့ ရှင်းပါတယ်။ အတ္တတရား ကြီးမားတဲ့သူတွေ၊ ကိုယ်တိုင်က ကားအကောင်းကြီးတွေ စီးနေပေမယ့် လမ်းမှာ အမှိုက်ပစ်တယ်... ကွမ်းတံတွေး ထွေးတဲ့လူတွေ၊ ကိုယ်တိုင်က ဖြစ်ဖြစ် မြောက်မြောက် လုပ်မယ် စိတ်ကူးမရှိဘူး... တခြားသူတွေကို လိုက်ပြီး အပြစ်တွေတင်၊ သူ့တို့ကြောင့်... သူတို့ကြောင့် ဆိုပြီး လိုက်လက်ညှိုးထိုးနေတတ်သူတွေ၊ ပိုက်ဆံ ရှိတယ်ဆိုပြီး မောက်မောက်မာမာ ဆက်ဆံတတ်သူတွေ... အများကြီးပါပဲ။

ပိုက်ဆံရှိတိုင်း အထက်တန်းစား လူ မဖြစ်ပါဘူး။ ပိုက်ဆံတွေ အများကြီး ရှိပေမယ့် ဒီ ပိုက်ဆံတွေဟာ ဘယ်သူတွေကို လည်ပင်းညှစ်ပြီး ယူခဲ့သလဲ... ဒီ ပိုက်ဆံရဖို့အတွက် ဘယ်သူတွေ မျက်ရည်တွေ ကျခဲ့သလဲ။ လူတွေကို အညွှန့်တုံးအောင် ဘိန်းတွေ လိုက်ရောင်းပြီး ချမ်းသာနေတဲ့ ဘိန်းသူဌေးတွေ၊ နိုင်ငံပိုင်၊ ပြည်သူပိုင် ပိုက်ဆံတွေကို ကိုယ့်အိပ်ကပ်ထဲ ထည့်ပြီး ချမ်းသာနေတဲ့ သူတွေ... ဒီလိုမျိုး ပိုက်ဆံတွေနဲ့ ချမ်းသာနေတဲ့သူတွေကို အားမကျမိပါဘူး။ ကျွန်မကို အခုချက်ချင်း ဒီ ပိုက်ဆံတွေ အပုံလိုက်ကြီး လာပေးလည်း ကျွန်မ မယူချင်ပါဘူး။ ကျွန်မဘာသာ ကျွန်မ သမာအာဇီဝ နည်းလမ်းတွေနဲ့ ရထားတဲ့ ပိုက်ဆံတွေပဲ မက်မောပါတယ်။ ဒီလို ပိုက်ဆံတွေကိုပဲ သုံးချင်ပါတယ်။

ကျွန်မလို လူတစ်ယောက်ကို ပေတံတစ်ခုနဲ့ တိုင်းတာပြီး အဆင့်အတန်းခွဲမယ်ဆိုရင်... ကျွန်မ ဘယ်နေရာမှာ ရှိနေမလဲ.. သိချင်မိပါတယ်။ ဘယ်လို ပေတံနဲ့ တိုင်းတာမလဲ သိချင်မိပါတယ်။

အသက်ကြီးပြီး အချိန်မစီးသူ () ယောက်
(
) မပြောသင့်သော အခါ၌ ပြောတတ်သောသူ တစ်ယောက်။
(
) မဟုတ်မမှန်သည်ကိုသာ ပြောတတ်သောသူ တစ်ယောက်။
(
) အကျိုးနှင့် မစပ်သည်ကိုသာ ပြောတတ်သောသူ တစ်ယောက်။
(
) အဆုံးအမနှင့် မစပ်သည်ကိုသာ ပြောတတ်သောသူ တစ်ယောက်။
(
) တရားနှင့် မစပ်သည်ကိုသာ ပြောတတ်သောသူ တစ်ယောက်။
(
စတုက္က အဂုင်္တ္တိုရ်၊ ဥရုဝေဠ ဒုတိယသုတ်)
မီး (၁၁) ပါး
(
) ရာဂမီး တပ်မက်ရသဖြင့် ပူလောင်ခြင်း။
(
) ဒေါသမီး စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။
(
) မောဟမီး အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
(
) ဇာတိမီး ပဋိသန္ဓေ နေရပြီး ဘ၀အသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(
) ဇရာမီး အိုမင်းရင့်ရော်ရသဖြင့် ပူလောင်ခြင်း။
(
) မရဏမီး သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။
(
) သောကမီး ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှု များရသဖြင့် ပူလောင်ခြင်း။
(
) ပရိဒေ၀မီး ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(
) ဒုက္ခမီး ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။
(
၁၀) ဒေါမနဿမီး စိတ်ဆင်းရဲ ရခြင်းကြောင့် ပူလောင်ခြင်း။
(
၁၁) ဥပါယာသမီး သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း။
အကျိုးကြီးတဲ့ အလှူဒါန
အထက်တန်းစား ဒါန ဖြစ်ဖို့ ဆိုရင်
(
) အလှူပေး ပုဂ္ဂိုလ်ဟာ မလှူမီ သီလနဲ့ ပြည့်စုံနေရမယ်။
(
) အလှူခံ ပုဂ္ဂိုလ်ကလည်း သီလနဲ့ ပြည့်စုံနေရမယ်။
(
) လှူဖွယ်ပစ္စည်း ၀တ္ထုက တရားသဖြင့် ရှာလို့ရတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပစ္စည်း ဖြစ်ရမယ်။
(
) လှူစဉ်အခါ စိတ်ကြည်လင်နေရမယ်။
(
) နိဗ္ဗာန် ဆိုတဲ့ အကျိုးရလာဒ်ကို သိမြင်ပြီး လှူရမယ်။
(
) အလှူရဲ့ ရှေ့ပိုင်းမှရော နောက်ပိုင်းမှာပါ ပူပန်စိတ် လုံးဝ မပါစေရပါဘူး။
အဲဒီ အလှူမျိုးဟာ အကျိုးကြီးတဲ့ အထက်တန်းစား ဒါန အလှူမျိုး ဖြစ်ပါတယ်။

စိတ်ဓာတ်သည် လူတစ်ယောက်အတွက် အလွန်အရေးပါသော အရာတစ်ခု ဖြစ်ပါသည်။ လူတစ်ယောက်၏ အကျင့်စာရိတ္တသည် စိတ်ဓာတ်နှင့်လည်း ဆိုင်ပါသည်။ လူတစ်ယောက်သည် စိတ်ဓာတ်ကောင်းမှသာ လူကောင်း တစ်ယောက် ဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်။ စိတ်ဓာတ်ကောင်းမှသာ လူမှုရေး နယ်ပယ်တွင်လည်း ပေါင်းသင်း ဆက်ဆံရေး ကြွယ်ဝမည်ဖြစ်ပါသည်။ စိတ်ဓာတ် မကောင်းသော၊ စိတ်ဓာတ် ယုတ်ညံ့သော လူမျိုးကို ဘယ်လိုလူမျိုးကမှ ပေါင်းသင်း ဆက်ဆံချင်ကြမည် မဟုတ်ပါ။ အခုကျွန်ုပ်တို့ ဆက်ဆံနေသော လူများထဲတွင် စိတ်ဓာတ်ကောင်းသော လူရှိသလို၊ စိတ်ဓာတ် အောက်တန်းကျသော လူများလည်း ရှိပါသည်။ ဤလူနှစ်မျိုးထဲတွင် ကျွန်ုပ်တို့ ပေါင်းသင်းချင်သော သူသည် စိတ်ဓာတ်ကောင်းသော သူနှင့်သာ ပေါင်းသင်းချင်ကြပါသည်။ သို့သော် လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံမျှနှင့် ထိုသူ၏ အတွင်းစိတ်ဓာတ်ကို မသိရှိနိုင်ပါ။ အနီးကပ် ပေါင်းသင်းကြည့်မှသာ သိရှိနိုင်ပါသည်။ မိမိက ကောင်းသလောက် မိမိအပေါ် မကောင်းသောသူ များစွာ ရှိပါသည်။ ထိုသူများသည် စိတ်ဓာတ် အောက်တန်းကျသော သူများ ဖြစ်ပါသည်။ မိမိက ကောင်းသလောက် မိမိအပေါ် မကောင်းဘဲ မိမိနောက်ကွယ်တွင် မိမိ၏ မကောင်းသတင်းများ ထိုင်ပြောနေသော စိတ်ဓာတ် အောက်တန်းကျသူ အကြောင်းကို သိရှိသော သူတစ်ယောက်ယောက်က ပြန်ပြောပြလို့ သိရှိခဲ့လျှင် ထိုသူအား မိမိအရမ်း ဒေါသထွက်မိလိမ့်မည် ဖြစ်ပါသည်။ ထိုသူအား မိမိဒေါသထိုင် ထွက်နေလျှင် ဘာမျှမထူးဘဲ မိမိသာ စိတ်ညစ် စိတ်ဆင်းရဲ ဖြစ်ပါလိမ့်မည်။ ထိုသူအား မေတ္တာထားလိုက်ပါ။ နောက်ဘယ်တော့မှ ဤကဲ့သို့ စိတ်ဓာတ် အောက်တန်းကျသော သူကို ပေါင်းသင်းဆက်ဆံခြင်း မပြုလုပ်တော့ပါနှင့်။ ဒါဟာ ကမ္ဘာပေါ်တွင် ရှိနေသော လူအမျိုးမျိုးမှ စိတ်ဓာတ်အမျိုးမျိုး ရှိသောသူများမှ စိတ်ဓာတ် အောက်တန်းကျသော လူအချို့အကြောင်းကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ သူငယ်ချင်းတို့လည်း စိတ်ဓာတ် ကောင်းသောသူများနှင့် ဆုံတွေ့ကြစေရန် ဆုတောင်း ပေးလိုက်ပါသည်။


No comments: