လူဆိုသည်မှာ
အနာဂတ်ရှိရမည် ။
အနာဂတ်ဘဝ
လူကပြောင်းလဲနိုင်ရမည် ။
လူတို့ စိတ်လျှင်
သိစိတ်နှင့်မသိစိတ်
စိတ်နှစ်မျိုးသာရှိသည် ။
သိစိတ်သည်သာလျှင်
အနာဂတ်လျှင် ၊ ဖန်ဆင်းရှင်တည့် ။
မသိစိတ်က
ဘ၀ရဲ့ ဇော ၊ ဘ၀မောလိမ့် ။
ဘ၀ဆိုတာ ၊ ရေဆန်ပါတည့်
ရေသာခိုက ၊ ရေစုန်ရလိမ့် ။
ဘ၀ဆိုတာ ၊ လှေခါးပါတည့်
တက်ကာကြိုးစား ၊ ထိပ်ဖျားရောက်လိမ့် ။
သိစိတ်သည်ကား
လူ့ ခွန်အားတည့် ။
မသိစိတ်သည်ကား
တရားမရှိ ၊ မသိဘဝ
ပေးဆပ်ရလိမ့် ။
လူဆိုသည်မှာ
အနာဂတ်ရှိ ၊ တရားသိမှ
လူ၏တန်ဖိုး မြင့်လိမ့်မည် ... ။ ~ ။
ကဗျာရေးစပ်သူ => ဆရာ မောင်ကြင်နွယ်
No comments:
Post a Comment