ဝေဒနာအစုစုတို့ဖေါက်လွဲဖေါက်ပြန် ခန္စာကိုယ်ကို အနိုင်နိုင်သယ်ရင်းတလှုပ်လှုပ်နဲ့ သွား လာနေပုံတို့က
ပုရွတ် ဆိတ်လေးတွေပမာ။
မနက်ဖြန်ဆိုတာ သေချာမှုမရှိတော့တဲ့ ဘဝအခြေနေတွေ အတွက် အနာဂါတ်၏ဆို ပုံဖေါ်နိုင်စွမ်းမရှိ၊ ပုံဖေါ်ခွင့်တို့မရှိ။
မျှော်လင့်စရာ ကင်းမဲ့နေတဲ့ အသက်အရွယ် အပိုင်းအခြားလေးတွေ အတွက် ပရပိာတ နယ်ပယ်ကျဉ်းမြောင်းနေဆဲ။
လောကငရဲရဲ့ ဘေး မှာ ရောက်နေတဲ့ အိုမင်းမစွမ်းပစ်ပယ် ခံသက်ကြီးရွယ်အိုတွေ အတွက် ကတော့
.............
အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ ပီယ ဝါစာ အသံကို အားပြုပြီး
အသားမာတက်နေတဲ့ လက်ချောင်းတွေကို အစွမ်းကုန်ထုတ် လို့
အနာကြီးဝေဒနာသည်တွေကို စောင့်ရှောက်ထားတဲ့ဂေပာာ တစ်ခုကိုရောက်တုန်း ကတွေ့လိုက်ရ တဲ့
အဖွားအို.........အဖွားက ကုတင်ပေါ်မှာ ပဲ နေရတာ နှစ်နဲ့ချီနေပြီ။
မလှုပ်ရှားနိုင်တော့ တဲ့ ရုပ်ခန္စာကြီးကိုယဲ့ယဲ့လေးပဲ ကျန်တော့ တဲ့ နာမ် အစုအဝေးတို့ကမမျှတချင်တော့...
လူလူချင်း ၊ လူလူချင်း မှာ မှ အဖွား ငတ်နေတာ ဘာလဲလို့ သိလိုက်ရတယ်။
ကျတော်တို့ ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေ များစွာရှိပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရတဲ့ သက်ကြီး ရွယ်အိုတွေ အတွက်
နေ့ရက်တိုင်းကို ပင်ပန်းကြီးစွာနဲ့ ဖြတ်သန်းနေရတယ်။
ချမ်းသာ ပြည့်စုံစွာနေထိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေအတွက်
နေ့ရက်တိုင်းကို အထီးကျန်ခြင်းများစွာနဲ့ဖြတ်သန်းနေရတယ်။
မြန်မာ့လူ့ဘောင် အတွက် သက်ကြီးရွယ်အိုဆိုတာ ဂါရဝ ထားစရာပါ။
ဒါပေမယ့် ပျောက်ဆုံးနေတဲ့မေတ္တာတရားကို ဘယ်လို ရှာဖွေဖေါ်ထုတ်ကြမလဲ။
အဖွားတို့က နေ့တိုင်း အစာရှာထွက်သွားတဲ့ဖခင်ကို မျှော်နေတဲ့ အသိုက်ထဲက လဒပေါက်လေးတွေလိုပါပဲကွယ် တဲ့။
ဆွမ်းခံကြွသွားတဲ့သံဃာတော်တွေကို ဦးနှိမ်ချရင်း အဖွားက ကြည်ညိုကြေကွဲစွာနဲ့ ပြောပြ တယ်။
အခြေနေ အကြောင်းကြောင်းကြောင့်
ဒီနေရာလေးမှာ လာရောက်မှီခိုနေတဲ့ အဖွား (၁၆)ဦး နဲ့အဖိုး(၈)ဦး။
စုစုပေါင်း (၂၄)ဦးမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး အသင်းကလာရောက်ပို့ဆောင်ထား တဲ့
အဖိုး(၁)ဦးနဲ့ အဖွား (၂) ဦး ပါရှိတယ်။
အဓိက လိုတာ မေတ္တာပါလို့အရင်ဆုံးပြောပါရစေ။
ရောက်လာသမျှကို ငါ့သားတွေ ငါ့သားတွေ နဲ့ပျော်ရွှင်နေ တဲ့ အဖိုးအဖွားတွေက ပီတိ ကလေးငယ်လေးတွေ ပမာ....
မေတ္တာငတ်နေတဲ့ဘိုးဘွားတွေအတွက် မေတ္တာအလှူ ခံ လို ရင်းပါ။
ဒါကြောင့် သင်မေတ္တာ ဘယ်လောက် ချမ်းသာသနည်း.......?
ဘိုးဘွားရိပ်သာမှာလာပြီး အိမ်သာဆေး၊ပန်းကန်ဆေးကစ လို့
ဘိုးဘွားတွေနဲ့ စကားထိုင်ပြောတာ၊ ချက်ထိုးတာ၊ တရားစာအုပ်ဖတ်ပြတာ၊ မောင်းလှဲတာ စတာလေးတွေကို
တနေကုန်လုပ်သွားကြတယ်။
အဲဒါကို တစ်လ တစ်ခါလောက် သူတို့လုပ်ကြတယ်။
သူတို့ပြန်သွားပြီး တပတ်လောက်ထိ ဘိုးဘွားတွေက အဲဒီအကြောင်းကိုပြောမဆုံးတပြုံးပြုံးနဲ့ ..။
အဲလိုလုပ်တဲ့အတွက် ပိုက်ဆံတပြားမှမကုန်သလို။
ထူးထူးခြားခြား အားစိုက်ထုတ်ရတာမျိုး မပါဘူး။
ကျွန်တော်တို့ဆီက လူငယ်တွေ၊ ညီညီမငယ်တွေလည်း အဲလိုလေးတွေ လုပ်နိုင်ကြရင်
.............)
ဒီကလေးငယ်တွေက သေချာပေါက် ပရပိာတ မျိုးဆက်သစ်လေးတွေပါ။
No comments:
Post a Comment