Pages

Friday, February 17, 2012

စိတ်ပျော်ရွှင်အောင်မြှင့်တင်နည်း


-စိတ်ပါဝင်စားရာကို လုပ်ဆောင်ပါ။ ဥပမာ-ချက်ပြုတ်ခြင်း၊ ၀တ်ဆင်ခြင်း၊ သစ်ပင်ဝယ်ခြင်း။
-
ဆန္ဒရှိရာကို စာရွက်ပေါ်ရေးချလိုက်ပါ။ (ခေါင်းခဲနေရင်၊ အတွေးများပြီး စိတ်ရှုပ်နေရင်)
-
စိတ်ပျက်အားငယ် အထီးကျန်ဆန်နေရင် ဗီရို၊ စာအုပ်စင်၊ အိပ်ခန်းရှင်းတာမျိုး ထလုပ်လိုက်ပါ၊
-
သက်တောင့်သက်သာထိုင်ခုံနဲ့ ထိုင်ပါ။
-
သန့်ရှင်းသပ်ရပ်တဲ့ အခန်းလေးက စိတ်ပျော်စေဖို့ အချက်တစ်ချက်ပါ။
-
လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ (တစ်ပတ်မှာ ၃ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်)
-
ကိုယ့်ကို နားလည်ပေးမယ့် သူငယ်ချင်းနဲ့ အဆက်အသွယ်လုပ်ပါ။ စကားစမြည်ပြောပါ။ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေလိုက်ပါ။
-
စိတ်မပါ ပေမယ့် အပြုံးကျင့်ဖြစ်အောင်ကျင့်ပါ။ မျက်နှာအကြောတွေ လျော့လာမယ်။ အကြောတွေက ဦးနှောက်ကို သတင်းပို့မယ်။ လုပ်ရင်းနဲ့ပျော်လာပါလိမ့်မယ်။
-
တတ်နိုင်သမျှအကောင်းမြင်ပေးလိုက်ပါ။ ဥပမာသူဘာကြောင့် ဒီလောက်ရိုင်းပါလိမ့်အစား အော်သူဒီလို ရည်ရွယ်တာ မဟုတ်လောက်ပါဘူးလို့ တွေးပေးလိုက်ပါ။
ကျန်းမာစွာ စားသုံးပါ။
-
အာဟာရပြည့်တဲ့ အစာတွေဖြစ်ပါစေ။
-
အချိန်မှန် ၊ ပမာဏမှန်စားပါ။
စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ။ (ဥပမာ-တရားထိုင်ခြင်း)
-
စွမ်းအားတွေ တိုးတက်လာ။
-
စိတ်ရှုပ်စရာတွေ လျော့ပါးလာမယ်။
-
ကိုယ်ခံစွမ်းအား ကောင်းလာမယ်။
-
နားနေမှု၊ ငြိမ်းချမ်းမှု တိုးတက်မယ်။
-
ကိုယ်ကိုယ်တိုင် နားလည် သိမြင်မှု ရရှိ၊
-
မသေချာမှုနဲ့ စိတ်ကျမှုကို လျော့စေ၊
-
စိတ်နဲ့ ၀ိညာဉ်ကို အာဖြည့်ကြံ့ ခိုင်စေပါတယ်။
တကယ်လို့များ မပျော်မရွှင်ဖြစ်နေခဲ့ရင် ကြိုးစား ပြီးလုပ်ဆောင်ကြည့်စေချင်ပါတယ်။ ပျော်ရွှင်ကျေနပ်မှု စိတ်ပေါ့ပါးမှုကို တကယ်ရရှိပါတယ်။

ညခင်းမှတ်စု မှ ကူးယူဖော်ပြပါသည်။

No comments: