Pages

Friday, February 17, 2012

လူထဲကလူ ဘယ်လိုလူလဲ . . . .


ဇီဇာကြောင်ကြောင်
ဝန်တိုစိတ်ပွား
လက်ညှိုးထိုးကာ
မောက်မာယိုးစွတ်
ကဲ့ရဲ့တဖန်
နှိမ်ချ တစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . . .

လူထဲကလူ သူဘယ်သူလဲ
ဖူစင်စိတ်ထာ
မော်ကြွားကင်းစင်
နှစ်သိမ့်ပြောဆို
ညင်သာစကား
သနားခြင်းဖြင့်
ကူညီဖေးမ
စေတနာထား၍
ကောင်းရာလမ်းညွန်
မုဒိတာပွား
အဆိုးအကောင်းသုံးသပ်
အထင်သေးခြင်း
အလျဉ်းမရှိ
ချီးကျူးတဖန်
အကြံပြုတစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . .
        အခြားသူတစ်ယောက်ကို အပြစ်တင်ခြင်းဖြင့်ထိုးလိုက်သော လက်ညှိုးတစ်ချောင်း ထက်ကိုယ့်ဘက်ကိုပြန်ထိုးနေသော မိမိ၏လက်သုံးချောင်းအတွက် ငါကောအဲလိုလူမျိုးလား . . . .
         အခြားသူတစ်ယောက်ကိုကောင်းစေချင်သောစိတ်ဖြင့်ထိုးလိုက်သော လက်ညှိုးတစ်ချောင်း ထက်ကိုယ့်ဘက်ကိုပြန်ထိုးနေသော မိမိ၏လက်သုံးချောင်းအတွက် ငါကောအဲလို ကောင်းဖူးရဲ့လားလို့ သုံးသပ်မိသဖြင့် ရေးမိခြင်းဖြစ်ပါသည်။

No comments: