Pages

Friday, February 17, 2012

ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ


"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်.. တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။ ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"

သဲကန္တာရမှာ "ကြယ်" တွေကို ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီး မိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selma စိတ်ဝင်စားလာခဲ့တယ်။ သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့ အခြားအပင်တွေကို သူလေ့လာခဲ့တယ်။ နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့ ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။

သူ့ကိုပြောင်းလဲစေခဲ့တာက သူ့ရဲ့စိတ်နေသဘောထားတွေပဲ ဖြစ်တယ်။

ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။

 မတူတာက ကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။

 နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကို ကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေက သယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။

 ဆောင်းရောက်ရင်ရော? ဆောင်းက ကိုယ့်အတွက် နာကျင်ဝမ်းနည်းခြင်း သယ်ဆောင်မလာပါဘူး။ ဒါပေမယ့် နွေကို ပိုနှစ်သက်မိတဲ့အတွက် ဆောင်းကို လျှစ်လျှူရှူမိတတ်ကြတယ်။ ဒါကြောင့် ဆောင်းရောက်တိုင်း နာကျင် ဝမ်းနည်းမှုတွေကို ခံစားရတယ်။ နွေနဲ့ဆောင်းကို မျှခံစားကြည့်မှ မတူတဲ့ရာသီတွေမှာလည်း ပျော်ရွှင်ခြင်းတွေရှိကြောင်း ကျွန်မတို့ သိနိုင်မှာဖြစ်တယ်။

လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့ ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။ ဒါကြောင့် ကိစ္စရပ်တစ်ခုခုနဲ့ ကြုံကြိုက်တဲ့အချိန် ပျော်ရွှင်ခြင်းကို သိမ်းဆည်းပြီး စိတ်ဆင်းရဲခြင်းကို ဘယ်လိုကွေ့ရှောင်သွားမယ်ဆိုတာ သိဖို့ ပိုအရေးကြီးပါတယ်။

၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က "အရာဝတ္ထုတွေက လူတွေကို အကျိုးမသက်ရောက်စေဘူး။ အရာဝတ္ထုကို ကြည့်တဲ့ လူတွေရဲ့အကြည့်တွေကသာ သူတို့ကို ပြန်အကျိုးသက်ရောက်စေတာ ဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းက ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့ စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်... နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ... ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့ ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
စိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို ရှာတွေ့ခဲ့တယ်။ စိတ်ဆင်းရဲတာတွေကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ရင်ဆိုင်ဖြေရှင်းမလဲ? ကိုယ့်စိတ်ထား၊ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပျော်ရွှင်တဲ့စိတ်ထားနဲ့ ရင်ဆိုင်ဖြေရှင်းရင် ပျော်ရွှင်ခြင်းကို ကိုယ်ရမယ်။ မရင်ဆိုင်နိုင်ခဲ့ရင် စိတ်ဆင်းရဲခြင်းပေါ် စိတ်ဆင်းရဲခြင်းထပ်ပြီး ကိုယ်ပိုခံစားရလိမ့်မယ်။
ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။

No comments: