Pages

Friday, February 17, 2012

နှလုံးသားကို အလှဆင်ပါ

လူတို့နှလုံးသား အမုန်းမပွားကြစေ မေတ္တာဆွတ်ဖြန်း ချစ်ခန်းလှိုင်ကြွယ် အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ် အမြဲသာတွေး တွေးဆဖွယ် အသည်းမှာ အေး အေးမြဖွယ် စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ် နှလုံးသားဝယ် အမုန်းတရားဖယ် အပြုံးများ ကြွယ်ကြစေဖွယ်။ စိန်ရွှေရတနာ နီလာပုလဲ သီကာဆွဲမှ လှမယ်မထင်တယ် အလှဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ် ရိုးသား သိမ်မွေ့ သဘောက ဖြူစင် လောကကို အလှဆင်နိုင်လိမ့်မယ် အစဉ်အမြဲဘ၀ လှပရေးအတွက် ရင်ထဲက အလှသာတွေးကွယ် အပြုံးမြမြ နှလုံးလှပါစေကွယ် အမုန်းစကား မဆိုကြအစဉ်သာတကယ် နှလုံးသားကို အလှဆင်ပါကွယ်။

No comments: