"အချစ်စစ်"ဆိုတာ တကယ်ရှိကြောင်း အမေရိကား ပညာရှင်တွေက လေ့လာဆန်းစစ်ပြီး အတည်ပြုခဲ့ကြတယ်လို့ သတင်းစာတစ်စောင်မှာ ဆိုထားပါတယ်။
ရှေးက လေ့လာဆန်းစစ်ချက်အရ ချစ်စ၊ ကြင်စ၊ ချစ်သူဖြစ်စမှာ စွဲလမ်းတတ်တဲ့ အစွဲအလမ်းက အချိန် ၁၅လ နောက်ပိုင်းမှာ တဖြေးဖြေး လျော့သွားတတ်ပြီး ၁ဝနှစ်နောက်ပိုင်းမှာ လုံးဝ ပျောက်ကွယ်သွားတတ်တယ်လို့ ဆိုပါတယ်။ အစွဲအလမ်း လျော့ပါးချိန်နဲ့ ပျောက်ကွယ်ချိန်က ချစ်သူဖြစ်ပြီးကာလ ၁၂ လနဲ့ ၁၅လ ကြား၊ ၃နှစ်နဲ့ ၇ နှစ်ကြားမှာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ် ဆန်းစစ်ချက်မှာတော့ အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" ဆီမှာသာ နှစ်၂ဝကျော်သည့်တိုင် ဒီလို တစ်ယောက်နဲ့တစ်ယောက် စွဲလမ်းကြတဲ့ စွဲလမ်းမှုမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။ လေ့လာချက်အရ သူတို့ဟာ ချစ်စကြင်စ ချစ်သူတွေလို ချစ်သူရဲ့ဓာတ်ပုံတွေကို အတူကြည့်ကြပြီး ဦးနှောက်ထဲကနေ ပျော်ရွှင်မှုတွေကို ခံစားစေတဲ့ "Dopamine" ကို ထုတ်လွတ်စေခဲ့တယ်။ ဒါကြောင့် နှစ်တွေကြာခဲ့ပေမယ့် သူတို့ရဲ့ဦးနှောက်က ချစ်ခင်စ ချစ်သူတွေလို လန်းဆန်းတက်ကြွနေခဲ့တယ်။
ကျွန်မတို့သိတဲ့ ရိုးမြေကျ (Life-long partner) ပေါင်းဖက်တတ်တဲ့ သတ္တဝါတွေထဲမှာ ငန်း၊ လယ်ကြွက်နဲ့ မြေခွေး (Gray fox) တွေပါပေမယ့် လူ မပါဝင်ခဲ့ပါဘူး။ "ထာဝရ အချစ်စစ်" ရှိမရှိဆိုတာကို ဘာကြောင့် ကျွန်မတို့ အပူတပင် လိုက်ရှာခဲ့ကြသလဲ? တစ်ယောက်နဲ့တစ်ယောက် မခွဲမခွါ ထာဝရ အတူနေထိုင်နည်းကို ဘာကြောင့် ကျွန်မတို့ သိချင်ခဲ့ကြသလဲ? တစ်နေ့နေ့မှာ ငြီးငွေ့သွားနိုင်တဲ့ အဖြစ်မျိုးကို ဘာကြောင့် ကျွန်မတို့ ကြောက်ရွံ့ခဲ့ကြသလဲ?
ကျွန်မတို့က "အချစ်ကျောင်း" ထဲက လိမ္မာတဲ့ကလေးငယ်တွေ ဖြစ်ချင်ခဲ့ကြတယ်။ ကျောင်းမပျက်တဲ့၊ စာမေးပွဲမကျတဲ့၊ ဇွဲဝီရိယကောင်းတဲ့ လူလိမ္မာလေးတွေ ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ဘုရားသခင်က ကိုယ့်ကို ကောင်းတဲ့အချစ်တွေ ရမယ်လို့ အာမ မခံထားပါဘူး။ လိမ္မာရင် အကောင်းတွေရမယ်ဆိုတဲ့ ဖလှယ်မှုမျိုးလည်း မရှိခဲ့ပါဘူး။
ပညာရှင်တို့ရဲ့ ဆန်းစစ်ချက်ရလဒ်က အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" တွေမှာသာ နုငယ်စဉ်ကလို၊ ချစ်သူဖြစ်စလို မပြောင်းလဲတဲ့ အချစ်နဲ့စွဲလမ်းမှုမျိုးကို ထိန်းသိမ်းထားနိုင်တာ တွေ့ရတယ်။ သူတို့ဆီမှာပဲ အချစ်စစ်ဆိုတာ တကယ်ရှိခဲ့ပါသတဲ့။
ကမ္ဘာပေါ်ရှိသမျှ လူတွေအားလုံး.. ရိုးမြေကျ ပေါင်းဖက်တတ်တဲ့ ငန်း၊ လယ်ကြွက်၊ မြေခွေး (Gray fox) တို့နဲ့ မတူနိုင်ခဲ့ရင်တောင် အချစ်ကို နားလည်ခံစား၊ တန်ဖိုးထားတတ်သူတွေ ဖြစ်ကြပါစေလို့....သူတို့အတည်ပြုတဲ့ "အချစ်စစ်"
No comments:
Post a Comment