စိတ်ကူး များက
ကျွန်မရဲ့ ဘ၀အလင်းရောင်များ
ဖြစ်လာခဲ့တယ်။
ရည်မှန်းချက်လေးအနေနဲ့ စိတ်ကူးခဲ့ခြင်းကလဲ လက်တွေ့မှာ အောင်မြင်ခဲ့ဘူးတယ်။ အခွင့်အခါ ကြုံတိုင်း စိတ်ကူးအိမ်မက်လေးများကို
သူငယ်ချင်းများကို ပြောပြဖြစ်ခဲ့တယ်။ သူငယ်ချင်းများက ကျွန်မကို
အံ့သြတကြီး စိုက်ကြည့်ရင်း....
စိတ်ကူးတွေသိပ်မယဉ်နဲ့နော်...ရှုးသွားလိမ့်မယ်တဲ့...။ ငါ့အဖေက
ပြောတယ် ရှုးသွားတဲ့လူတွေက စိတ်ကူးယဉ်လွန်းလို့တဲ့...။ငါက စိတ်ကူးယဉ်တာ
မဟုတ်ပါဘူးဟာ စိတ်ကူတာပါလို့ ပြန်ပြောဖြစ်ခဲ့တယ်။ဒါက စိတ်ကူးလေးပေါ့။
စိတ်ကူးယဉ်တာ....
ပြာလွင်သန့်စင်နေတဲ့ ကောင်းကင်ကြီးရဲ့ တိမ်လွှာ တိမ်တိုက်ဖြူလွှလွတွေကို
မော့ ငေးပြီး စိတ်ဝင်တစားကြည့်ခဲ့ရတဲ့ ငယ်ဘ၀ အိမ်မက် အပိုင်းအစလေးတွေက သိပ်ကြည်နှုးဖွယ်ရာပါပဲ။
ညနေဆည်းဆာ မှာ တိမ်ဂွှမ်းစိုင်ကြီးတွေက တရွေ့ရွေ့ နှင်နေကြတယ်။
အဲဒီမြင်ကွင်းလေးကို အကြိမ်ကြိမ်ကြည့်ခဲ့ဘူးသလို...အကြိမ်ကြိမ်။ ကောင်းကင်ကျယ်ကြီးမှာ
ခရီး ရွေ့ရွေ့နှင်နေတဲ့ တိမ်ဂွမ်းစိုင်ဟာ အချို့ က လူရုပ်လိုလို ဘာလိုလို၊
တချို့ ကျတော့ ကြောင်ကလေးနဲ့
တူပြန်တယ်။ တချို့ က ငှက်ကြီးဝံပိုကြီးလိုလို၊အိမ်ပုံတွေနဲ့လည်း
တူလိုက်တာ။ ဟော..ဟိုမှာ မီးရထားကြီး။
တစ်နေ့တစ်နေ့ အဲ့ဒီ ဆည်းဆာတိမ်လွှာတွေကို ငေးရတာ
ပျင်းရိဖွယ်ရာလို့ မထင်ခဲ့ပါဘူး။
ညခင်းရဲ့ စိတ်ကူးယဉ်အိမ်မက်ကြီး ဘယ်ရောက်သွားပါလိမ့်။အခုတော့
...အချိန်ရယ်၊
ကာလရယ်...ဘ၀တာရယ်
အလုအယက်ပါဘဲ။ အသက်ကလေးလည်း
တကယ့်ကို ငွေ့ငွေ့လေးရယ်သာ....။ ရင်ထဲက အိမ်မက် ပန်းခက်တွေရယ်...။တကယ်ခံစားရပါတယ်။
အော်...ဒါတွေက စိတ်ကူးယဉ်သက်သက်ဖြစ်ခဲ့ပါပြီ...။
No comments:
Post a Comment