အသက်၃၀ နောက်ပိုင်း ရောက်လာတဲ့  အမျိုးသမီး၉၀%လောက်ဟာ ကိုယ်အလေးချိန်တိုးလာတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အသက်ရလာလေလေ
ဝလာလေလေဖြစ်တဲ့အတွက် တသက်လုံး
ကျော့ကျော့ရှင်းရှင်း လှလှပပနေလာတဲ့ 
အမျိုးသမီးများအတွက် စိတ်ဓါတ်ကျစရာ
ကောင်းလောက်အောင် အခက်ကြုံကြရပါတယ်။ အလှအပထက်
ပိုလို့ အရေးကြီးတဲ့အချက်ကတော့
သိပ်မကြာသေးခင်က သုတေသနပညာရှင်များ
ရှာဖွေဖေါ်ထုတ်ခဲ့တဲ့ ၀ခြင်းဟာ ကင်ဆာရောဂါနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ။
ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ
့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ဘို့ ဆိုတာ ဒီကနေ့ အရွယ်ရလာတဲ့ အမျိုးသမီးတော်တော်များများရဲ့ 
အဓိက ပန်းတိုင်
ဖြစ်လာပါတယ်။
မပိန်နိုင်လို့ အကြံကုန်နေတဲ့
အမျိုးသမီးတော်တော်များများဟာ ပိန်ရမယ်ဆိုရင် ဘယ်လောက်ပဲ ဈေးကြီးတဲ့  အရာဖြစ်ပါစေ၊ ငွေကုန်ခံပြီး
ဝယ်သုံးဘို့ 
ဝန်မလေးကြပါဘူး။ ခက်တာက
ငွေကုန်ကြေးကျခံ ၀ယ်သုံးရတဲ့ ဆေးဝါးနဲ့  အစားအသောက်များဟာ ငွေကုန်သလောက် မထိရောက်တဲ့အပြင် တပွဲတိုးလောက်နဲ့ 
ပွဲပြီးမီးသေမျိုးတွေ
ဖြစ်နေကြပါတယ်။
ဒီဆောင်းပါးမှာ အရွယ်လတ်ပိုင်းကို
ရောက်လာတဲ့ အမျိုးသမီးများ ကိုယ်အလေးချိန် လျှော့ကျအောင်
လုပ်ဆောင်တဲ့ အခါ ဘာတွေကို စံနစ်တကျ လုပ်ဆောင် သင့်တယ်ဆိုတာ တင်ပြသွားမှာ ဖြစ်ပါတယ်။ မ၀လာသေးရင်လည်း ကြိုတင်
ဆောင်ရွက်ထားသင့်တာတွေကို
အခုကတည်းက လေ့လာနိုင်ပါတယ်။
ပိန်ချင်ရင် ဖြတ်လမ်းမရှိပါ
ပထမဦးဆုံး ပြောလိုတာက
မိမိခန္ဒာကိုယ်ကို လှလှပပ
အချိုးကျကျဖြစ်အောင်ကိုယ်အလေးချိန်လျှော
့ချခြင်းကိစ္စမှာ
ဖြတ်လမ်းမရှိဘူးဆိုတာပါပဲ။
ကြားဘူးကြမှာပါ။ Lyposuction
ဆိုတဲ့ ဗိုက်က အဆီစုတ်ထုတ်တာမျိုး၊ ဒါမှမဟုတ် ရင်လည်း ဟိုနေရာကလှီး၊
ဒီနေရာကလှီးပြီး
ကြည့်ကောင်းအောင် ပြင်တဲ
့ပလစ်စတစ်ဆာဂျရီ ဆိုတာမျိုးတွေဟာ ကြားလိုက်တဲ့အါ အထင်ကြီးစရာဖြစ်ပေမဲ့ ဒီလိုနည်းတွေဟာ ပုံပန်းမကျတဲ့
ရလဒ်တွေ ထွက်ပေါ်လာစေသလို
အခန့်မသင့်ရင်လည်း
ဘေးထွက်အာနိသင်တွေကြောင့် ပြဿနာမျိုးစုံပေါ်စေပါတယ်။
Lyposuction နဲ့ အဆီကျအောင် ကုသမှုခံယူထားသူများရဲ
့အဆိုအရ ကုသမှုခံယူပြီး
နှစ်လအတွင်း အလွန်နာကျင်တယ်လို
့ဆိုပါတယ်။ အလွန်ငွေကုန်ကြေးကျ များပြီး ကုန်ကျစရိတ်ဟာ
ဒေါ်လာ ၃၅၀၀ ကနေ ၁၀၀၀၀ အထိ သွားနိုင်ပါတယ်။ ဘေးထွက် အာနိသင်ကြောင့် ဖြစ်လာတဲ့ ပြဿနာများထဲမှာ အရေပြားပေါ်မှာ အမဲကွက်၊ သို
့မဟုတ် အဖြူကွက်များ
ဖြစ်ကျန်ခဲ့ခြင်းဟာ အဆိုးဆုံးဖြစ်ပါတယ်။ ဘယ်လိုဆေးနဲ့ မှ မပျောက်နိုင်တော့သလောက်ပါပဲ။
ပိန်ခြင်း၊ ၀ခြင်းသဘောတရား
နဲ့ မယ်တာဘိုလစ်ဇင်(မ်)
အဲဒီတော့ ပိန်အောင်လုပ်တော့မယ်ဆိုရင် မယ်တာဘိုလစ်ဇင်မ် ကို နားလည်ဘို့ လိုပါတယ်။ မယ်တာဘိုလစ်ဇင်မ် ဆိုတာ
ခန္ဒာကိုယ်ကနေ ထုတ်ယူသုံးစွဲတဲ့
ကယ်လိုရီပျမ်းမျှခြင်း
နှုန်းထားဖြစ်ပါတယ်။ ဥပမာ ၂၄နာရီရှိရင် တစ်နာရီမှာ ခန္ဒာကိုယ်က ကယ်လိုရီထုတ်ယူတဲ့နှုန်းဟာ ပျမ်းမျှခြင်း ၆၀
ဆိုပါစို့ ။
အဲဒီနှုန်းအတိုင်းဆိုရင် တနေ့ အတွက်
လိုအပ်တဲ့ ကယ်လိုရီဟာ ၁၄၄၀ဖြစ်ပါတယ်။ သို့ သော်
မိမိနေ့ စဉ် အဲဒီ မယ်တာဘိုလစ်ဇင်မ် (ကယ်လိုရီထုတ်ယူသုံးစွဲတဲ့ ပျမ်းမျှနှုန်းထား) ဟာ အသက်ကြီးလေလေ လျှော့ကျသွားလေလေ့ ဖြစ်တဲ့အတွက် ငယ်ငယ်တုန်းကလို ထင်သလို စားလို့ မရတော့ပဲ
စားလိုက်သမျှဟာ ၀ဘို့ ဖြစ်လာပါတယ်။ နားလည်အောင်
ပြောရရင် အသက်ကြီးပိုင်းကို ရောက်လာရင် ငယ်ငယ်တုံးကလို အများကြီးစားဘို့  မလိုအပ်တော့ပါဘူး။ ဆက်စားနေမယ်ဆိုရင်
သေချာပေါက် ၀လာမှာ
ဖြစ်ပါတယ်။
ဘာတွေက မယ်တာဘိုလစ်ဇင်မ်ကို ထိန်းချူပ်ထားသလဲ
အသက်၄၀နောက်ပိုင်း ကစပြီး
၁၀စုနှစ်ကို တခါ မယ်တာဘိုလစ်ဇင် ၅%ခန့် လျှော
့ကျလေ့ရှိပါတယ်။
မိန်းမများဟာ ခန္ဒာကိုယ်မှာ
ကြွက်သားမရှိတဲ့ အတွက် ယောင်္ကျားများနဲ့ စာရင် မယ်တာဘိုလစ်ဇင်ထုတ်ယူနှုန်း ပိုမိုနှေးကွေးပါတယ်။
ဒါပေမဲ့ တချို့ရဲ့
မယ်တာဘိုလစ်ဇင်ထုတ်ယူနှုန်းကတော့ မျိုးရိုးနဲ့  ဆိုင်ပါတယ်။ မျိုးရိုးကိုလိုက်ပြီး ပိန်တာဝတာမျိုးပေါ့။
သိုင်းရွိုက် ပုံမှန်အနေအထားမှာ
မရှိရင်လည်း မယ်တာဘိုလစ်ဇင် လျှော့ကျခြင်း၊ သို့ မဟုတ် တိုးမြှင့်ခြင်း ဖြစ်တတ်ပါတယ်။
သိုင်းရွိုက်ရောဂါကြောင့်
ပိန်တတ်ပါတယ်။
ကြော်ငြာတွေကို နားမယောင်ပါနှင့်
တိုးတက်တဲ့နိုင်ငံများမှာ
ကုမ္ဗဏီများက မယ်တာဘိုလစ်ဇင်မြှင့်တင်တဲ့ ပစ္စည်းဆိုပြီး
ရောင်းချလေ့ရှိပါတယ်။ အမေရိကန်မှာရှိတဲ့ ကုမ္ဗဏီတွေဆိုရင် ပိန်စေတဲ့ အစားအသောက်တွေကို အိမ်တိုင် ရာရောက် ပစ္စည်းပို
့စံနစ်နဲ့  ရောင်းချကြပါတယ်။ မြင်ဘူးသလောက်
ပြောရမယ်ဆိုရင် ဒီအစားအသောက်တွေဟာ စားနေတုန်းမှာ ပိန်သွားပြီး ရပ်လိုက်တာနဲ့  ချက်ချင်း
ပြန်ဝလာတယ်ဆိုပါပဲ။
စံနစ်တကျ မယ်တာဘိုလစ်ဇင်မ် မြှင့်တင်၍
ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချူပ်ခြင်း
နေ့ စဉ်အစားအသောက် ရွေးချယ်ခြင်း မယ်တာဘိုလစ်ဇင်မြှင့်တင်နည်းကို
သိသွားပြီဆိုရင် တက္ကသိုလ်တချို့ က
သုတေသနလုပ်ထားတဲ့ နေ့ စဉ်
အစားအသောက်ကို ဂရုစိုက်ရွေးချယ်ခြင်းကို ပြောပြလိုပါတယ်။အစားအသောက်ကို မယ်တာဘိုလစ်ဇင်မ်နှင့် ချင့်ချိန်စားသုံးပါ. မိမိခန္ဒာကိုယ်က နေ့ စဉ် ကယ်လိုရီ
ဘယ်လောက်လိုအပ်သလဲဆိုတာကို သိလိုလျှင် အောက်ပါ
အင်တာနက်စာမျက်နှာ (http://www.start-losing-weight-today.com/rmr.html)
မှာ Advanced Resting Metabolism ကို ကလစ်လုပ်ပါ။ Title နေရာမှာ မိမိနာမည်ကို ရိုက်ထည့်ပြီး အသက်အရွယ်နဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊
တို့ကိုရိုက်ထည့်ပါ။ အားလုံးပြီးသွားရင် အောက်မှာ ပြထားတဲ့ Resting Metabolism ကိုကြည့်ပါ။ မိမိအတွက် တနေ့ တာ လိုအပ်တဲ့ ကယ်လိုရီနှုန်းထားကို တွေ့ ရမှာ
ဖြစ်ပါတယ်။မိမိအတွက် နေ
့စဉ်လိုအပ်တဲ့ ကယ်လိုရီကို
သိရပြီဆိုရင် နေ့ စဉ် စားသောက်ရမဲ့ အတိုင်းအတာကို ချင့်ချိန်နိုင်ပါပြီ။
အစားကို နည်းနည်းခြင်း
မကြာမကြာစားပေးပါ.
အစာစားတဲ့ အချိန်သိပ်ခြားနေမယ်ဆိုရင် ခန္ဒာကိုယ်က အဆာအငတ်ခံနိုင်တဲ
့အနေအထားကို
လေ့ကျင့်ပေးသလိုဖြစ်ပြီး
မယ်တာဘိုလစ်ဇင်ကို လျှော့ချပေး ပါတယ်။ ဒါကြောင့် အချိန်သိပ်ခြားပြီး စားတာထက်စာရင် နည်းနည်းနဲ
့မကြာမကြာစားခြင်းက မယ်တာဘိုလစ်ဇင်
ပိုပြီး မြှင့်တင်ပေးရာရောက်ပါတယ်။
အသီးအနှံ၊ ရာသီပေါ်သစ်သီးများ နဲ
့သားရေစာစားသုံးခြင်း ဟာလည်း လိုအပ်တဲ
့ အာဟာရဓါတ်များကို ဖြည့်ဆည်းပေးရုံမက ထမင်းနဲ
့အခြားကယ်လိုရီအလွန်များတဲ့  အစားအသောက်တွေကို အစားထိုး ဖြတ်တောက်ပေးတဲ့အတွက် အ၀လွန်ခြင်းကို ထိမ်းသိမ်းပေးရာလည်း
ရောက်ပါတယ်။
ရေသောက်ပါ၊ ၊ အစားတွေ စားပြီး ရေသောက်တာနည်းမယ်ဆိုရင် ခန္ဒာကိုယ်က
အဆီတွေကို ခြေဖျက်နိုင်မှာ မဟုတ်ပါဘူး။
ပျမ်းမျှခြင်းအားဖြင့် ခန္ဓာကိုယ်က နေ့ စဉ်လိုအပ်တဲ့ရေဟာ
၂လီတာခန့် ဖြစ်ပါတယ်။ လိုအပ်တဲ့ရေကို ပုံမှန်သောက်သုံးခြင်းဖြင့်
ကိုယ်ခန္ဓာတွင်း ဓါတ်သဘာဝပြောင်းလဲမှု တွေကို ကူညီရာရောက်မှာ ဖြစ်ပြီး အဆီချေဖျက်ရာမှာ
ပိုမိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပါ. အေရိုးဘစ်လို ခုန်ပေါက်ကစားရတဲ့  ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခုကို နေ့ စဉ်
နာရီဝက်ကနေ တစ်နာရီအထိ
ပြုလုပ်သင့်ပါတယ်။
ဒီလိုပြုလုပ်ခြင်းဖြင့် နှလုံးခုန်နှုန်းကို မြင့်စေပြီး မယ်တာဘိုလစ်ဇင့် မြင့်တက်စေပါတယ်။
ပြေးခြင်းနှင့်
အလေးမခြင်းကို တွဲဖက်လုပ်ဆောင်ပါ။ ခန္ဓာကိုယ်မှာ အဆီတွေထက်စာရင် ကြွက်သားတွေက ကယ်လိုရီပိုလိုအပ်တဲ့အတွက် (ကြွက်သား တစ်ကီလိုဂရမ်ရှိလျှင် တနေ
့လျှင် ၇၃ ကယ်လိုရီစားသုံးရန်လိုသည်) ကြွက်သားများများ ရှိလေလေ၊
မယ်တာဘိုလစ်ဇင်
မြင့်တက်ပြီး ကယ်လိုရီလိုအပ်လေ
ဖြစ်ပါတယ်။
တသက်လုံး လှချင်တဲ့ အမျိုးသမီးများကို
အကြံပေးချင်တာကတော့
ကြိုတင်ကာကွယ်ခြင်းသည်သာ
အကောင်းဆုံးဖြစ်လို မ၀ခင်မှာ၊ အသက်ကလေးရမလာခင်မှာ ခုကတည်းက အစားအသောက်ကို ချင့်ချိန်စားသုံးပြီး
ပုံမှန်ကျန်းမာရေး
လေ့ကျင့်ခန်းများ
လုပ်သင့်တယ်ဆိုတာပါပဲ။
လှလို့ ဝလို့ ပါလားဆိုတဲ့ စကားဟာ ခေတ်နောက်မှာ
ကျန်ခဲ့ပါပြီ။
ပြည့်ပြည့်ဖြိုးဖြိုးရှိရင်
လုံလောက်ပါပြီ။ ၀လာမယ်ဆိုရင် အရွယ်ရင့်ပြီး ကြည့်မကောင်းသလို ၀တ်ရစားရတာလည်း အချိုးမကျ မပြေပြစ်တဲ
့အတွက် ဘယ်ဘက်က ကြည့်ကြည့်
အဆင်မပြေပါဘူး။ အမျိုးသမီးတိုင်း
မိမိအလှကို အရွယ်အလိုက်ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုများကို
လုပ်ဆောင်နိုင်ကြစေဘို့ 
ဒီနေရာက ဆန္ဒပြုလိုက်ပါတယ်။
No comments:
Post a Comment