Pages

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, February 17, 2012

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

အသက်၃၀ နောက်ပိုင်း ရောက်လာတဲ့  အမျိုးသမီး၉၀%လောက်ဟာ ကိုယ်အလေးချိန်တိုးလာတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အသက်ရလာလေလေ ၀လာလေလေဖြစ်တဲ့အတွက် တသက်လုံး ကျော့ကျော့ရှင်းရှင်း လှလှပပနေလာတဲ့  အမျိုးသမီးများအတွက် စိတ်ဓါတ်ကျစရာ ကောင်းလောက်အောင် အခက်ကြုံကြရပါတယ်။ အလှအပထက် ပိုလို့ အရေးကြီးတဲ့အချက်ကတော့ သိပ်မကြာသေးခင်က သုတေသနပညာရှင်များ ရှာဖွေဖေါ်ထုတ်ခဲ့တဲ့ ၀ခြင်းဟာ ကင်ဆာရောဂါနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ။
ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ဘို့ ဆိုတာ ဒီကနေ့ အရွယ်ရလာတဲ့ အမျိုးသမီးတော်တော်များများရဲ့  အဓိက ပန်းတိုင် ဖြစ်လာပါတယ်။
မပိန်နိုင်လို့ အကြံကုန်နေတဲ့ အမျိုးသမီးတော်တော်များများဟာ ပိန်ရမယ်ဆိုရင် ဘယ်လောက်ပဲ ဈေးကြီးတဲ့  အရာဖြစ်ပါစေ၊ ငွေကုန်ခံပြီး ၀ယ်သုံးဘို့  ၀န်မလေးကြပါဘူး။ ခက်တာက ငွေကုန်ကြေးကျခံ ၀ယ်သုံးရတဲ့ ဆေးဝါးနဲ့  အစားအသောက်များဟာ ငွေကုန်သလောက် မထိရောက်တဲ့အပြင် တပွဲတိုးလောက်နဲ့  ပွဲပြီးမီးသေမျိုးတွေ ဖြစ်နေကြပါတယ်။
ဒီဆောင်းပါးမှာ အရွယ်လတ်ပိုင်းကို ရောက်လာတဲ့ အမျိုးသမီးများ ကိုယ်အလေးချိန် လျှော့ကျအောင် လုပ်ဆောင်တဲ့ အခါ ဘာတွေကို စံနစ်တကျ လုပ်ဆောင် သင့်တယ်ဆိုတာ တင်ပြသွားမှာ ဖြစ်ပါတယ်။ မ၀လာသေးရင်လည်း ကြိုတင် ဆောင်ရွက်ထားသင့်တာတွေကို အခုကတည်းက လေ့လာနိုင်ပါတယ်။

ပိန်ချင်ရင် ဖြတ်လမ်းမရှိပါ

ပထမဦးဆုံး ပြောလိုတာက မိမိခန္ဒာကိုယ်ကို လှလှပပ အချိုးကျကျဖြစ်အောင်ကိုယ်အလေးချိန်လျှော့ ချခြင်းကိစ္စမှာ ဖြတ်လမ်းမရှိဘူးဆိုတာပါပဲ။ ကြားဘူးကြမှာပါ။ Lyposuction ဆိုတဲ့ ဗိုက်က အဆီစုတ်ထုတ်တာမျိုး၊ ဒါမှမဟုတ် ရင်လည်း ဟိုနေရာကလှီး၊ ဒီနေရာကလှီးပြီး ကြည့်ကောင်းအောင် ပြင်တဲ့ ပလစ်စတစ်ဆာဂျရီ ဆိုတာမျိုးတွေဟာ ကြားလိုက်တဲ့အါ အထင်ကြီးစရာဖြစ်ပေမဲ့ ဒီလိုနည်းတွေဟာ ပုံပန်းမကျတဲ့ ရလဒ်တွေ ထွက်ပေါ်လာစေသလို အခန့်မသင့်ရင်လည်း ဘေးထွက်အာနိသင်တွေကြောင့် ပြဿနာမျိုးစုံပေါ်စေပါတယ်။

Lyposuction နဲ့ အဆီကျအောင် ကုသမှုခံယူထားသူများရဲ့ အဆိုအရ ကုသမှုခံယူပြီး နှစ်လအတွင်း အလွန်နာကျင်တယ်လို့ ဆိုပါတယ်။ အလွန်ငွေကုန်ကြေးကျ များပြီး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၅၀၀ ကနေ ၁၀၀၀၀ အထိ သွားနိုင်ပါတယ်။ ဘေးထွက် အာနိသင်ကြောင့် ဖြစ်လာတဲ့ ပြဿနာများထဲမှာ အရေပြားပေါ်မှာ အမဲကွက်၊ သို့ မဟုတ် အဖြူကွက်များ ဖြစ်ကျန်ခဲ့ခြင်းဟာ အဆိုးဆုံးဖြစ်ပါတယ်။ ဘယ်လိုဆေးနဲ့ မှ မပျောက်နိုင်တော့သလောက်ပါပဲ။


ပိန်ခြင်း၊ ၀ခြင်းသဘောတရား နဲ့ မယ်တာဘိုလစ်ဇင်(မ်)

အဲဒီတော့ ပိန်အောင်လုပ်တော့မယ်ဆိုရင် မယ်တာဘိုလစ်ဇင်မ် ကို နားလည်ဘို့ လိုပါတယ်။ မယ်တာဘိုလစ်ဇင်မ် ဆိုတာ ခန္ဒာကိုယ်ကနေ ထုတ်ယူသုံးစွဲတဲ့ ကယ်လိုရီပျမ်းမျှခြင်း နှုန်းထားဖြစ်ပါတယ်။ ဥပမာ ၂၄နာရီရှိရင် တစ်နာရီမှာ ခန္ဒာကိုယ်က ကယ်လိုရီထုတ်ယူတဲ့နှုန်းဟာ ပျမ်းမျှခြင်း ၆၀ ဆိုပါစို့ ။ အဲဒီနှုန်းအတိုင်းဆိုရင် တနေ့ အတွက် လိုအပ်တဲ့ ကယ်လိုရီဟာ ၁၄၄၀ဖြစ်ပါတယ်။ သို့ သော် မိမိနေ့ စဉ် အဲဒီ မယ်တာဘိုလစ်ဇင်မ် (ကယ်လိုရီထုတ်ယူသုံးစွဲတဲ့ ပျမ်းမျှနှုန်းထား) ဟာ အသက်ကြီးလေလေ လျှော့ကျသွားလေလေ့ ဖြစ်တဲ့အတွက် ငယ်ငယ်တုန်းကလို ထင်သလို စားလို့ မရတော့ပဲ စားလိုက်သမျှဟာ ၀ဘို့ ဖြစ်လာပါတယ်။ နားလည်အောင် ပြောရရင် အသက်ကြီးပိုင်းကို ရောက်လာရင် ငယ်ငယ်တုံးကလို အများကြီးစားဘို့  မလိုအပ်တော့ပါဘူး။ ဆက်စားနေမယ်ဆိုရင် သေချာပေါက် ၀လာမှာ ဖြစ်ပါတယ်။

ဘာတွေက မယ်တာဘိုလစ်ဇင်မ်ကို ထိန်းချူပ်ထားသလဲ

အသက်၄၀နောက်ပိုင်း ကစပြီး ၁၀စုနှစ်ကို တခါ မယ်တာဘိုလစ်ဇင် ၅%ခန့် လျှော့ ကျလေ့ရှိပါတယ်။
မိန်းမများဟာ ခန္ဒာကိုယ်မှာ ကြွက်သားမရှိတဲ့ အတွက် ယောင်္ကျားများနဲ့ စာရင် မယ်တာဘိုလစ်ဇင်ထုတ်ယူနှုန်း ပိုမိုနှေးကွေးပါတယ်။
ဒါပေမဲ့ တချို့ရဲ့ မယ်တာဘိုလစ်ဇင်ထုတ်ယူနှုန်းကတော့ မျိုးရိုးနဲ့  ဆိုင်ပါတယ်။ မျိုးရိုးကိုလိုက်ပြီး ပိန်တာဝတာမျိုးပေါ့။
သိုင်းရွိုက် ပုံမှန်အနေအထားမှာ မရှိရင်လည်း မယ်တာဘိုလစ်ဇင် လျှော့ကျခြင်း၊ သို့ မဟုတ် တိုးမြှင့်ခြင်း ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ရောဂါကြောင့် ပိန်တတ်ပါတယ်။

ကြော်ငြာတွေကို နားမယောင်ပါနှင့်

တိုးတက်တဲ့နိုင်ငံများမှာ ကုမ္ဗဏီများက မယ်တာဘိုလစ်ဇင်မြှင့်တင်တဲ့ ပစ္စည်းဆိုပြီး ရောင်းချလေ့ရှိပါတယ်။ အမေရိကန်မှာရှိတဲ့ ကုမ္ဗဏီတွေဆိုရင် ပိန်စေတဲ့ အစားအသောက်တွေကို အိမ်တိုင် ရာရောက် ပစ္စည်းပို့ စံနစ်နဲ့  ရောင်းချကြပါတယ်။ မြင်ဘူးသလောက် ပြောရမယ်ဆိုရင် ဒီအစားအသောက်တွေဟာ စားနေတုန်းမှာ ပိန်သွားပြီး ရပ်လိုက်တာနဲ့  ချက်ချင်း ပြန်ဝလာတယ်ဆိုပါပဲ။

စံနစ်တကျ မယ်တာဘိုလစ်ဇင်မ် မြှင့်တင်၍ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချူပ်ခြင်း

နေ့ စဉ်အစားအသောက် ရွေးချယ်ခြင်း မယ်တာဘိုလစ်ဇင်မြှင့်တင်နည်းကို သိသွားပြီဆိုရင် တက္ကသိုလ်တချို့ က သုတေသနလုပ်ထားတဲ့ နေ့ စဉ် အစားအသောက်ကို ဂရုစိုက်ရွေးချယ်ခြင်းကို ပြောပြလိုပါတယ်။အစားအသောက်ကို မယ်တာဘိုလစ်ဇင်မ်နှင့် ချင့်ချိန်စားသုံးပါ. မိမိခန္ဒာကိုယ်က နေ့ စဉ် ကယ်လိုရီ ဘယ်လောက်လိုအပ်သလဲဆိုတာကို သိလိုလျှင် အောက်ပါ အင်တာနက်စာမျက်နှာ (http://www.start-losing-weight-today.com/rmr.html) မှာ Advanced Resting Metabolism ကို ကလစ်လုပ်ပါ။ Title နေရာမှာ မိမိနာမည်ကို ရိုက်ထည့်ပြီး အသက်အရွယ်နဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊
တို့ကိုရိုက်ထည့်ပါ။ အားလုံးပြီးသွားရင် အောက်မှာ ပြထားတဲ့ Resting Metabolism ကိုကြည့်ပါ။ မိမိအတွက် တနေ့ တာ လိုအပ်တဲ့ ကယ်လိုရီနှုန်းထားကို တွေ့ ရမှာ ဖြစ်ပါတယ်။မိမိအတွက် နေ့ စဉ်လိုအပ်တဲ့ ကယ်လိုရီကို သိရပြီဆိုရင် နေ့ စဉ် စားသောက်ရမဲ့ အတိုင်းအတာကို ချင့်ချိန်နိုင်ပါပြီ။
အစားကို နည်းနည်းခြင်း မကြာမကြာစားပေးပါ. အစာစားတဲ့ အချိန်သိပ်ခြားနေမယ်ဆိုရင် ခန္ဒာကိုယ်က အဆာအငတ်ခံနိုင်တဲ့ အနေအထားကို လေ့ကျင့်ပေးသလိုဖြစ်ပြီး မယ်တာဘိုလစ်ဇင်ကို လျှော့ချပေး ပါတယ်။ ဒါကြောင့် အချိန်သိပ်ခြားပြီး စားတာထက်စာရင် နည်းနည်းနဲ့ မကြာမကြာစားခြင်းက မယ်တာဘိုလစ်ဇင် ပိုပြီး မြှင့်တင်ပေးရာရောက်ပါတယ်။ အသီးအနှံ၊ ရာသီပေါ်သစ်သီးများ နဲ့ သားရေစာစားသုံးခြင်း ဟာလည်း လိုအပ်တဲ့  အာဟာရဓါတ်များကို ဖြည့်ဆည်းပေးရုံမက ထမင်းနဲ့ အခြားကယ်လိုရီအလွန်များတဲ့  အစားအသောက်တွေကို အစားထိုး ဖြတ်တောက်ပေးတဲ့အတွက် အ၀လွန်ခြင်းကို ထိမ်းသိမ်းပေးရာလည်း ရောက်ပါတယ်။
ရေသောက်ပါ၊ ၊ အစားတွေ စားပြီး ရေသောက်တာနည်းမယ်ဆိုရင် ခန္ဒာကိုယ်က အဆီတွေကို ခြေဖျက်နိုင်မှာ မဟုတ်ပါဘူး။ ပျမ်းမျှခြင်းအားဖြင့် ခန္ဓာကိုယ်က နေ့ စဉ်လိုအပ်တဲ့ရေဟာ ၂လီတာခန့် ဖြစ်ပါတယ်။ လိုအပ်တဲ့ရေကို ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာတွင်း ဓါတ်သဘာဝပြောင်းလဲမှု တွေကို ကူညီရာရောက်မှာ ဖြစ်ပြီး အဆီချေဖျက်ရာမှာ ပိုမိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပါ. အေရိုးဘစ်လို ခုန်ပေါက်ကစားရတဲ့  ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခုကို နေ့ စဉ် နာရီဝက်ကနေ တစ်နာရီအထိ ပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် နှလုံးခုန်နှုန်းကို မြင့်စေပြီး မယ်တာဘိုလစ်ဇင့် မြင့်တက်စေပါတယ်။
ပြေးခြင်းနှင့် အလေးမခြင်းကို တွဲဖက်လုပ်ဆောင်ပါ။ ခန္ဓာကိုယ်မှာ အဆီတွေထက်စာရင် ကြွက်သားတွေက ကယ်လိုရီပိုလိုအပ်တဲ့အတွက် (ကြွက်သား တစ်ကီလိုဂရမ်ရှိလျှင် တနေ့ လျှင် ၇၃ ကယ်လိုရီစားသုံးရန်လိုသည်) ကြွက်သားများများ ရှိလေလေ၊ မယ်တာဘိုလစ်ဇင် မြင့်တက်ပြီး ကယ်လိုရီလိုအပ်လေ ဖြစ်ပါတယ်။
တသက်လုံး လှချင်တဲ့ အမျိုးသမီးများကို အကြံပေးချင်တာကတော့ ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်လို မ၀ခင်မှာ၊ အသက်ကလေးရမလာခင်မှာ ခုကတည်းက အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန်ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်သင့်တယ်ဆိုတာပါပဲ။
လှလို့ ဝလို့ ပါလားဆိုတဲ့ စကားဟာ ခေတ်နောက်မှာ ကျန်ခဲ့ပါပြီ။ ပြည့်ပြည့်ဖြိုးဖြိုးရှိရင် လုံလောက်ပါပြီ။ ၀လာမယ်ဆိုရင် အရွယ်ရင့်ပြီး ကြည့်မကောင်းသလို ၀တ်ရစားရတာလည်း အချိုးမကျ မပြေပြစ်တဲ့ အတွက် ဘယ်ဘက်က ကြည့်ကြည့် အဆင်မပြေပါဘူး။ အမျိုးသမီးတိုင်း မိမိအလှကို အရွယ်အလိုက်ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုများကို လုပ်ဆောင်နိုင်ကြစေဘို့  ဒီနေရာက ဆန္ဒပြုလိုက်ပါတယ်။

***ကျန်းမာရေးနှင့်အသက်ရှည်ရေး***


    ကျန်းမာခြင်းဆိုတာ လူသားများအနေနဲ့ သုခသုံးပါးနှင့်ပြည့်
စုံရမယ်ဆိုတာ သိဖို့လိုမှာပါ။ဒါတွေကတော့
၁။ ကာယသုခ၊
၂။စိတ္တသုခ။
၃။လူမူရေးသုခဆိုတာတွေပဲဖြစ်ပါတယ်
   
သုခသုံးပါးအပြင် ရောဂါအန္တရာယ်အပေါင်းကင်းစင်ခြင်းနဲ့
မသန်မစွမ်းဖြစ်ခြင်းကင်းစင်ဖို့ လိုပါတယ်။
   
ကျန်းမာခြင်းသည် လူသားတွေရဲ့ရပိုင်ခွင့်တွေပါ။ ဒါကြောင့်
"
ကျန်းမာသမူ။ နေ့စဉ်ပြု၊ လူသားတိုင်းရမည့်ဆု" (*Healthy
Living ; Eveeyone a Winner*)
ဆိုတဲ့ဆောင်ပုဒ်ကို၁၉၈၆
မှာသတ်မှတ်ပေးခဲ့တာပါ။ လူတိုင်းကျန်းမာစေဖို့သိသင့်တဲ့
ကျန်းမာခြင်းအမျိုးမျိုးကိုနားလည်ရန်လိုပါသည်။

 **
ကျန်းမာခြင်းအမျိုးမျိုး**
   
ကျန်းမာခြင်းအမျိုးမျိုးထဲမှာ "ကိုယ်ကျန်းမာခြင်း"ကတော့
အရေးကြီးဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျန်းမာမှစိတ်
ကျန်းမာနိုင်မှာပါ။ စိတ်ကျန်းမာမှစိတ်ဓါတ်ကြံ့ခိုင်စေရန်လေ့ကျင့်
ခြင်းဖြင့် လိုရာဆန္ဒပြည့်အောင် ဆောင်ရွက်လုပ်ဆောင်နိုင်မှာ
ဖြစ်ပါသည်။ ဒီလိုဆောင်ရွက်ပြီးအောင်မြင်လာလျှင် ပျော်ရွှင်မည်
လူနေမူဘ၀အဆင်ပြေမည်။ လူ့ဘ၀ရဲ့ ချမ်းသာစည်းစိမ်မူ အရ
သာ ခံစားနိုင်မှာဖြစ်ပါတယ်။
  
ကျန်းမာမူဆိုသည်ထဲတွင်
၁။တကိုယ်ရေသန့်ရှင်းမူ
၂။ပတ်ဝန်းကျင်သန့်ရှင်းမူ
၃။ကိုယ်လက်လူပ်ရှားမူ
၎။အဟာရပိုင်းဆိုင်ရာစားသုံးမူ
၅။ကိုယ်လက်စထရောအဆီဓါတ်လျော့ချမူ
၆။အန္တရာယ်ရှိမည့်နေထိုင်ပြုမူ
၇။ဆေးပညာဆိုင်ရာတိုင်ပင်ဆည်းကပ်မူ   တို့သိနားလည်လျှင်
အသက်ရှည်ကျန်းမာပြီးပျော်ရွှင်သောဘ၀ရမည်ဖြစ်ပါသည်။

ကိုယ်ကျန်းမာရေးဖြစ်သည့် တကိုယ်ရေသန့်ရှင်းမူနှင့်ပြည့်စုံရန်
လိုအပ်နေသလို အိမ်တွင်းအိမ်ပြင် နှင့် ပတ်ဝန်းကျင်သန့်ရှင်းမူ
လမ်း၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက်သန့်ရှင်းဖို့လိုပါတယ်။
သန့်ရှင်းမှ လေကောင်းလေသန့်များရှူနိုင်မည်ဖြစ်ပြီး စိတ်ရော
ကိုယ်ပါ လန်းဆန်းစေနိုင်ပါမည်။
 
ကျန်းမာစေရန် ကိုယ်လက်လူပ်ရှားမူသည်လဲအဓိကကျသည့်
အပိုင်းဖြစ်ပါသည်။ ခန္ဒာကိုယ်လူပ်ရှားမှကြွက်သားများသန်မာ
မူ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဖြင့်၊ ကယ်လိုရီများကို
လဲလျော့ချနိုင်ပြီး အစားအသောက်နှင့် ချိန်ဆ စားသောက်နိုင်
မှာဖြစ်ပါတယ်။ နောက်တချက်ကတော့ ကြွက်သားသန်မာမူအ
ပိုင်းကတော့၊ ခြေသလုံးကြွက်သား သန်မာခြင်းပဲဖြစ်ပါတယ်။ဒီ
ခြေသလုံးက" လူရဲ့ဒုတိယနှလုံး" ဆိုတာမမှားနိုင်ပါဘူး၊ ကျန်း
မာရေးပါရဂူများအတိအကျမိန့်ဆိုထားပါတယ်။
 
အဟာရပိုင်းစားသုံးမူကအစာစားတိုင်း အဟာရ မဖြစ်ပါဘူး၊
အဟာရပြည့်ဝတဲ့အစာ တွေကို စားသုံးဖို့ လိုပါတယ်။  ဒါမှလဲ
သုံးစွဲလိုက်တဲ့ ကယ်လိုရီတွေကို အဟာရ ပြန်လည်ဖြည့်တင်း
ပေးနိုင်ပြီး ၊ ခန္တကိုယ်အားပြည့်မှ ရောဂါကိုပြန်လည် တွန်းလှန်
နိုင်စေမည်ဖြစ်မည်။
 
ကိုယ်လက်စရောအဆီဓာတ်ကတော့ဒီနောက်ပိုင်းမှာလူတွေ
တော်တော်များများနားလည်နေပါပြီ၊ အဆီပိတ်နေခြင်းပဲဖြစ်ပါ
တယ်။အစားအသောက်နဲ့ခန္တကိုယ် ၀ဖီးအောင်မစားသင့်ပါဘူး
အန္တရာယ်နောက်ဆက်တွဲတွေလိုက်လာမှာပါ၊ သွေးတိုး၊ဆီးချို
ယနေ့အချိန်မှာအများဆုံးဖြစ်လာပြီဖြစ်တဲ့ အဆီဓါတ်များပြီးနှလုံး
သွေးကြောကျဉ်းစေတဲ့ရောဂါ ရပြီး နှလုံးရုတ်တရက်ရပ်သေနိုင်
နိုင်တာပဲဖြစ်ပါသည်။မြန်မာပြည်သူတွေတော့မပြောတတ်ပါဘူး
အနောက်နိုင်ငံတွေကတော့အဲဒီ အဆီဓာတ်များတဲ့အစာတွေကို
ရှောင်ရုံမကပါဘူး၊ ကိုယ်လက်စထရော(အဆီဓာတ်)ကျစေတဲ့
ဆေးတွေမှီဝဲနေပါတယ် အရင်က အက်ထရိုမစ်-အက်စ် ပဲသုံး
တာပါ ၊ နောက်ပိုင်းမှာတောပိုစွမ်းတဲ့ လိုဗာစတာတင်(lovastatin)
ဒီနောက်ပိုင်းဒီထက် အစွမ်းထက်တာတွေအများကြီး ထုတ်လုပ်
နေပြီဖြစ်ပါတယ်။
  
အန္တရာယ်ရှိမဲ့နေထိုင်ပြုမူ ကိုအကျဉ်းပဲပြောမှာပါ။ ဒါကလူတိုင်း
သိပေမဲ့ရှောင်ဖို့ ရပ်ဖို့ဆိုတာ ခက်ခဲကောင်းခက်မဲ့သဘောရှိပါတယ်
ကြိုက်လို့ပြောတာပါ။ အရက်၊ဆေးလိပ်၊မူးယစ်စေမဲ့အရာမှန်သမျှ
နဲ့ ကျန်းမာရေးကို ထိခိုက်စေမည့် အိပ်ရေးပျက်မူ၊ ဆင်ခြင်မူကင်း
စွာပျော်ပါးမူတွေပဲဖြစ်ပါတယ်၊ ဒါတွေကတော့သူငယ်ချင်းတို့လဲအ
ရွယ်နဲ့လိုက်ဖက်မဲ့အသိတရားတွေရှိဖို့ပဲလိုတာပါ။ လိုတိုးပိုလျော့တဲ့
ချိန်ဆပြီးလုပ်တာအကောင်းဆုံးပဲလို့မှတ်ယူထားပါတယ်။
  
သူငယ်ချင်းတွေလဲကျန်းမာရေးတွေကိုဂရုစိုက်နိုင်ကြပြီး၊ ကျန်းမာ
မှ စိတ်ရွှင်လန်းမယ်၊ အလုပ်လုပ်နိုင်မယ်၊ အသက်ရှည်မယ်၊ ဥစ္စာ
စည်းစိမ်တွေနဲ့ ချမ်းချမ်းသာသာနေနိုင်မယ်မဟုတ်ပါလား?
                                    
ခင်မင်လျက် (jeffy)

နေ့စဉ်ပြုပါ

1.နေ့စဉ်10မိနစ်မှာမိနစ်30အထိလမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပါ။

2.
နေ့စဉ်အနည်းဆုံး10မိနစ်ခန့်ဘာကိုမှာမတွေးပဲငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ပုံမှန်လုပ်နိုင်ပါတယ်။

3.
ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။

4. E
သုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy

5. Game
တွေကစားပေးပါ။

6.
မနေ့ကထက်ဒီနေ့စာများများပိုဖတ်ပါ။

7.
တရားထိုင်းခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။

8.
သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကိုအသက်70အရွယ်တွေနဲ့အသက်6နှစ်အောက်ကလေးငယ်များနဲ့အချိန်ဖြုန်းနေပါ။

9.
နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။

10.
အသားများများစားတာထက်အသီးအရွက်များများစားပါ။

11.
ရေးများများသောက်ပါ။

12.
တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။

13.
အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနဲ့။

14.
အတိတ်ကအမှားတွေကိုပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။တစ်ဘက်လူကိုလည်းပျော်ရွှင်စေပါစေ။

15.
သင်မလုပ်နိုင်ပဲနဲ့အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။

16.
ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာသင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်အပိုင်း
အစတစ်ခုဖြစ်လို့ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်ဆုံးအချိန်ထိလေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။

17.
မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ 18.လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။တက်နိုင်သမျှပျော်အောင်နေတတ်သည်.စိတ်မွေးပါ။

19.
ဘ၀ဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။

20.
အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။တစ်နေ.တည်းတစ်ချိန်တည်းနဲ.ပြီးသွားစေမယ်.အရာတွေမဟုတ်ပါဘူး။

21.
အငြင်းအခုန်ကိစ္စတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။ နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။လိုက်လျောမှု.ရှိပါစေ။

22.
အတိတ်ကကိစ္စရပ်တွေအတွက်ငြိမ်းချမ်းရေးယူကြည့်ပါ။
လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မယ်။

23.
သင့်ဘ၀ကိုအခြားတစ်ယောက်နဲ့မနှိုင်းယှဉ်ပါနဲ့။ကိုယ်.ဘ၀ကိုပုံဖော်ကြည်.ပါ။

24.
သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိဘူးဆိုတာသိပါ။သင်.စိတ်သည်သာသင်.ကိုပျော်ရွှင်အောင်ထားနိုင်ပါတယ်။

25.
အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။စိတ်ချမ်းသာစေပါတယ်။

26.
အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေမဟုတ်ရင်သင်ခံစားမနေပါနဲ့။ပင်ပန်းလွန်းပါတယ်။

27.
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။အချိန်ကစကားပြောပါလိမ်.မည်။

28.
သင်နေမကောင်းဖြစ်နေလျှင်သင့်သူငယ်ချင်း(သို့)တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)

29.
အသုံးမ၀င်တော့တဲ့အရာတွေကိုအမြန်ဖယ်ရှားပါ။ လှလှပပနဲ့ပျော်ရွှင်အောင်နေပါ။ဘ၀ဆိုတာတိုတောင်းပါတယ်။

30.
မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။ပိုင်ဆိုင်ထားပြီးသားဆိုတာသိနေပါ။

31.
မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။ကောင်းတဲ.အပြုအမူကကံကောင်းခြင်းကိုပေးပါတယ်။

32.
ခံစားမှုတွေများလို့မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနေပြပါ။အများကအားကျမှာပါ။

33.
သင်မှန်တယ်ထင်တာတွေကိုတွေးပြီးလုပ်ပါ။ဘယ်တစ်ဦးတစ်ယောက်အတွက်နှင်.မှသံသယမ၀င်ပါနဲ.။

34.
မကြာခဏမိသားစုနဲ့ဝိုင်းဖွဲ့ပြီးစကားပြောပါ။မိသားစုကိုပျော်ရွှင်အောင်ထားပါ။

35.
သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။ပျော်ရွှင်အောင်ထားခြင်းကသင်.ကိုအကျိုးပြုပါလိမ်.မည်။

36.
နေ့စဉ်တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။(ငွေ၊အရာဝတ္တု၊စကား)စကားလက်ဆောင်သည်အကောင်းဆုံးနွေးထွေးမှု.။

37.
အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။တိုးတက်ဖို.လမ်းမြင်လျှင်လုပ်ကိုင်ပါ။

38.
သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။မျှဝေခြင်းမှာကျေနပ်ခြင်းတွေရှိပါတယ်။