Pages

Friday, February 17, 2012

ကျင့်ဝတ်


အလေးအမြတ်ပြုရမည့် အရပ် ၆-မျက်နှာ
၁။ အရှေ့မှာ မိဘ
၂။ တောင်မှာ ဆရာ၊
၃။ အနောက်မှာ မယား၊
၎။ မြောက်ကား မိတ်ဆွေ၊
၅။ အောက်ခြေ ကျွန်မှတ်
၆။ ထက်ရပ် သံဃာ၊ မှတ်သားပါ၊ ခြောက်ဖြာတံခါးပေါက်။

သားသမီးကျင့်ဝတ် ၅-ပါး
၁။ ကျွေးမွေးမပျက်
၂။ ဆောင်ရွက်စီမံ
၃။ မွေခံထိုက်စေ
၎။ လှူမျှဝေ၍
၅။ စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ (ကျင့်ဖွယ်သမီး တို့တာ)

မိဘကျင့်ဝတ် ၅-ပါး
၁။ မကောင်းမြစ်ထာ
၂။ ကောင်းရာညွှန်လတ်
၃။ အတတ်သင်စေ
၎။ ပေးဝေနှီးရင်း
၅။ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မမယ် တို့တာ။

တပည့်ကျင့်ဝတ် ၅-ပါး
၁။ ညီညာထကြွ
၂။ ဆုံးမနာယူ
၃။ လာမှုကြိုဆီး
၎။ ထံနီးလုပ်ကျွေး
၅။ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

ဆရာကျင့်ဝတ် -ပါး
၁။ အတတ်လည်းသင်
၂။ ပဲ့ပြင်ဆုံးမ
၃။ သိပ္ပမချန်
၎။ ဘေးရန်ဆီးကာ
၅။ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

လင်ကျင့်ဝတ် ၅-ပါး
၁။ မထီမဲ့ကင်း
၂။ အပ်နှင်းဥစ္စာ
၃။ မိစ္ဆာမမှား
၎။ ၀တ်စားဆင်ယင်
၅။ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ၅-ပါး
၁။ အိမ်တွင်းမှုလုပ်
၂။ သိမ်းထုပ်သေချာ
၃။ မိစ္တာကြဉ်ရှောင်
၎။ လျောအောင်ဖြန့်ချိ
၅။ ပျင်းရိမမှု၊ တတ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါး
၁။ ပေးကမ်းချီးမြင့်
၂။ ကိုယ်နှင့်ယှဉ်ထား
၃။ စီးပွားဆောင်ရွက်
၎။ နှုတ်မြွတ်ချိုသာ
၅။ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အလုပ်ရှင်(အရှင်)ကျင့်ဝတ် ၅-ပါး
၁။ ၀စွာကျွေးမွေး
၂။ ပြုရေးစီရင်
၃။ နာလျှင်ကုစေ
၎။ ငှဝေရသာ
၅။ အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ်ငါးခုသာ။

အလုပ်သမား(ကျွန်)ကျင့်ဝတ် ၅-ပါး
၁။ အိပ်သော်နောက်ကျ
၂။ ထသောကားရှေး
၃။ ပေးမှယူအပ်
၎။ စေ့စပ်ဆောင်ရွက်
၅။ ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။

ဒါယကာကျင့်ဝတ် -ပါး
၁။ မေတ္တာစိတ်သက်
၂။ ဆောင်ရွက်ချစ်ခင်
၃။ ပေးမှယူအပ်
၎။ စေ့စပ်ဆောင်ရွက်
၅။ တက်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး
၁။ မကောင်းမြစ်တာ
၂။ ကောင်းရာညွှန်လစ်
၃။ အသစ်ဟောကျူး
၎။ နားဖူးထပ်မံ
၅။ နတ်ထံတင်ရာ
၆။ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

အဂတိတရား ၄-ပါး
၁။ ဆန္ဒာဂတိ=ချစ်သောကြောင့်(မျက်နှာလိုက်၍) မတရားပြုခြင်း
၂။ ဒေါသာဂတိ=မုန်းသောကြောင့် မတရားပြုခြင်း
၃။ မောဟာဂတိ=မသိသောကြောင့် မတရားပြုခြင်း
၎။ သာယာဂတိ=ကြောက်သောကြောင့် မတရားပြုခြင်း
ဤတရားလေးပါးကိုလိုက်စားလျှင် လဆုတ်ပက္ခလလို ဆုတ်ယုတ်မည်၊
ရှောင်ရှားလျှင် လဆန်းပက္ခလလို တနေ့တခြား ထွန်းလင်းတောက်ပမည်။
*
ချစ်မုန်းကြောက်ထွေ၊ တွေဝေသောအား၊ လွန်ကျူးမှားသော်၊ မပွားလရောင် ဆုတ်ယောင်သော်။
*
ချစ်မုန်းကြောက်ထွေ၊ တွေဝေသောအား၊ မလွန်ငြားသော်၊ တိုးပွားလရောင် ပြည့်ယောင်သော်။

ဥစ္စာပျက်ကြောင်း -ပါး
၁။ သေစားသောက်စား
၂။ လမ်းသွားခါမဲ့
၃။ ရှငဲ့သဘင်
၎။ ပျော်ရွှင်အန်လောင်း
၅။ မကောင်းမိတ်ဖျင်း
၆။ ပျင်းရိခြင်းကား ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။

အရက်သောက်ခြင်း အပြစ် -ပါး
၁။ ဥစ္စာယုတ်ခြင်း
၂။ ငြင်းခုံများစွာ
၃။ ရောဂါထူပြော
၎။ ကျော်စောမဲ့တုံ
၅။ မလုံအင်္ဂါ
၆။ ပညာနည်းရှာ၊ ဤခြောက်ပါး၊ သောက်စားသေစာ အပြစ်တည်း။

အချိန်မဲ့သွားလာခြင်း အပြစ် ၆-ပါး
-၂။ ကိုယ့်သားမယား
၃။ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း
၎။ မကောင်းအရာ၊ ရွံရှာလေအပ်
၅။ ယိုးစွပ်ရောက်မှု
၆။ ဆင်းရဲစုဟု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

ပွဲသဘင်သွားခြင်း၏ အပြစ်၆-ပါး
၁။ ကခြင်းတလီ
၂။ သီခြင်းတသီ
၃။ မှုတ်တီးတသင်း
၎။ ပြိန်ဖျင်းတအုပ်
၅။ လက်ခုပ်တတည်
၆။ အိုးစည်တဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား၊ ကြည့်ရူသဘင်အပြစ်တည်း။

လောင်းကစားခြင်း အပြစ် ၆-ပါး
၁။ နိုင်သူရန်ပွား
၂။ ရူံးသားစိုးရိမ်
၃။ စည်းစိမ်လျော့ပါး
၎။ တရားသဘင်၊ မ၀င်သက်သေ
၅။ မိတ်ဆွေနှိပ်ဆို
၆။ မလိုထိမ်းမြား၊ ဤခြောက်ပါး၊ လောင်းကစားမှု အပြစ်တည်း။

အပေါင်းအသင်းမကောင်းခြင်း၏ အပြစ် ၆-ပါး
၁။ ကြွေအန်ကျူးထ
၂။ မိန်းမကျူးထွေ
၃။ သေစာကြူးမှု
၎။ အတုပြုငြား၊ လှည့်စားတထောက်
၅။ မျက်မှောက်လှည့်ချက်
၆။ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြား မိတ်ဆွေအပြစ်တည်း။

ပျင်းရိခြင်းအပြစ် -ပါး
၁။ အချမ်းပြည့်ဝှန်
၂။ အလွန်ပူနိုး
၃။ မိုးချုပ်လှမော
၎။ စောလွန်းလှယောင်
၅။ ဆာလောင်ပြင်းလှ
၆။ ၀မ်းဝလွန်ထွေ၊ ဓနကဥစ္စာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

နာယကမတင်ထိုက်သူ (အနာယက) -ဦး
ဂဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊ လိမ်မျိုးခွေးအ၊ ဤခြောက်ဝ၊ နာယကမတင်ထိုက်။
၁။ ဂဏန်းကဲ့သို့ အမြဲလက်မထောင်လေ့ရှိသူ
၂။ ပုတ်သင်ကဲ့သို့ သူတပါးလုပ်သမျှ ခေါင်းညိတ်တတ်သူ
၃။ လေလာရာ ယိမ်းပါးတတ်သော ကိုင်းပင်ကဲ့သို့ ဟိုဘက်သည်ဘက် ယိမ်းပေါင်းတတ်သူ
၎။ နွားသိုးကဲ့သို့ ရှူးရှူးဒိုင်းဒိုင်းပြုမှု၍ စိတ်တိုတတ်သူ
၅။ လိပ်ကဲ့သို့ ကိုယ့်ဘက်ကိုယက်တတ်သူ
၆။ ခွေးအကဲ့သို့ စားပိုးနင့်အောင်စားပြီး ဇိမ်ခံတတ်သူ။

ကြွယ်ဝချမ်းသာကြောင်း လောကိသမ္ပဒါ -ပါး
*
ထကြွသိမ်းဆဲ၊ မျှသုံးစွဲ၊ ပေါင်းမြဲမိတ်ဆွေကောင်း။
*
လောကီရေးမှာ၊ ပြည့်စုံပါ၊ မှန်စွာကြီးပွားကြောင်း။
၁။ ဥဌာနသမ္ပဒါ=ထကြွလုံ့လ၀ီရိယရှိခြင်း
၂။ အာရက္ခသမ္ပဒါ=ရရှိပြီး စည်းစိမ်ဥစ္စာကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
၃။ ကလျာဏမိတ္တသမ္ပဒါ=မိတ်ဆွေကောင်းနှင့်ပြည့်စုံခြင်း
၎။ သမဇီဝိတသမ္ပဒါ=ဥစ္စာအင်အား ၀င်ငွေထွက်ငွေ မျှတတိုင်းထွာ၍ အသက်မွေးခြင်း

သာဓုနရတနာ -ပါး
၁။ ရှေးသူတော်ကောင်းတို့ သွားရာလမ်းကို လိုက်ခြင်း
၂။ စိုသောလက်ကို အခြောက်မခံခြင်း (ရှိပြီးမိတ်ကိုအပျက်မခံခြင်း)
၃။ မိတ်ဆွေကို မပြစ်မှားခြင်း
၎။ မိန်းမ မလိုက်စားခြင်း
(
ဝိဓုရအမတ်ကြီးတရား)

ဗြဟ္မစိုရ်တရား -ပါး
၁။ မေတ္တာ=ချစ်ခြင်း
၂။ ကရုဏာ=သနားကျင်နာခြင်း
၃။ မုဒိတာ=၀မ်းမြောက်ခြင်း
၎။ ဥပေက္ခာ=ကံတရားအတိုင်း (လျစ်လျူရူခြင်း)
ဤကမ္ဘာကြီးသာယာငြိမ်းချမ်းအောင် ဤတရားလေးပါးက စွမ်းဆောင်နိုင်ပါသည်။ ထို့ကြောင့်

ဗြဟ္မစိုရ်တရားလေးပါးကို ကြိုးစား၍ လိုက်နာကြပါ။

လောကပါလတရား ၄-ပါး
ဟိရိသြတ္တပ္ပ (အရှက်နှင့်အကြောက်) တရားနှစ်ပါး ကိန်းဝပ်သော် ကမ္ဘာသားများ ကိုယ်၊ နှုတ်၊ စိတ်
ယဉ်ကျေးလိမ္မာနိုင်၏။
အရှက်အကြောက်တရား ၂-ပါး ပျက်ပြားသော လူတို့၏ ကိုယ်၊ နှုတ်၊ စိတ်
အမှုအရာများ ရိုင်းပျတတ်၏၊ ထို့ကြောင့် ဟိရိသြတ္တပ္ပတရား ၂-ပါးကို စောင့်ထိန်း ရန် အရေးကြီး၏၊
လောကကြီးမပျက်စီးအောင် စောင့်ရှေက်တတ်၍ ဤတရား -ပါးကို လောကပါလကမ္ဘာစောင့်တရားဟု ခေါ်၏။
၁။ ၀က်သည် မစင်ကိုမရွံသကဲ့သို့ အရှက်တရားမရှိသူသည် ဒုစရိုက်အမှုကိုပြုရန် ၀န်မလေး။
၂။ ပိုးဖလံသည် မီးပုံကိုတိုးရန် မကြောက်သကဲ့သို့ သ္တြပ္ပတရားမရှိသူသည်လည်း ဒုစရိုက်အမှုကိုပြုရန် ၀န်မလေးချေ။

ပြဿနာဖြေရှင်းနည်း ၅-မျိုး
၁။ ဂါထာမန္တာန်ဖြင့် ဖြေရှင်းနည်း
၂။ ပညာရှိနှင့်တိုင်ပင်၍ ဖြေရှင်းနည်း
၃။ ချစ်ဖွယ်သောစကားကိုဆို၍ ဖြေရှင်းနည်း
၎။ လက်ဆောင်ပေး၍ ဖြေရှင်းနည်း
၅။ဆေါမျိုးစပ်၍ ဖြေရှင်းနည်း

လမ်းလျှောက်ခြင်းအကျိုး ၅-ပါး
၁။ ခရီးသွားနိုင်
၂။ ကြံ့ခိုင်အားအင်
၃။ ကင်းစင်ရောဂါ
၎။ အစာကျေလျက်
၅။ မပျက်သမာဓိ၊ ငါးပါးရှိ၊ သွားသည့်စင်္ကြံ အကျိုးတည်း။

အသင်းအဖွဲ့ပျက်စီးကြောင်း တရား ၆-ပါး
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ရန်ငြိုးဖွဲ့ခြင်း
၃။ ကျေးဇူးမဲ့ကိုသာဆိုခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူစူခြင်း
၆။ ၀န်တိုခြင်း။
*
စိတ်ဆိုးငြိုးဖွဲ့၊ ချေဖဲ့ကျေးဇူး၊ ဂုဏ်ထူးသူကို၊ ဖက်ပြှို်လိုမှု၊ ၀န်တိုမှုဟူ၊ ငြူစူတတ်ငြား၊ ဤခြောက်ပါး၊
ကွဲပြားကြောင်းဟုမှတ်။

သိကြားလောင်းကျင့်ဝတ်
လုပ်ကျွေးမိဘ၊ ဇေဋ္ဌရိုသေ၊ မှန်စေသစ္စာ၊
ပိသုဏာနှင့်၊ ဖရုသာပစ်၊ မစ္ဆေ၀န်တို၊
မရှိလိုပဲ၊ မျက်ကိုရှောင်ရှား၊ ခုနှစ်ပါးသည်၊
သိကြားဖြစ်ကြောင်း ကျင့်ဝတ်တည်း။
၁။ မိဘကိုလုပ်ကျွေးခြင်း
၂။ ကြီးသူကိုရိုသေခြင်း
၃။ သစ္စာရှိခြင်း
၎။ ကုန်းမတိုက်ခြင်း
၅။ ပြေပြစ်သိမ်မွေ့ခြင်း
၆။ ၀န်တိုမှုကင်းခြင်း
၇။ အမျက်မထွက်ခြင်း
(
သံ၊ ၁၊နှာ၊ ၂၃၀၊ ၀တပဒသုတ်)

No comments: