မြတ်စွာဘုရားက လူချမ်းသာဖြစ်ဖို့အတွက် “ မျှတသော အသက်မွေးမှု” ရှိရမည်ဟု မိန့်တော်မူခဲ့သည်။ လူသည် ရရှိလာသော လူ့အသက်လေး
ဆက်လက်ရှင်သန်နိုင်ဖို့အတွက် စားစရာ
နေစရာ ထိုင်စရာ ဆေးဝါး ဓာတ်စာ
ကျွေးမွေးပြီး ပိုးမွေးသလို မွေးမြူနေရသည်။
- စားစရာ ၀တ်စရာ နေစရာ ထိုင်စရာ ဆေးဝါးဓာတ်စာ
ပြည့်စုံဖို့အတွက်
မနားတမ်း ရှာဖွေနေရသည်။ ရဖို့က မသေချာပေမယ့်
ကုန်ဖို့ကတော့သေချာသည်။ အ၀င်က မသေချာပေမယ့်လည်း အထွက်ကတော့သေချာ သည်။ ၀တ်စရာ နေထိုင်စရာက နေ့စဉ်မကုန်ပေမယ့် စားစရာကတော့ နေ့စဉ်ကုန်နေမည်။ အ၀င်ကမလွယ် ပေမယ့်
အထွက်ကတော့အလွန်လွယ်သည်။ အမှတ်တမဲ့ အလွယ်တကူကို
ထွက်နေသည်။
- လူချမ်းသာဖြစ်ချင်သူသည် အ၀င်အထွက် ထိန်းချုပ်ကိုင်တွယ်နိုင်ရမည်။ အ၀င်ကနေ့စဉ်ရှိချင်မှ ရှိမည်ဖြစ်သော်လည်း
အထက်ကတော့ နေ့စဉ်ရှိနေမည်ဖြစ်သည်။
သာမန်လူတန်းစားအဖို့ အထွက်နောက်ကို အ၀င်ကမီအောင် လိုက်နိုင်ကာမှ တော်ကာကျမည်။ အထွက်နောက်ကို အ၀င်က
မီအောင်မလိုက်နိုင်လျှင်ဖြင့် ဒုက္ခရောက်ဖို့သာရှိတော့သည်။
- အဆင့်တစ် အနေဖြင့် အ၀င်အထွက် ၀င်ငွေထွက်ငွေ မျှတနေလျှင်ပင် နေသာထိုင်သာရှိမည်ဖြစ်သည်။
လူချမ်းသာ သူဌေးကတော့ ဖြစ်နိုင်သေးမည်မဟုတ်။ လူချမ်းသာဖြစ်ဖို့ကတော့ တစ်ဆင့်တက်၍ ထွက်ငွေထက် ၀င်ငွေအား
ကောင်းအောင် ကြိုးစားဖို့ လိုအပ်မည်။
ထွက်ပေါက်ကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရမည်။ ထွက်သင့်မှ ထွက်ဖို့၊ မထွက်သင့်က မထွက်စေဖို့
ထိန်းသိမ်းနိုင်ရမည်။
No comments:
Post a Comment