၁။စိတ်ကျန်းမာခြင်း
စိတ်ကျန်းမာခြင်းဆိုသည်မှာ တည်ကြည်ခြင်း၊….. မိမိကိုယ်ကိုယုံကြည်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊
အပျက်ကိုမရှုဘဲ အဖြစ်ကိုသာရှုတတ်ခြင်း

ကျန်းမာသော စိတ်သည် အလုပ်တွင်
စိတ်ဝင်စား၏။
အလုပ်များလုပ်လိုပြီး ခက်ခဲသော အလုပ်များကို အောင်မြင်အောင်ပြုလုပ်လို၏။
ကြီးကျယ်သောအလုပ်များကို စိတ်အားထက်သန်စွာ စဉ်းစားလုပ်ကိုင်လို၏။
စိတ်ဓာတ်အမြဲတက်ကြွနေပြီး ရှေ့ဆောင်လမ်းပြလုပ်ကိုင်လို၏။
မိမိကိုယ်ကိုသာအားကိုးလို၏။
သည်းခံစိတ်ကြီးမားပြီး
သနားကြင်နာတတ်သည်။
ဖော်ဖော်ရွေရွေရှိပြီး ညှာညှာတာတာ ပြောဆိုပြုလုပ်တတ်သည်။
၂။တိုက်ခိုက်ပါ
၂။တိုက်ခိုက်ပါ
အတွင်းရန်သူဖြစ်သော စိတ်ဆိုးခြင်း၊… ကြောက်ခြင်း၊… စိတ်ရှုပ်ခြင်း၊…. မုန်းတီးခြင်း၊ …ကလဲ့စားချေလိုခြင်း၊ …၀မ်းနည်းခြင်း၊ ….လောဘကြီးခြင်း၊ ….နာမည်ကျော်ကြားလိုခြင်း၊ ….မာနကြီးခြင်း၊….. စိတ်အားငယ်အောင်တွေးခြင်း စိတ်တွင်ကိန်းအောင်းနေသမျှ အင်အားသတ္တိတို့ကို တစ်စတစ်စယူသွားလိမ့်မည်။
နောက်ဆုံး
မကျန်းမာအောက်ဖြစ်စေ၊
အားနည်းသွားအောင်ဖြစ်စေ လုပ်လိမ့်မည်။
ကျွန်တော်တို့မောပန်းသောအခါ၊ ……မကျန်းမာသောအခါ ရုတ်တရက် ၀င်ရောက်လာတတ်၏။

ပထမတွင် ခေတ္တရောက်လာတတ်ပြီး
ကြာသောအခါ အကျင့်ဖြစ်သွားတတ်သည်။
ထို့ကြောင့် ၄င်းစိတ်နုံ့နဲမှုများ မ၀င်ရောက်နိုင်ရန်
ကာကွယ်တားဆီးရမည်ဖြစ်ပြီး
ဝင်ရောက်နေသည်ကို သိရှိပါက
အမြန်ဆုံးချေမှုန်းရှင်းလင်းမောင်းနှင်ပစ်ရမည်။
၃။စိတ်တည်တံ့ရေး နည်း ၁၀ နည်း
(က) မိမိကြိုက်သော အလုပ်တစ်ခုကို……………… အရင်ဦးစွာလုပ်ပါ။
(ခ) အလုပ်တစ်ခုပြီးသည်အထိ………………. စွဲစွဲမြဲမြဲ လုပ်ပါ။
(ဂ) ကောင်းကောင်းအိပ်ပြီး ………………….ကောင်းကောင်းအနားယူပါ။
(ဃ)အခြားသူများနှင့် ………………….ချစ်ခင်စွာနေပါ။
(င) ဒုက္ခများကို…………….. အခင်မင်ဆုံးမိတ်ဆွေသူငယ်ချင်းအားပြောပြပါ။
(စ)သေးငယ်သောဒုက္ခများကို…………………မေ့ပစ်ပါ။
(ဆ)ပျော်စရာကောင်းသောအကြောင်းအရာများကိုသာအမြဲ………………….စဉ်းစားပါ။
(ဇ) သူတစ်ပါး၏ သနားကြင်နာခြင်းကို ……………..မလိုလားပါနှင့်။
(ဈ) မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးလုံး…………… အနားယူပါ။
(ည)မိမိကိုယ်ကို ယုံကြည်ပါ။ မိမိလုပ်သော အလုပ်ကိုလည်း ယုံကြည်ပါ။
၎။လုပ်ပါ။လုပ်ပါ။ …………….ဘယ်တော့မှနောက်မဆုတ်ပါနှင့်။
အလုပ်လုပ်သလောက်အကျိုးခံစားရပါမည်။

ထို့ထက်တော့ပိုရနိုင်ရန် မမျှော်လင့်ပါနှင့်။
အောင်မြင်လိုက အလုပ်လုပ်ပါ။ လုံးဝ(လုံးဝ)နောက်မဆုတ်ပါနှင့်။
၅။အောင်မြင်သူ
အောင်မြင်သူဆိုသည်မှာ အလုပ်များကို စားတော့ဝါးတော့မလို လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။……….. အလုပ်တွေ့သမျှကို လွှဲဖယ်ရှောင်ရှားနေသူမဟုတ်ပါ။
အောင်မြင်သူဆိုသည်မှာ တာဝန်ဟူသမျှကို တတ်နိုင်သလောက် ထမ်းဆောင်နေသူ ဖြစ်ပါသည်။……………………. လွှဲဖယ်ရှောင်ရှားနေသူမဟုတ်ပါ။
အောင်မြင်သူဆိုသည်မှာ တာဝန်ထမ်းဆောင်မိလျှင် ငေးမောမနေတတ်။…………. ကျေပွန်အောင် ပြုလုပ်နိုင်ရန် အကြံဥာဏ်သစ်များကိုရှာဖွေစုံစမ်း၏ ။ …………………..သူတစ်ပါးထံမှ အကြံဥာဏ်သစ်များကို တောင်းဆို၏။
အောင်မြင်ရေးအတွက်အလုပ်လုပ်သူသည် မုချအောင်မြင်မည်ဟုမပြောနိုင်။………….. သို့သော် အောင်မြင်ရေးအတွက် အထောက်အပံ့တော့သေချာပေါက်ဖြစ်ပေမည်။
၆။ရှေ့ဆောင်လမ်းပြ
ရှေ့ဆောင်လမ်းပြဆိုသည်မှာ မိမိလုပ်လိုသောအလုပ်များကိုသာ စဉ်းစားမနေဘဲ…………. မိမိလက်ရှိအလုပ်ကို သူတစ်ပါးထက် ထူးခြားစွာလုပ်ကိုင်တတ်ခြင်းမျိုးကို ဆိုလိုသည်။
ရှေ့ဆောင်လမ်းပြလုပ်သူသည်………………………… ယနေ့လုပ်မည့်အလုပ်ကို နက်ဖြန်ထိ ဆွဲမထားတတ်ပါ။
ထို့ကြောင့် တစ်နေ့နေ့မှလုပ်မည်ဟုမပြောပါနှင့်။……………… 'ယနေ့လုပ်မည်' ဟုပြောပါ။
၇။လောကတွင် လူ ၅ မျိုးရှိသည်။
(၁)အလုပ်ရှောင်သူ။ ။အလုပ်ကို………… ခိုကပ်နေသူ။
(၂)အလုပ် အ သူ ။ ။အလုပ်ကို ……………………တကယ်နားမလည်ဘဲ နားလည်သလို ဟန်ဆောင်လုပ်နေသူ။
(၃)အလုပ် ပျင်းသူ ။ ။အလုပ်လုပ်ရန် ပျင်း၍ …………….ဆင်ခြေအမျိုးမျိုးပေးနေသူ။
(၄)အလုပ်လိမ်သူ။ ။အလုပ်ကို ……………..ဆယ်ပြားတန်လုပ်၍ တစ်ကျပ်တန် တောင်းတတ်သူ။
(၅)အလုပ်အားမကိုးသူ။ ။မိမိကိုယ်ကို ……………………မိမိအားမကိုးဘဲ သူတစ်ပါး၏ နှာခေါင်းနှင့် အသက်ရှုသောသူ။

ယုံကြည်သူ၏
ထာဝရလုံခြုံစိတ်ချမှု
၁။ ထာဝရလုံခြုံစိတ်ချမှု ဩဝါဒနှင့် အကျွမ်းတဝင်ဆက်နွယ်နေသော ဩဝါဒ-(၈)မျိုး။
၂။ ထာဝရလုံခြုံစိတ်ချမှုမရှိဟူသော ဩဝါဒအတွက်အများအားဖြင့် အသုံးပြုနေကြ သော ကျမ်းချက်များ။
မိမိကိုယ်ကိုယုံကြည်ခြင်း၌ တည်မတည်စစ်ဆေးခြင်း၊………… မိမိကိုယ်တိုင်သက်သေခံခြင်းများ ပြုလုပ်ရပေမည်။…………. သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ .
No comments:
Post a Comment