Pages

Wednesday, February 29, 2012

ဘ၀မှာ ရိုးရှင်းသော စည်းမျဉ်း ၃ ချက်

၁ ) သင်ဘာလိုချင်လဲဆိုတာကို သိပြီးနောက် -- သင်မသွားရင် -- အဲဒီအရာကို သင်ဘယ်တော့မှရမှာမဟုတ်ဘူး
၂ ) သင်ဘယ်တော့မှ မမေးရင် --- အဖြေ ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး
၃ ) သင်ရှေ့ကို ဆက်မလှမ်းရင် -- သင်အမြဲတမ်း တစ်နေရာတည်းမှာပဲ ရှိနေလိမ့်မယ်

Tuesday, February 28, 2012

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ

ဗုဒ္ဓဟူးနေ့သို့ ဆိုက်ရောက်လာခဲ့လေပြီ။ ရာသီဥတုသည် စိုစွတ် ထိုင်းမှိုင်းလျက် ရှိ၏။ ရီဝေအုံ့ဆိုင်းနေသော မိုးကောင်းကင်ထက်ဆီမှ ဖျော့တော့သော နေရောင်ခြည်သည် ပတ်ဝန်းကျင် တခွင်လုံး ကို ငြိမ်သက်စွာဖြင့် ပက်ဖျန်းပေးလျက် ရှိသည်။ မြို့ဘက်ဆီမှ တ၀ီဝီ မြည်သံများသည် ကာဆာဘရီဇာ အိမ်ကြီးဆီသို့ မကြာမကြာ ရောက်လာတတ်၏။ ဤကြားထဲမှပင် အိမ်ကြီးသည် ထူးထူး ခြားခြား တိတ်ဆိတ်ခြောက်သွေ့လျက် ရှိလေသည်။

အပြင်လောကရှိ ရာသီဥတု အခြေအနေနှင့် ကောင်စစ်ဝန်၏ စိတ်သည် အပြိုင်အဆိုင် ဖြစ်လျက် ရှိလေသည်။ ယနေ့ နံနက် အိမ်ရာမှ နိုးလာကတည်းက ဘရန်းဒီး၏ စိတ်သည် သာယာကြည်လင်ခြင်း ကင်းမဲ့ လျက်ရှိသည်။ သူ ရင်ဆိုင်နေရသော ပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် မည်ကို လွန်ခဲ့သော နှစ်ရက်ကပင် ဆုံးဖြတ်ပြီးခဲ့ပြီး ဖြစ်၏။ ဆုံးဖြတ်ပြီးသော ကိစ္စတခုနှင့် ပတ်သက် လာလျှင် သူသည် နောက်ကြောင်းပြန်၍ စဉ်းစားသော အလေ့အထရှိသူ မဟုတ်ပေ။ သူ့အနေဖြင့် ဆုံးဖြတ်ထားသည့် အတိုင်းသာ ဆက်လုပ်ရတော့မည် ဖြစ်သည်။ သို့ဆိုလျှင် သူ့မှာဘာများ သောက ရောက်စရာ လိုပါတော့သနည်း....။ သို့သော်လည်း လွန်ခဲ့သော ရက်များအတွင်းမှစ၍ စွဲကပ် လာသော စိတ်ညစ် စိတ်ရှုပ်မှုသည် ယခုအချိန်ထိ မပျောက်သေး။

နံနက်စာ စားအပြီး ရုံးသို့မသွားမီ ဘရန်းဒီးသည် နီကိုလတ်စ်ကိုခေါ်၍ သူလုပ်စရာရှိသည့် ကိစ္စများကို နည်းလည်အောင် ရှင်းပြသည်။ နီကိုလတ်စ်ကလည်း သူ့အဖေပြောပြနေသမျှကို အေးဆေးစွာပင် နားထောင် သည်။ ကြားဖြတ်၍ ပြောချင်စိတ် မေးချင်စိတ် ရှိသော်လည်း မမေးဝံ့။ နောက်ထပ် သူနှင့် သူ့အဖေ ကြားတွင် ပြဿနာ ထပ်ဖြစ်မည်ကို ကြောက်လျက်ရှိသည်။ သို့သော်လည်း သူ့အဖေ ကားနား သို့ ရောက်လာသည့် အခါတွင်မူ နီကိုလတ်စ်၏ စိတ်သည် လှုပ်ရှားလာသည်။ ပြောချင်သည့် စကားကို မပြောပဲ မနေနိုင် ဖြစ်လာသည်။ သူသည် တံခါးဝတွင် ရပ်နေရာမှ သူ့အဖေအား တချက်မော့်ကြည့်ပြီး 'မသွား ပါနဲ့လား.... ဖေဖေ'ဟု မ၀ံ့မရဲလေသံဖြင့် လှမ်းပြောသည်။
"မသွားလို့ မဖြစ်ဘူး နီကိုလတ်စ်" နီကိုလတ်စ်ငြိမ်နေသည်။

"မသွားပါနဲ့ ဖေဖေရယ်၊ ဖေဖေသွားနေဖို့ မလိုပါဘူး၊ ဂျိုစီကိုပို့တာ သူတို့ဘာသာ သူတို့ ပို့လဲရမှာပါ၊ ဖေဖေ လိုက်ဖို့ လိုမယ်မထင်ပါဘူး'ဟု နီကိုလတ်စ်က ထပ်ပြောပြန်သည်။
သို့သော် လည်း ထိုအချိန်တွင် ဘရန်းဒီးသည် မော်တော်ကားထဲ ရောက်နေလေပြီ။ ကားထဲမှနေ၍ ခေါင်းကို ဖြည်းညင်း စွာ ယမ်းပြသည်။ ပြီးတော့ လက်တဘက် မြှောက်၍ နှုတ်ဆက်သည်။ ထို့နောက်တော့ မော်တော်ကား သည် ထွက်သွားလေသည်။

ဘရန်းဒီးရုံးရောက်သည့်အခါ သူသွားရမည့် ခရီးအကြောင်းကို တွေးဖို့ အချိန်မရတော့။ အမေရိကန် နိုင်ငံ သို့ သွားရောက်နေထိုင်ရန် လျှောက်ထားသူများအား လူကိုယ်တိုင် တွေ့ဆုံး စစ်ဆေးခြင်း၊ ယင်းတို့ကို လျှောက်လွှာ များကို စိစစ်၍ ထောက်ခံပေးခြင်း၊ ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာမည့် အမေရိကန် သင်္ဘော များ ချောချောမောမော ပြန်လည်ထွက်ခွာနိုင်ရေး အတွက် လိုအပ်သည့် ကိစ္စအ၀၀ကို စစ်ဆေး ရှင်းလင်း ပေးခြင်း စသည့်အလုပ်များဖြင့် မအားမလပ် ဖြစ်နေရလေ၏။

ထိုတာဝန်များ ပြီးစီးသွားပြန်တော့လည်း ပါရီမြို့မှ ထုတ်ဝေသူ တဦးထံမှ စာတစောင် ရေးရပြန်သည်။ ထုတ်ဝေသူ မှာ ပါမောက္ခ ဟေးလီးဗီးက အကြံပြု ထောက်ခံပေးခဲ့သူ ဖြစ်၍ သူ့စာမူ "မေးဘရန်းချီး" အပေါ်တွံင် လိုလိုချင်ချင် ရှိလိမ့်မည်ဟု မျှော်လင့်ရပေသည်။ စာရေးရသည်မှာ ယခင်ကလို သွက်သွက် လက်လက် မရှိ။ သူ့ကလောင်တံသည် လေးကန် ဖင့်နွှဲလျက် ရှိ၏။ သူ့စိတ်သည် ထိုင်းမှိုင်းလျက် ရှိသည်။ ဘာပဲ ဖြစ်ဖြစ် လောလောဆယ် သူ့မှာ ကျေနပ်မှုကလေး တခုတော့ရှိပါ၏။ သူရေးသား ပြုစုနေသော စာမူ သည် အပြီးသတ် သွားခဲ့ပြီဖြစ်ရာ ယခုဆိုလျှင် ထုတ်ဝေသူထံသို့ ပို့ဖို့အတွက် ထုပ်ပိုးပြီး သူ့အိမ်ခန်း ထဲတွင် အသင့်ရှိနေပေပြီ။

တနာရီ ထိုးသောအခါ ဆင်းဒ၀စ်ပေါင်မုန့် တချပ်နှင့် ကော်ဖီတခွက်ကို နေ့လယ်စာအဖြစ် သူ့အခန်း ထဲမှာ၍ စးလိုက်သည်။ နောက်မိနစ်နှစ်ဆယ်ခန့်အကြာတွင်မူ သူသည် ဘူတာရုံဘက်သို့ ဦးတည်၍ လျှောက်သွား လျက် ရှိ၏။ မိုးပေါက်များ တဖွဲဖွဲကျစပြုလာလေပြီ။ မိုးရေစက်များသည် ညစ်ပတ် ပေရေ လျက် ရှိသော ပလက်ဖောင်းပေါ် ခပ်ပြင်းပြင်း ရိုက်ခတ်လျက် ရှိသည်။ ကောင်စစ်ဝန်သည် မိုးရေစို မည်ကိုပင် ဂရုမထားပဲ ဖြည်းဖြည်းမှန်မှန်ပင် လျှောက်သွားသည်။ သူ့စိတ်အာရုံသည် ဂရေစီယာထံသို့ ရောက်လျက် ရှိသည်။ သူမေးမြန်းစုံစမ်းစဉ် အခါက ဂရေစီယာ ပြုမူခဲ့သော ရုန့်ရင်းရိုင်းစိုင်းမှုများသည် သူ့မျက်စိထဲမှ မထွက်။

ဘူတာထဲတွင် ပက်ဒရို၊ ဂျိုစီနှင့် အစောင့်ရဲတို့ ရောက်နေကြပေပြီ။ သူတို့သုံးယောက်သည် ဘူတာ ပလက်ဖောင်း ဘေးတွင် ရပ်ကာ မိုးခိုလျက်ရှိကြ၏။ ကောင်စစ်ဝန်သ်ည သူတို့သုံးယောက်အား စူးစူးဝါးဝါး ကြည့်သည်။ အထူးသဖြင့် အလွန်အမင်း ပိန်ချုံးသွားသော ဂျိုစီကို ကြည့်ကာ အံ့အားသင့်လျက်ရှိသည်။ ဂျိုစီ၏ အသားအရေမှာ သွေးမရှိတော့သည့်နှယ် ဖြူရော်ရော် ၀ါဖန့်ဖန့် ဖြစ်လျက်ရှိသည်။ အ၀တ်အစား များမှာလည်း ဖရိုဖရဲနှင့် ညစ်ပတ်ပေရေလျက် ရှိ၏။ လက်ထိတ်တွဲ၍ ခတ်ထားသဖြင့် အစောင့်ရဲ၏ ဘေးတွင် ခက်ခက်ခဲခဲ ရပ်နေရသည်။ ဂျိုစီကို သူ မမြင်ခဲ့ရသည်မှာ တနင်္ဂနွေ တပတ်မျှသာ ရှိပေ သေးသည်။ ဤတပတ်လောက်အတွင်း ဤမျှလောက် ရုပ်အသွင်အပြင် ပြောင်းသွားသည်မှာ သူ့အဖို့ အံ့သြဖွယ်ရာ ဖြစ်နေသည်။ ဂျိုစီအပေါ်တွင် စက်ဆုပ်ရွံ့ရှာသော စိတ်မှာ ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ပေ။ ထို့ကြောင့်လည်း သူ့စိတ်သည် အေးဆေးတည်ငြိမ်လျက် ရှိသည်။ ယခု သူလုပ်ကိုင်နေပုံမှာ မလုပ် မဖြစ်၍ လုပ်နေရသည့် ပုံမျိုးဖြစ်သည်။

ဘရန်းဒီးသည် မီးရထား လက်မှတ်သွားဝယ်ပြီး သူတို့ လူစုဆီသို့ လျှောက်လာခဲ့သည်။ ပက်ဒရိုနှင့် ဂျိုစီတို့ကတော့ သူ့အကြည့်ကို ရင်ဆိုင်ခြင်း မပြု။ တဘက်သို့ မျက်နှာလွှဲထား ကြသည်။ တရားခံစောင့် ရဲကသာ သူ့ကို မြင်မြင်ခြင်း အားနေသော လက်တဘက်ဖြင့် ဆီး၍ အလေးပြုသည်။
"စိုတိ စိုစွတ်နဲ့ နေရတာ မကောင်းဘူး"ဟု ဘရန်းဒီးက ပြောသည်။
"ဟုတ်တယ်...ဆီညော်'ဟု ရဲက အလိုက်သင့်ပြန်ဖြေသည်။ သူဖြေပုံမှာ တရိုတသေ တလေးတစား ရှိလှ၏။

ဘရန်းဒီး၏ မျက်လုံမျးားသ်ည အရောင်တလက်လက် ထွက်နေသော လက်ထိတ်များပေါ် ရောက်သွား သည်။ သူသည် အတော်ကြာမျှ ငေးစိုက်ကြည့်နေသည်။ သူ့ရင်ထဲတွင် လက်ထိတ်ကို မနှစ်မြို့သော စိတ်ဖြစ် ပေါ်လာသည်။ ရုတ်တရက် သူ့ပါးစပ်မှ မေးခွန်းတခု ထွက်လာသည်။
"ဒါတွေ ခတ်ထားဖို့ လိုသလား"
"ရထားပေါ် မရာက်ခင် လုံခြုံမှု ရှိအောင်လို့ ခတ်ထားပါဆီညော်"

ထို့နောက် ငြိမ်စိတ်သွားပြန်သည်။ ပလက်ဖောင်းခေါင်မိုး ပေါ်သို့ မိုးစက်များ ကျသံသည် မှန်မှန် ထွက်ပေါ် လျက်ရှိသည်။ ပလက်ဖောင်းအပြင်တွင် ရပ်နေကြသည့် လူအုပ်ဆီမှ တီးတိုး စကားပြောသံများကိုလည်း ကြားနေ ရသည်။ သူသည် နောက်သို့ လှည့်၍ လူအုပ်ကိုကြည့်မိသည်။ သူ့အား မနှစ်မြို့သည့် လက္ခဏာ များဖြင့် ကြည့်နေကြသည့် မျက်နှာများ...။ သူ့အကြည့်ကို ချက်ချင်းပင် ပြန်၍ ရုပ်သိမ်းလိုက်သည်။ ခဏမျှ အကြာ တွင် ပက်ဒရိုသည် သူ့မြေးအနားတွင် ရပ်နေရာမှ ထွက်ခွာသွားပြိး သတင်းစာတစောင် ၀ယ်သည်။ ပြန်ရောက် လာသည့်အခါ ဂျိုစီကို စကားလှမ်းပြောသည်။ အသံက ခပ်တိုးတိုး...။ သို့သော်လည်း ရာသီဥတု နှင့် ပတ်သက်၍ ပြောသည့်စကား။ ဂျိုစီကတော့ ခွနးတုံ့ပြန် မပြော။ အနေကျုံ့လာသော ဘရန်းဒီးသည် နေရာရွှေ့ ၍ ရပ်သည်။ မီးရထားလာမှ လာပါဦးမည်လော....။ စောင့်ရသည့် အလုပ်သည် သည်းမခံ နိုင်လောက် အောင် ဆိုးရွားလှပါတကား....။

နောက်ဆုံးတွင် မီးရထား ဥသြသံ သဲ့သဲ့သည် လေထဲတွင် ပါလာသည်။ ပြီးတော့ သံလမ်းနှင့် ထိတွေ့ နေရသည့် ရထားဘီးသံများ။ မ ကြာမတင်မှာပင် မီးရထားသည် ဘူတာရှေ့တွင် ရပ်သည်။ ဘရန်းဒီးသည် ရှေ့ဆုံးမှ နေ၍ သစ်သားတွဲ တတွဲဆီသို့ လှမ်းတက်လိုက်သည်။ ရထားတွဲထဲတွင် ခရီးသည်တချို့ ပါလာသည်။ အားလုံး တောသူ တောင်သားတွေချည်းဖြစ်၏။ ရထားတွဲထဲတွင် တကျော်ကျော် ဟစ်အော်၍ ဈေးရောင်း တတ်သော ခရီးသွား ဈေးသည်နှစ်ဦးပါသည်။ အဘွားအို တချို့မှာ ခြင်းတောင်းများ ကိုယ်စီနှင့် ဖြစ်၏။ သူ့အနေဖြင့် မူလက ထားရှိခဲ့သော ရည်ရွယ်ချက်မှာ ဂျိုစီနှင့် မျက်နှာချင်းဆိုင်ထိုင်ရန်ဖြစ်သည်။

သို့သော်လည်း တစုံတခုသော အရာက သူ့စိတ်အား နှောင့်ယှက်ဟန့်တားသလို ဖြစ်နေသဖြင့် ဂျိုစီနှင့် ခပ်လှမ်းလှမ်းမှခုံတွင် ၀င်ထိုင်မိသည်။ ထိုင်ခုံမှာ ဂျိုစီအား ကျောပေးထားသဖြင့် တည့်တည့်ကြီး မမြင်နိုင် သော်လည်း ထိုင်ခုံရှေ့နံရံပေါ်တွင် မှန်တချပ်ရှိနေသည်။ ဂျိုစီတို့ လူစု၏ လှုပ်ရှားမှုများသည် ဤမှန်ထဲတွင် ပေါ်လျက်ရှိ၏။ ဘရန်းဒီးသည် ထိုင်ခုံတွင် ထိုင်မိသည်နှင့် တပြိုင်နက် ထုံးစံအတိုင်း အချိန်ကြာမြင့်စွာ ရပ်နေဦးမည့် မီးရထားအထွက်ကို သည်းခံ၍ စောင့်ဆိုင်းရန် ကြိုးစားလျက်ရှိလေ၏။

နောက်ဆုံးကျတော့လည်း မီးရထားသည် ဘူတာထဲမှ ထွက်ခွာလာခဲ့သည်။ ရထား၏ နောက်ဘက်တွင် ကျန်ရစ် ခဲ့သည့် ရှုခင်းများကို ငေးမောနေမိသော ဘရန်းဒီးသည် မှန်ထဲတွင် ပေါ်လာသည့် ဂျိုစီတို့၏ လှုပ်ရှားမှု တခုကို သတိထားမိသည်။ အစောင့်ရဲသည် သူ့အိပ်ကပ်ထဲမှ သော့တချောင်းကို ထုတ်ကာ ဂျိုစီ၏ လက်မှလက်ထိတ်ကို ဖြုတ်ပေးသည်။ ဂျိုစီက သူ့လက်ကောက်ဝတ်ကို ပွတ်ယင်းက ရဲအား ကျေးဇူး တင်စကားပြောသည်။ အဘိုးကြီး ပက်ဒရိုကတော့ သတင်ားးထဲမှ အားကစား သတင်းများကို ကျယ်လောင် စွာ အော်ဖတ်လျက် ရှိ၏။ သို့သော်လည်း ဂျိုစီနှင့် အစောင့်ရဲတို့က နားမထင်။ အစောင့်ရဲသည် ဂျိုစီကို မျက်ခြည်အပြတ်ခံသည့် ပုံမပေါ်။ သူ၏ အပြုအမူသည် တာဝန်လစ်ဟင်းပုံမရ။ ဂျိုစီ ကတော့ မျက်နှာကို တဘက်သို့လွှဲကာ မိုးစက်မိုးပေါက်များ ပက်ဖျန်းခြင်း ခံနေရသည့် ရေမြေ တောတောင် များကို ငေးကြည့်နေသည်။

ဂျိုစီ၏ မျက်နှာသည် ရွှင်ရွှင်ပျပျမရှိ။ ၀မ်းနည်းကြေကွဲသော အသွင်သည် အထင်အရှား ပေါ်လွင်လျက်ရှိ၏။ ဤအဖြစ်ကို မြင်ရပြန်တော့လည်း ကောင်စစ်ဝန်သည် ၀မ်းမသာနိုင်။ သူ၏ အောင်နိုင်မှုသည် အနှစ်သာရ ကင်းမဲ့နေသည်။ အရသာ ရှာကြည့်ပါ၏။ မတွေ့။ သူသည် မှန်ထဲတွင် ထင်ပဟ်နေသည့် ဂျိုစီ၏ ရုပ်ရည်ကို စေ့စေ့စပ်စပ် ကြည့်မိသည်။ ထိုအခါကျပြန်တော့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။

ဂျိုစီထံ သွား၍ အားပေးနှစ်သိမ့်သည့် စကားများ ပြောရလျှင် ကောင်းလေမလား....။ အပြစ်မှ သက်သာနိုင်သမျှ သက်သာအောင် လုပ်ပေးမည်ဟူသော ကတိကို ပေးလိုက်လျှင် ကောင်းလေမလား။ အပြစ်မှ သက်သာနိုင်သမျှသက်သာ အောင်လုပ်ပေး မည်ဟူသော ကတိကို ပေးလိုက်ရလျှင် ကောင်းလေ မလား။ သူဘယ်လို လုပ်ရပါနည်း။ အခုမှထ၍ လုပ်ရမည် ဆိုတော့လည်း စိတ်က ဖြောင့်ဖြူးခြင်း မရှိ။ သူ့ စိတ်ကူး သည် အဓိပ္ပာယ်မရှိဟု သူ ထင်၏။ ကောင်စစ်ဝန်သည် ချီတုံချတုံ ချုပ်တည်းသည်။ သူသည် မျက်နှာ ကို မှန်ပေါ်မှ လွှဲကာ တဘက်သို့ ကြည့်သည်။ ခေါင်းမှဦးထုပ်ကို ချွတ်ကာ သူ့နဖူးတွင် စို့နေသော ချွေးသီး ချွေးပေါက်ကြီး များကို လက်ကိုင်ပ၀ါဖြင့် သုတ်သည်။

ရထားတွဲအတွင်းရှိ အပူရှိန်မှာ မခံမရပ်နိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှချေသည်။ ရထား တွဲ၏ အစွန်းတဘက်မှ တံခါးသည် သူ့ရှေ့တည့်တည့်တွင် ရှိနေသဖြင့် အပြင်မှလေတော့ ၀င်ပါ၏။ သို့သော်လည်း ၀င်လာ နေသည့် လေက လေပူကြီး ဖြစ်၏။ ပြီးတော့လည်း သူနှင့် မျက်စောင်းထိုး ဘက်တွင် အိမ်သာ။ ဤအဖြစ် ကို အခုမှပင် သူသတိပြုမိ၏။ ဤလမ်းတွင် မီးရထား အိမ်သာများ သန့်ရှင်းရေးကို မှန်မှန် လုပ်ကြသည် မဟုတ်။

သို့သော်လည်း အခုချိန်ကျမှ နေရာ ပြောင်းထိုး၍ မဖြစ်တော့။ သူသည် စိတ်ပျက်ပျက်နှင့် သူ့နေရာ မှာ ထိုင်ကာ တွေဝေငေးငိုင်လျက် ရှိသည်။ မကြာခဏဆိုသလိုပင် ခရီးသည်များသည် သူ့ဘေးမှ ဖြတ်၍ အိမ်သာဆီ သွားကြသည်။ ဖြတ်သွားဖြတ်လာ လုပ်သူများလေ သူစိတ်ညစ် စိတ်ရှုပ်လေ။ ရထားဘီးသံ များနှင့် လေထိုးသံများသည် သူ့နားနှစ်ဘက်အတွင်းသို့ အဆက်မပြတ် ၀င်လာနေ သည်။ အသံ အားလုံး သည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လျက် ရှိ၏။ သူနေမှ ကောင်းပါလေစေ...။ ဖျားများ ဖျားနေပြီလား...။ ထိုမေးခွန်း ကို သူ့ဘာသာသူ တိတ်တိတ်ကလေးကျိတ်၍ မေးသည်။ သူ မအီမသာ ဖြစ်နေခြင်းသည် ကိုယ်ခန္ဓာ နှင့် မဆိုင်မှန်း သူ သိသည်။ အမှန်တော့ သူ အခုလို ဖြစ်နေ ရခြင်းသည် စိတ်...။ စိတ်ပိုင်း အားနည်းမှု နှင့် ချွတ်ယွင်းမှု...။

ဤဘက်ပိုင်းသို့ ရောက်သည့်အခါ မီးရထားသည် ချောင်းငယ်မြောင်းငယ်ကို မကြာခဏ ဖြတ်ရသည်။ တောင်တန်းကြီးများ၏ ခြေရင်းမှ ကွေ့ပတ်သွားသည့်အခါ သွားရသည်။ ပင်လယ်နှင့် နီးကပ်သဖြင့် လေထုတွင် ဆားနံ့လှိုင်လျှက် ရှိ၏။ မြင်ကွင်းအတွင်းသို့ ၀င်လာတတ်သည်။ ဤဘက်ပိုင်းကျတော့ မီးရထားသည် မီးရထားနှင့်မတူ၊ လှည်းကြမ်းစီးနေရသည်နှင့် တူလှပေသည်။

ကောင်စစ်ဝန်သည် သူ့လက်မှ နာရီကို ငုံ့ကြည့်သည်။ သုံးနာရီပင် မထိုးသေး။ ဆန်ဂျော်ဂျီမှ ဆယ့်ငါးကီလိုမီတာ အကွာမျှသာ ရောက်လိမ့်ဥိမည်ဟု သူခန့်မှန်းသည်။ သူသည် စိတ်ထဲက ကျိတ်ပြီး ညည်းလိုက်၏။ ဘာစီလိုးနားသို့ တော်တော်နှင့် ရောက်ဦးမည် မဟုတ်ပါတကား......။ သူ့မျက်လုံးများသည် မှန်ဆီသို့ အမှတ်တမဲ့ရောက်သွားသည်။ သူတို့အားလုံး ငြိမ်သက်စွာပင် ထိုင်နေကြသည်။ သူကြည့် နေခိုက်မှာပင် ဂျိုစီအား စကားလှမ်းပြောနေသည်ကို တွေ့ရ၏။ ထို့နောက် ရဲက ဂျိုစီဘက်သို့ လှည့်၍ ခေါင်းညိတ်ပြသည်။ ဂျိုစီသည် ထိုင်ရာမှ ထကာ ထိုင်ခုံများကြားမှ တိုးဝှေ့ထွက်လာသည်။

ဂျိုစီက အိမ်သာသွားဖို့ ခွင့်တောင်းဟန် တူ၏။ အခုဆိုလျှင် ဂျိုစီသည် သူထိုင်နေရာဘက်သို့ လျှောက်လာလျက်ရှိလေပြီ။ သူ့ရင်သည် ငြိမ်သက်ခြင်းမရှိ။ တဒိတ်ဒိတ် ခုန်လာသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။ ဂျိုစီက သူ့ကို တခုခု လုပ်မှာ ကြောက်၍လား...။ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။ ဒါကို တော့ သူကောင်းစွာသိနေသည်။
ဂျိုစီ၏ ခန္ဓာကိုယ်သည် ငြိမ်ငြိမ်ဆိတ်ဆိတ်မဟုတ်။ ရထားတွဲ လှုပ်ယမ်းနေသဖြင့် သူ့ကိုယ်သည် ဟိုယိုင် သည်ယိမ်း။ တဖြည်းဖြည်းနှင့် ဂျိုစီသည် သူ့နောက်သို့ ရောက်လာသည်။ ဘရန်းဒီးသည် အသက်ကို ဖြောင့်ဖြောင့် မရှူနိုင်။ မျက်စိများကို စုံမှတ်၍ မှိန်းနေဟန်ပြုဖို့ ကြိုးစားသည်။ မရ။ အလိုလိုနေယင်းနှင့် သူ့မျက်လုံး များသည် ဂျိုစီကို မော့်ကြည်နေမိသည်။

ဂျိုစီသည် သူ့ရှေ့မကျတကျနေရာတွင် ရပ်နေသည်။ ဂျိုစီ၏ မကြည့်သည် သူ့ထံ ရောက်လာသည်။ ကြည့်ပုံမှာ ခြေဆုံးခေါင်းဆုံး။ စေ့စေ့စပ်စပ်။ ဂျိုစီ၏ မျက်နှာပေါ်တွင် တပြုံးရိပ်ပင်လျှင် မြင်လိုက်ရသည် ထင်၏။ ထိုနောက် ဂျိုစီသည် တဘက်သို့ မျက်နှာလွှဲသွား လေသည်။
မီးရထားသည် တောင်ခြေရင်း လွင်ပြင်ဆီသို့ ဦးတည်၍ ဆင်းလျက်ရှိသည်။ ဤအဆင်းလမ်းသည် ပို၍ မတ်စောက်သည်။ ရထားအရှိန်သည် မသိမသာ နှေးလာသည်။ ဂျိုစီ၏ ခြေလှမ်းတလှမ်းသည် ရှေ့သို့ တိုးလာသည်။

ဂျိုစီ၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် ကြည့်နေမိသော ကောင်စစ်ဝန်၏ စိတ်သည် ဂျိုစီ၏ ရည်ရွယ်ချက်ကို သိသလိုလို ခံစားလာရသည်။ ဂျိုစီသည် အိမ်သာဘက်သို့ မသွားပဲ ရထားတွဲ တံခါးပေါက် မှ နေ၍ အပြင်သို့ ထိုးဆင်းလေမလား...။ အသက်ရှူ၍ မ၀သည့်နှယ် ခံစားလာရသည်။ ဂျိုစီ အခုလို လုပ်လျှင်တော့ မှားလိမ့်မည်ဟု သူထင်သည်။ အခုလို အဖြစ်မျိုးတော့ အဖြစ်မခံနိုင်။ အရှိန်နှင့် သွားနေသော မီးရထားပေါ် မှ ခုန်ချဖို့ ဆိုသည်မှာ ဂျိုစီအတွက် အလွန်အသက်ဘေး အန္တရာယ်များသော အလုပ်တခု ဖြစ်၏။ သူတားမြစ်မှ ဖြစ်မည်။ သို့သော်လည်း ဂျိုစီခုန်မချနိုင်အောင် တားမြစ်ဖို့ ကိစ္စမှာ လက်တွေ့ ကျတော့ လွယ်မည်မထင်။ ဘရန်းဒီး၏ စိတ်သည် ဤအတွေးများ ဗြောင်းဆန်လျက် ရှိသည်။ ထိုစက္ကန့် ပိုင်းကလေး အတွင်းမှပင် ဂျိုစီသည် တံခါးပေါက်မှနေ၍ အပြင်ဘက်သို့ ထိုးချလိုက်လေ၏။

ဂျိုစီ ထိုးအချနှင့် ဘရီးဒီး ထိုင်ခံပေါ်မှ ခုန်အထသည် တပြိုင်နက်တည်း ကျသည်။ ဘရန်းဒီး၏ နှုတ်မှ အလန့်တကြား အော်သံတချက် ထွက်လာသည်။ သူ့လက်သည် ဂျိုစီ ကုတ်အင်္ကျီစကို ဆွဲမိသည်။ ဂျိုစီ ခုန်ထွက်လိုက်သည့် အရှိန်က ပြင်းလွန်းလှသဖြင့် အင်္ကျီနောက်ကျော တခြမ်းလုံး ဖြန်းကနဲ စုတ်ပြဲကာ ဘရန်းဒီး လက်ထဲသို့ ပါလာသည်။ ဘရန်းဒီး တကိုယ်လုံးမှာလည်း လေထဲသို့ မြောက်တက်သွားပြီးမှ အောက်ဘက် သို့ ပြန်ကျသည်။ ကံအားလျော်စွာပင် သူ့ခြေထောက် နှစ်ဘက်သည် ရထားတွဲ သံဘောင် နှင့် ခြေနင်းခုံ ကြားသို့ ထောက်မိသော်လည်း လူက မဟန်နိုင်ပဲ အလျားမှောက်လဲကာ သူ့ခေါင်းသည် ခြေနင်းခုံ အစွန်းနှင့် အရှိန်ပြင်းစွာ ဆောင့်မိလေသည်။

ဒုတိယအကြိမ် ကြောက်လန့်တကြား အော်ဟစ်လိုက်သော အသံသည် ကောင်စစ်ဝန်၏ ပါးစပ်မှ ထွက်ပေါ် လာပြန်သည်။ မီးရထးကို ရပ်အောင်လုပ်ကြဖို့ အသံကုန် ဟစ်၍ အော်ပြောလိုက်သော အသံဖြစ်၏။ ချက်ချင်းပင် အရေးပေါ် ခလုတ်ကြိုး ဆွဲသံကို ကြားလိုက်ရသည်။ ပြီးတော့ မီးရထား ဘရိတ် ဆွဲသံ....။ ရထားဘီးများနှင့် သံလမ်းထိတွေ့ ပွတ်တိုက်သံများ။ ထို့နောက်တော့ မီးရထားသည်။ တုံ့ကနဲ ရပ်သွားသည်။ ရထားတွဲအတွင်းမှ ခရီးသည်များသည် အပြင်သို့ တရကြမ်းတိုးဝှေ့ ထွက်ာ့သည်။ တွဲထဲ၌ တယောက်တည်း ကျန်ရစ်သော ကောင်စစ်ဝန် လဲကျနေရာမှ ကသောကမျော လူးလဲထလာသည်။ သူအပြင်ထွက်မှ ဖြစ်မည်။ မထွက်၍ မဖြစ်။ သူသွားမှ...၊ သူသွားမှ...။ သူသည် ဒရီးဒယိုင်နှင့် တွဲအပြင်သို့ ထွက်သည်။

သူတို့သည် ဂျိုစီအား လွတ်မြောက်အောင် လုပ်ပေးခဲ့ကြပြီး ဖြစ်၏။ ဂျိုစီ၏ခန္ဓာကိုယ်သည် ရထား လမ်းဘေး ရေကာတာပေါ်ရှိ စိမ်းလန်း စိုပြည်သော မြက်ခင်းပေါ်၌ အရုပ်ကြိုးပြတ် လဲကျ လျက်ရှိသည်။ အစုတ်စုတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေသော အ၀တ်အစားများကိုမူ သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြုပြင် ပေးထားကြပြီးဖြစ်သည်။ တစုံတယောက်သော သူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သူ့မျက်နှာကို ဖြူဖွေး သန့်စင်သော လက်ကိုင်ပ၀ါ တထည်ဖြင့် အုပ်ပေးထားသည်။ နူးညံ့၍ စိမ်းလန်းသော မြက်ပင်များနှင့် ထိုမြက်ပင်ကြားမှ လှပစွာ ပွင့်ဖူးနေကြသော အ၀ါရောင် ပန်းပွင့်ကလေးများ....။ သာယာသော ရေစီးသံ သည် ဂျိုစီ၏နားသို့ ပြေးလာလျက်ရှိ၏။ မရောက်ရောက်အောင် သူခိုလှုံရမည့် နေရာဌာနသည် သူအလွန် ချစ်မြတ်နိုး သော မြစ်နှင့် အလှမ်းမဝေး...။

ခရီးသည်များနှင့် ရောနှော၍ ရပ်နေသော အဘိုးအို ပက်ဒရိုသည် ကောင်စစ်ဝန်၏ မျက်နှာကိုမကြည့်။ သို့သော် ဆွေးမြေ့ညင်သာသော လေသံဖြင့် စကားတခွန်း ပြောသည်။
'အခုဆိုယင် သူထောင်ကို မသွားရတော့ဘူးပေါ့ ဆီညော်'
***

ကျွန်တော်ကြိုက်သောစာပိုဒ်ကလေးများ(၁)


“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့
ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း
ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့
လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။




ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ
လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန် တွေ ပြောနေကျ စကားတွေ
ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ရုန်းနေတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ်
မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ် ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ
နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့
မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။
ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့
မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့
မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ
မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ်
နေရှာကြတယ် မ ဟုတ် ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။
မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေး မှာပဲ
သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို
ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊
ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး
မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ
သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ
ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊
အမှိုက် ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့
ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာ အခြေခံ နည်းပြီး
စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု
တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့
အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့
စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။

မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား
မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ ရှိကြတယ်။ နိုင်ငံခြားရောက်
မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း
ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင်
အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက်
အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့်
လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင်
သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့
ပြောလိုက်ချင် တယ်။

မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။
နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့
ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့
ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို
ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း
မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည်
ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင်
လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့
ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ်
နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ်
ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို
စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ
ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊
နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာ မရှိ ပါဘူး။ ပြည်တွင်းမှာ လုံလုံ
လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား
ဓာတ်သတ္တု မျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ
တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။
ရောင်းဝယ် ဖောက်ကား ကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်

အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး

အလုပ် လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့
သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ်
ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။
အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး
တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား
ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊
ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့
သတိပေးလိုက်ချင်ပါတယ်။
တကယ်တော...ကျွန်တော်ပြောချင်တာကာ...လူကြောင်.မဟုတ်ဘူး..မြန်မာတွေအပြောခံရတာ...လူတွေပေါ်မှာအုပ်ထားတဲ.စနစ်ကြောင်.ပါ...စနစ်ကောင်းရင်မြန်မာဆိုတာတော်တယ်..ထူးချွန်တယ်ဆိုတာ..ကမ္ဘာကမြင်လာမှာပါ...ဦးသန်.လိုလူတွေ...နောက်အများကြီးပါ..
လူထုစိန်ဝင်း (ကျေးဇူးတင်ပါတယ်)

ကျွန်တော်ကြိုက်လို.ပါအဲကောင်လေးကို.
ဟုတ်တယ်ဆရာကျွန်တော်အရင်ကအမြင်တွေကိုအကုန်လုံးပြောင်းလည်းစေတာတော.အမှန်ပဲ..
အဲကောင်လေးကိုဖတ်ပြီးနဲ.နဲ.တော.နားလည်တတ်လာတယ်..
.ဆရာလူထုစိန်ဝင်းကိုလည်းဒီနေရာကနေ
ကျွန်တော်တော်တော်လေးကျေးဇူးတင်သွားပါတယ်ဆရာရယ်...............

Monday, February 27, 2012

ဒါနနဲ့ သီလ မလိုဘူးတဲ့လား?

ဒါနနဲ့ သီလ မလိုဘူးတဲ့လား?
by ရနောင်းဌာနီ ဘ၀မြှင့်တင်ရေးကျောင်း
(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့ ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)
“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။
ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။
အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့”တဲ့။ မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင် အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။ ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။
ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့ အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့်ကျင့်နိုင်တော့ဘူး။ ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ မေတ္တာပါရမီဖြည့်နိုင်ပါတော့မလဲ။
နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့ ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့ ဒါမျိုးစကားကို ပြောတာ”လို့ ထင်တတ်ကြတယ်။ ဒီတော့ ခန္တီပါရမီလဲပျက်ပြီ။
ဒါနပါရမီချို့တဲ့လိုက်တာနဲ့ ကျန်တာတဲ့ပါရမီတွေကို ဖြည့်ကျင့်ဖိုဆိုတာ အင်မတန် ခက်ခဲသွားပါတယ်။ ဒါကြောင့် ဘု၇ားအလောင်းတော်များဟာ ဒါနပါရမီကို အရင်ဖြည့်ကျင့်ကြတာပါ။
နောက်ပြီးတော့ ဘာဝနာအလုပ်ကို လုပ်မဲ့သူဟာ အနိမ့်ဆုံးအားဖြင့် ငါးပါးသီလကို လုံခြုံရပါတယ်။
သီလမရှိသူဟာ စိတ်ငြိမ်သက်တည်ကြည်မှု မဖြစ်နိုင်ပါဘူး။ စိတ်ငြိမ်သက် တည်ကြည်မှု မဖြစ်ရင် ဖြစ် ပျက် သဘောတရားတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ပျက် ဖြစ် သဘောတရားတွေကို မမြင်နိုင်ပဲနဲ့တော့ ဘာတဏှာမှလဲ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။ တဏှာ မချုပ်ငြိမ်းမှတော့ ဘယ်မှာ သံသရာထဲက လွတ်မြောက်နိုင်ပါတော့မလဲ။ အလေးအနက် စဉ်းစားကြည့်စေလိုပါတယ်။
ဒါန သီလက လိုအပ်လို့ ဘုရားအလောင်းတွေ ဒါနပါရမီ သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြတာပေါ့။ မလိုရင် အပိုအလုပ်တွေဆိုရင် ဘယ်မှာ လုပ်နေကြပါ့မလဲ။
ဒါန သီလ မလိုဘူးလို့ ပြောသူများဟာ ဗုဒ္ဓဘုရားရှင်တွေထက် ပိုတော် ပိုတတ်တဲ့ သူများထင်ပါရဲ့။
တချို့ လူ့ဗလချာ ဗာလမျိုးတွေက ခုဇ္ဇုတ္တရာတို့ အင်္ဂုလိမာလာတို့ဟာ သူခိုးနဲ့ လူသတ်သမားတွေပါ။ သူတို့ဘယ်မှာ သီလလုံလို့လဲ။ သီလမလုံပဲ တစ်မဂ်တစ်ဖိုလ်ရသွားခဲ့ကြတာပဲ။ ဒါကို ကြည့်သောအားဖြင့် သီလ မလိုပါဘူးလို့ ပြောလေ့ရှိကြတယ်။
ပစ္ဆိမဘ၀ိကဖြစ်တဲ့ ဒီဘ၀မှာ မဂ်ဖိုလ်ရဖို့ ကျိန်းသေနေတဲ့ ပါရမီရှင်ကြီးတွေနဲ့များ သူတို့မို့ မတန်မရာ နှိုင်းယှဉ်ကြပါပေရဲ့။ သူတို့တွေဟာ ပါရမီတွေကို အကုန်အပြည့် ဖြည့်ပြီးကြပြီ။ ဒီဘ၀လေးကိုပဲ ကွက်ကြည့်နေရင်တော့ မှားမှာပေါ့။
နောက်ပြီးတော့ နိဗ္ဗာန်ဝင်တာချင်း အတူတူတောင် ဒါနရှိသူများကျတော့ မပင်မပန်းချမ်းချမ်းသာသာသူဌေးကြီးဘ၀နဲ့ ၀င်ရတယ်။ ဒါနမရှိသူများကြတော့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် သူတောင်းစားဘ၀နဲ့ နိဗ္ဗာန်ဝင်ရတယ်။
နောက်ဆုံးပြောချင်တာက ဒါန သီလ ဘာဝနာ အားလုံးအရေးကြီးပါတယ်။ နိဗ္ဗာန်ရဖို့အတွက် ဒါန သီလ မလိုဘူးလို့ ပြောတဲ့စကားဟာ သွက်သွက်ခါအောင် မှားယွင်းပါတယ်။

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး‏ by သဒ္ဓမ္မရံသီ-ဆရာတော်

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး‏
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူ၍ ၄-မျိုးကွဲပြားလျက် ရှိပေသည်။
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ပေသည်။
ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။
ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။
ဆောင်ပုဒ်။ မျက်မှောက်ဘ၀၊ ကျိုးပေးက၊ ဒိဋ္ဌဓမ္မမည်။
ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ-
၁။ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်၊ ရဟန္တာ ဖြစ်ခြင်း။
၂။ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ်၏ စေတနာ ၃-တန် ထက်သန်ခြင်း။
ဤထူးခြားသည့်အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ မြက်ထမ်းသမားသည် ထူးခြားသော အကြောင်း ၄-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။
တချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္နဘာရဟူသော အမည်ဖြင့် သုမနသူဌေးအိမ်၌ မှီခို၍ နေရသော ဆင်းရဲသား မြက်ထမ်းသမား ဖြစ်ခဲ့ရပေသည်။ အန္နဘာရမြက်ထမ်းသမားသည် တနေ့သောအခါ တောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲ့လေ၏။ ထိုအချိန်မှာ ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှထ၍ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္နဘာရမြက်ထမ်းသမား၏ ရှေ့မှ သက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။
ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံ ပြန်သွား၍ နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကို မကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။
ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါ သူမနသူဌေးက အန္နဘာရ၏ ဆွမ်းအလှူကို တကျပ်မှစ၍ တထောင်ထိအောင် တိုးပေး၍ ၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။
ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်-
၁။ အလှူခံပုဂ္ဂိုလ်၏ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ခြင်း။
၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ၏ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ တထပ်စာဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ စေတနာ ၃-တန် ထက်သန်ခြင်း
ဟူသော ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံသောကြောင့် အန္နဘာရသည် ယခုဘ၀၌ပင် မြက်ထမ်းသမား ဆင်းရဲသားဘ၀မှ သူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇော ကုသိုလ်စေတနာကံ၏ အကျိုးပေးပင် ဖြစ်ပေသည်။
ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်က အကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်း အကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။
( ၂ ) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။
ဆောင်ပုဒ်။ ဒုတိယဘ၀၊ ကျိုးပေးက၊ ဥပပဇ္ဇမည်။
သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံး အဆုံးဇောစေတနာကံဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀ စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။
( ၃ ) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှ စ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများက ရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။
ဆောင်ပုဒ်။ တတိယဘ၀မှ၊ နိဗ္ဗာန်ကျထိ၊ ကျိုးပေးဘိ၊ အပရာပရိမည်။
( ၄ ) အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌ အကြောင်းမသင့် အခွင့်မသာ၍ အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။
ဆောင်ပုဒ်။ အကျိုးမပေးပြန်၊ အဟောသိကံ၊ အမှန်ဖြစ်ပေသည်။
ဤကဲ့သို့ ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့်-
၁။ ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ ကံသာဖြစ်၍ အကျိုးမပေးသောကံ။
ဟူ၍ ၄-မျိုး ကွဲပြားလျက် ရှိကြပေသည်။
အကုသိုလ်ကံတို့သည်လည်း ကုသိုလ်ကံတို့ကဲ့သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။

ငါ..ငါ..ငါ

ငါဆိုတာနည်းအောင်
မေတ္တာထားပါ
ငါဆိုတာနည်းအောင်
စေတနာထားပါ
ငါဆိုတာနည်းအောင်
ငါဆိုတာနည်းအောင်
ပေးကမ်းပါ
ငါဆိုတာနည်းအောင်
မုဒိတာပွားပါ
ငါဆိုတာနည်းအောင်
နားလည်ပေးပါ
ငါဆိုတာနည်းအောင်
စိတ်လျော့ပါ
ငါဆိုတာနည်းအောင်
......................

ဒါနဘာကြောင့် ပြုရသလဲ

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ် ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်..ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..
ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..်ဒါနအကြောင်းဆက်ပြောပါမယ်..ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကိုသဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..
ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..
လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...
ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

စိတ်တိုင်းမကျ ဖြစ်ခဲ့ကျလျှင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊ တစ်ခါတစ်လေလည်း ရာဂစရိုက်လေးတွေ အားကောင်းနေတတ်တာကို တွေ့ရပါတယ်။ ရာဂစရိုက်နဲ့ သဒ္ဓါစရိုက်က သဘောသွားချင်း ခပ်ဆင်ဆင်လေးပါ။ ဒီလိုစရိုက်တွေ ရှိတဲ့သူဟာ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုမှု အားကောင်းတတ်သလို၊ သန့်သန့်ရှင်းရှင်းနဲ့ လှလှပပလေးတွေ၊ ကိလေသာ ဖြစ်စရာလေးတွေ အပေါ်မှာလည်း တပ်မက်နေတတ်ပြန်ပါတယ်။ ဒီစရိုက်ကြောင့်ပဲလား မသိဘူး။ အလုပ်တစ်ခုခုကို သေသေသပ်သပ် လုပ်နေမိတတ်သလို သူများက လုပ်ပေးလာလို့ မသေမသပ် ဖြစ်နေရင်၊ ခိုင်းတဲ့အတိုင်း ချက်ချင်းမြန်မြန်ဆန်ဆန် မလုပ်ရင် စိတ်ထဲမှာ ဘဝင်မကျဘဲ အလိုလို စိတ်တိုင်းမကျကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီအကျင့်ကို သတိကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်အောင် ကြိုးစားကြည့်တာ အရင်ကလောက် မဆိုးဘူးလို့ ထင်ရပါတယ်။ စိတ်အလိုမကျ ဖြစ်ခဲ့ရင်လည်း အသိသတိကပ်ပြီး သည်းခံတတ်တဲ့ အကျင့်လေးတွေနဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာပါတယ်။ တစ်ခါတစ်လေ စရိုက်အကျင့်လေးတွေ မကောင်းပေမယ့် ကောင်းတဲ့ အကျင့်လေးတွေနဲ့ ပြုပြင်ကြည့်တဲ့အခါ အကျင့်ဆိုးလေးတွေ တဖြည်းဖြည်း ပြောင်းလာတယ် ဆိုတာကို ကိုယ့်တွေ့နဲ့ယှဉ်ပြီး သဘောပေါက်လာမိပါတယ်။ အထူးသဖြင့် စိတ်တိုင်းမကျတဲ့ အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ပြီး သက်သောင့်သက်သာဖြစ်အောင် လေ့ကျင့်လာနိုင်တာလေးတွေဟာ ဘဝအတွက်တော့ တကယ့်ကို တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စိတ်အလိုမကျတဲ့အခါ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ခံစားရတဲ့ စိတ်အစဉ်နဲ့ ပြောင်းလွဲသွားတဲ့ အမူအရာ အသွင်အပြင်တွေဟာ ခုနောက်ပိုင်းတော့ သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားမိပါတယ်။ အဓိကကတော့ စိတ်တိုင်းမကျတဲ့အခါ ဖြေဆည်လာတတ်တဲ့အတွက် ကိုယ့်ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ပုထုဇဉ်တွေဟာ စိတ်တိုင်းမကျတာတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်ပန်းနေကြတာတွေက အများကြီးပါပဲ။ ထစ်ခနဲဆို စိတ်အလိုမကျဖြစ်လိုက်၊ ဗြုန်းကနဲဆို စိတ်တိုင်းမကျ ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ ဘာကြောင့်လဲလို့ ပြန်တွေးကြည့်ရင် အကြောင်းပြစရာ မရှိတဲ့အဖြစ်ပါ။ တစ်ယောက်တည်းနေလည်း စိတ်တိုင်းမကျဖြစ်နေတတ်သလို၊ အများနဲ့ နေတဲ့အခါတွေမှာလည်း စိတ်တိုင်းမကျတာတွေက ဖြစ်ဖြစ်နေကြပြန်ပါတယ်။ နေချင်တဲ့သူနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြပြန်သလို မနေချင်တဲ့သူတွေနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြရပြန်ပါတယ်။ ကိုယ့်ဖာသာကိုဖန်တီး ကိုယ့်ဖာသာကိုယ် လုပ်နေတဲ့ အလုပ်တွေမှာတောင် စိတ်တိုင်းမကျတာတွေ ဖြစ်ဖြစ်နေပြီး တစ်ယောက်တည်း ဒေါသဖြစ်လိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေကြတာတွေ ရှိသလို ကိုယ်ခိုင်းလို့ အဆင်မပြေပြန်ရင်လည်း စိတ်တိုင်းမကျဖြစ်ပြီး ဆူလိုက်ဆဲလိုက် လုပ်ဖြစ်နေပြန်ပါတယ်။ ကိုယ်ပဲလုပ်၊ ကိုယ်ပဲခိုင်းပြီး ကိုယ်ပဲစိတ်တိုင်းမကျ ဖြစ်နေတတ်တာဆိုတော့ ခံစားရတော့လည်း ကိုယ်ပဲဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ရာက စိတ်တိုင်းမကျဖြစ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခလှလှတွေ့ကြရတာ ဖြစ်ပါတယ်။

အမှန်တော့ သေချာတွေးကြည့်ရင် စိတ်တိုင်းကျဖို့ဆိုတာ သူများတွေအပေါ်မှာ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတွေက အများကြီးပါပဲ။ တစ်နေ့ကုန်လို့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် စိတ်တိုင်းကျတာတွေက များသလား၊ စိတ်တိုင်းမကျတာတွေက များသလားဆိုရင် စိတ်တိုင်းမကျတာတွေကပဲ များနေတတ်ပါတယ်။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကိုယ့်အလုပ်တွေမှာ စိတ်တိုင်းမကျ ဖြစ်နေတတ်ခဲ့သလို ကိုယ့်အခြေအနေနဲ့ ကိုယ့်အရှိလေးတွေအပေါ် စိတ်တိုင်းမကျ ဖြစ်နေတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျ ဖြစ်နေကြတာဆိုတော့ သူတပါးအပေါ်မှာ၊ သူတပါးနဲ့ ပတ်သက်တာတွေမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာက ပိုလိုတောင် ဆိုးသွားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေ ဘဝမှာ ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ ကိုယ်တန်ဘိုးထားတဲ့ သူ၊ ကိုယ်တန်ဘိုးထားတဲ့ အရာတွေကို ကိုယ်ကကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာလေးတွေပါ။ ကိုယ်ထားသလိုနေ၊ ကိုယ်ပြောသလိုလုပ် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်သဘောအတိုင်း မဖြစ်တာတွေက အများကြီးပါပဲ။ လိုချင်တာတွေ၊ ဖြစ်စေချင်တာတွေ များလေလေ၊ စိတ်တိုင်းမကျတာတွေက များနေလေပဲ ဖြစ်ပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရချင်မှုတွေ များနေတဲ့အခါ ထင်တိုင်းမဖြစ်လို့ စိတ်ညစ်ရတာတွေ၊ စိတ်တိုင်းမကျ ဖြစ်ရတာတွေ၊ အလိုမကျ ဖြစ်ရတာတွေ အများကြီး ရှိနေတတ်တာကို သတိပြုကြည့်ရင် သိနိုင်ပါတယ်။

ဆိုတော့ကား ဒီလိုစိတ်တိုင်းမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲလို့ စဉ်စားကြည့်တော့ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိမှုတွေ၊ နှလုံးသွင်း မမှန်ကန်မှုတွေကြောင့်လို့ပဲ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဖြစ်ချင်လိုချင်မှုတွေများနေသမျှ၊ တင်းတိမ်ရောင့်ရဲနိုင်တဲ့ အကျင့်လေးတွေနဲ့ မနေနိုင်သေးသမျှ၊ အကုသိုလ်မဖြစ်အောင်၊ အပြစ်မဖြစ်အောင် တွေးမြင်တတ်တဲ့ အကျင့်လေးတွေ နည်းနေသမျှ ကိုယ့်ကိုယ်ကိုလည်း အလိုကျမှာ၊ စိတ်တိုင်းကျမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျရင် ကျန်တဲ့သူတွေ ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာလည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေတတ်တဲ့ သဘောရှိတဲ့အတွက် အမျိုးမျိုး ဖြစ်နေတဲ့ ဒီစိတ်အစဉ်တွေရဲ့ အလိုအတိုင်း တစ်ထပ်ကျဖို့ဆိုတာက သာမန်လူတွေ အနေနဲ့ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စိတ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အထိအတွေ့တွေနောက်၊ အတွေးအကြံတွေနောက် တကောက်ကောက် လိုက်နေတတ်တဲ့ သဘောရှိတဲ့အတွက် သူဆွဲသွားတဲ့ အာရုံတိုင်းရဲ့ နောက်ကိုသာ လိုက်နေလို့ကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ စိတ်အလိုပြည့်တယ်၊ စိတ်ကျေနပ်တယ်ဆိုတာ မရှိနိုင်ပါဘူး။

အဲဒီလိုဆိုတော့ စိတ်ကိုသူ့သဘောအတိုင်း လွှတ်ထားရင် ကျေနပ်နှစ်သက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သူ့သဘောအတိုင်း မထားဘဲ ကိုယ့်ရဲ့အသိသတိနဲ့ပဲ ဒီစိတ်ကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်၊ စိတ်တိုင်းမကျတာတွေ လျော့နည်းလာအောင် ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ သူဆွဲသမျှ အာရုံတွေနောက်ကို မရောက်သွားရအောင် ကိုယ့်ကိုယ်ကိုပဲ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖြေဆည်ဖို့ဆိုတော့ အဓိကလုပ်ရမှာက စိတ်ကိုသတိကပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကို သူဆွဲဆောင်ရာ အာရုံတွေနောက်ကို လိုက်မသွားမိအောင် ထိန်းဖို့ပဲဖြစ်ပါတယ်။ မြင်သမျှအရာတွေ၊ ကြားသမျှအသံတွေ၊ နံသမျှအနံ့တွေ၊ ခံစားသမျှ အရာသာတွေ၊ တွေ့ထိသမျှ အထိအတွေတွေ့မှာ သတိလက်လွတ် မခံစားမိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံတွေနောက်ကို သတိလွတ်ပြီး လိုက်ခံစားမိလို့ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း အချိန်မီသတိဝင်ကာ “အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူ့သဘော သူဆောင်နေပြီး အတ္တဆိုတာ မရှိ၊ အနတ္တပဲ ရှိတယ်” ဆိုတဲ့အချက်ကို အထပ်ထပ်နှလုံးသွင်းပြီး အကြိမ်ကြိမ် ဖြေဆည်နိုင်အောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ “ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး ဖြေဆည်ကြည့်ရမှာ ဖြစ်သလို သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုနဲ့ ချိန်ထိုးကြည့်ကာ “ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့် အသိသတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး ဖြေဆည်ကြည့်ဖို့ကတော့ “သတိကပ်ပြီး စိတ်ကိုအာရုံတွေနောက် မလိုက်နိုင်အောင် ထိန်းချုပ်ကာ ဖြေဆည်ကြည့်ကြဖို့ပဲ” ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာထူပြောလှတယ် လောကကြီးမှာ ကိလေသာတရားတွေနဲ့ နပန်းလုံးနေရတဲ့ သတ္တဝါများ အနေနဲ့ လိုချင်ဖြစ်ချင်တာတွေ များနေသမျှ၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် တင်းတိမ်ရောင့်ရဲခြင်း မလုပ်နိုင်သေးသမျှ၊ တွေ့ကြုံလာသမျှ အရာတွေအပေါ်မှာ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းပြီး မနေနိုင်သေးသမျှ စိတ်တိုင်းမကျတာတွေ၊ အလိုမကျတာတွေ ဆိုတာ ရှိနေကြမှာဖြစ်ပြီး အဲဒီလို စိတ်အလိုမကျမှုတွေ ရှိနေသမျှ ကိုယ်စိတ်ဆင်းရဲမှုတွေလည်း ရှိနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုစိတ်အလိုမကျမှုတွေကနေ အထိုက်အလျောက် သက်သောင့်သက်သာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုသာ အသိသတိနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားရင် အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင် လေ့ကျင့်နေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်အလိုမကျမှုတွေ ခဏခဏ ဖြစ်တတ်ကြတဲ့ ဘုန်းဘုန်းအပါအဝင် လောကီဘုံသား သတ္တဝါများအနေနဲ့ နေရတဲ့အခိုက်မှာ စိတ်အလိုမကျဖြစ်တိုင်း ခံစားရတဲ့ ကိုယ်စိတ်ဒုက္ခတွေကနေ အထိုက်အလျောက် သက်သာမှုတွေ ဖြစ်စေဖို့ စိတ်ကိုသူ့အလိုအတိုင်း လွတ်မထားဘဲ အာရုံတွေနောက်ကို ဒီစိတ်က လိုက်မသွားခင် ကိုယ့်အနေနဲ့ အသိသတိဦးပြီး ကိုယ့်စိတ်ကို အမြန်ဆုံး ထိန်းချုပ်ကာ ဖြေဆည်နိုင်အောင်သာ အကြိမ်ကြိမ် ကြိုးစားကြည့်ကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။



Sunday, February 26, 2012

အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း

လူသားတွေတော်တော်များများ တစ်ယောက်ကိုတစ်ယောက် ချစ်တယ် ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုတာကြတော့မတူညီကြဘူး။ ခံယူချက်တွေက ဆင်သလိုလို ရှိပါတယ်။ ဒါပေမယ့် အားလုံးသော အသေးစိတ်တွေးတောနေတာတွေကို ချုံကြည့်မယ်ဆိုရင် အဖြေကတစ်ခုထဲဖြစ်နေတယ်။
အဲတာက အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း ....ပါပဲ

ဘာလို့ စောင့်စည်းတိန်းသိမ်းခြင်းလို့ မှတ်ချက်ပြုရလည်းဆိုတော့
မိမိချစ်သူ အပေါ်မှာထားတဲ့ စိတ်ခံစားမှုတိုင်းမှာ စောင့်စည်းတိန်းသိမ်းခြင်း ဆိုတာလေးပါနေတတ်လို့ပါ။

ဥပမာတစ်ခု................
ကောင်လေးနဲ့ ကောင်မလေးတို့ အချစ်စစ်နဲ့ချစ်မိပြီဆိုပါဆို့
ကောင်လေးက အရက်သောက်မယ်ဆိုရင် သူ့ကောင်မလေးတော့ဖြင့် ဘယ်လိုခံစားရမယ်
ဆိုတာကို အရင်တွေးတတ်ကြပါတယ် ဒါကြောင့် ကောင်လေးဟာ အဲဒီအရာပေါ် မသောက်ဖြစ်အောင် စောင့်စည်းထိန်းသိမ်းသွားမှာပါပဲ။
အဲလိုပဲ ကောင်မလေးက ခရီးတစ်ခုကို သွားမယ်ဆိုပါတော့
ကောင်မလေးသွားမယ်ဆိုတဲ့ ခရီးက ကောင်လေးအတွက် စိတ်မချစရာဖြစ်နေလို့ ကောင်လေးကတားမှာပဲ အဲလိုအခြေနေမျိုးမှာ ကောင်မလေးက မိမိချစ်သူကောင်လေး စိတ်ပူစေမဲ့လမ်းကို သွားဖို့ကို မသွားဘူးဆိုတဲ့စိတ်ကလေးနဲ့ စောင့်စည်းတိန်းသိမ်းသွားမှာပါပဲ။

အပေါ်က အကြောင်းအရာလေးတစ်ခုမှမဟုတ်ဘူးနော် အခြားသော အခြေနေလေးတွေကိုလည်း သူငယ်ချင်းတို့ သေသေချာချာ တွေကြည့် တကယ့်အချစ်စစ်နဲ့ ချစ်ရင် မိမိချစ်သူအပေါ်မှာတစ်ခုခုဆိုတဲ့ ဆိုးကျိုးကိုကြည့်ပြီး စောင့်စည်းတိန်းသိမ်းသွားတတ်ကြတာ အချစ်စစ်နဲ့ ချစ်တတ်ကြတဲ ချစ်သူများမှာ ဖြစ်ပေါ်တတ်တဲ့စိတ်လေးပါ

ဒါကြောင့် လူသစ်က အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်းလို့ ခံယူလိုက်တယ်

အချစ်စစ်၊ အချစ်မှန်

အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ --------

ခရစ်ရှနားမူတီး
အပြုအမူ

လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။

ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။

ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။

အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။

ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။

ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။

အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။


(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)

သူတို့အတည်ပြုတဲ့ "အချစ်စစ်"

"အချစ်စစ်"ဆိုတာ တကယ်ရှိကြောင်း အမေရိကား ပညာရှင်တွေက လေ့လာဆန်းစစ်ပြီး အတည်ပြုခဲ့ကြတယ်လို့ သတင်းစာတစ်စောင်မှာ ဆိုထားပါတယ်။





ရှေးက လေ့လာဆန်းစစ်ချက်အရ ချစ်စ၊ ကြင်စ၊ ချစ်သူဖြစ်စမှာ စွဲလမ်းတတ်တဲ့ အစွဲအလမ်းက အချိန် ၁၅လ နောက်ပိုင်းမှာ တဖြေးဖြေး လျော့သွားတတ်ပြီး ၁ဝနှစ်နောက်ပိုင်းမှာ လုံးဝ ပျောက်ကွယ်သွားတတ်တယ်လို့ ဆိုပါတယ်။ အစွဲအလမ်း လျော့ပါးချိန်နဲ့ ပျောက်ကွယ်ချိန်က ချစ်သူဖြစ်ပြီးကာလ ၁၂ လနဲ့ ၁၅လ ကြား၊ ၃နှစ်နဲ့ ၇ နှစ်ကြားမှာ ဖြစ်ပါတယ်။





ဒီတစ်ကြိမ် ဆန်းစစ်ချက်မှာတော့ အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" ဆီမှာသာ နှစ်၂ဝကျော်သည့်တိုင် ဒီလို တစ်ယောက်နဲ့တစ်ယောက် စွဲလမ်းကြတဲ့ စွဲလမ်းမှုမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။ လေ့လာချက်အရ
သူတို့ဟာ ချစ်စကြင်စ ချစ်သူတွေလို ချစ်သူရဲ့ဓာတ်ပုံတွေကို အတူကြည့်ကြပြီး ဦးနှောက်ထဲကနေ ပျော်ရွှင်မှုတွေကို ခံစားစေတဲ့ "Dopamine" ကို ထုတ်လွတ်စေခဲ့တယ်။ ဒါကြောင့် နှစ်တွေကြာခဲ့ပေမယ့် သူတို့ရဲ့ဦးနှောက်က ချစ်ခင်စ ချစ်သူတွေလို လန်းဆန်းတက်ကြွနေခဲ့တယ်။





ကျွန်မတို့သိတဲ့ ရိုးမြေကျ (Life-long partner) ပေါင်းဖက်တတ်တဲ့ သတ္တဝါတွေထဲမှာ ငန်း၊ လယ်ကြွက်နဲ့ မြေခွေး (Gray fox) တွေပါပေမယ့် လူ မပါဝင်ခဲ့ပါဘူး။ "ထာဝရ အချစ်စစ်" ရှိမရှိဆိုတာကို ဘာကြောင့် ကျွန်မတို့ အပူတပင် လိုက်ရှာခဲ့ကြသလဲ? တစ်ယောက်နဲ့တစ်ယောက် မခွဲမခွါ ထာဝရ အတူနေထိုင်နည်းကို ဘာကြောင့် ကျွန်မတို့ သိချင်ခဲ့ကြသလဲ? တစ်နေ့နေ့မှာ ငြီးငွေ့သွားနိုင်တဲ့ အဖြစ်မျိုးကို ဘာကြောင့် ကျွန်မတို့ ကြောက်ရွံ့ခဲ့ကြသလဲ?





ကျွန်မတို့က "အချစ်ကျောင်း" ထဲက လိမ္မာတဲ့ကလေးငယ်တွေ ဖြစ်ချင်ခဲ့ကြတယ်။ ကျောင်းမပျက်တဲ့၊ စာမေးပွဲမကျတဲ့၊ ဇွဲဝီရိယကောင်းတဲ့ လူလိမ္မာလေးတွေ ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ဘုရားသခင်က ကိုယ့်ကို ကောင်းတဲ့အချစ်တွေ ရမယ်လို့ အာမ မခံထားပါဘူး။ လိမ္မာရင် အကောင်းတွေရမယ်ဆိုတဲ့ ဖလှယ်မှုမျိုးလည်း မရှိခဲ့ပါဘူး။





ပညာရှင်တို့ရဲ့ ဆန်းစစ်ချက်ရလဒ်က အိမ်ထောင်သက်ကြာ ပေါင်းဖက်လာကြတဲ့ လူ"အနည်းစု" တွေမှာသာ နုငယ်စဉ်ကလို၊ ချစ်သူဖြစ်စလို မပြောင်းလဲတဲ့ အချစ်နဲ့စွဲလမ်းမှုမျိုးကို ထိန်းသိမ်းထားနိုင်တာ တွေ့ရတယ်။ သူတို့ဆီမှာပဲ အချစ်စစ်ဆိုတာ တကယ်ရှိခဲ့ပါသတဲ့။





ကမ္ဘာပေါ်ရှိသမျှ လူတွေအားလုံး.. ရိုးမြေကျ ပေါင်းဖက်တတ်တဲ့ ငန်း၊
လယ်ကြွက်၊ မြေခွေး (Gray fox) တို့နဲ့ မတူနိုင်ခဲ့ရင်တောင် အချစ်ကို နားလည်ခံစား၊ တန်ဖိုးထားတတ်သူတွေ ဖြစ်ကြပါစေလို့....သူတို့အတည်ပြုတဲ့ "အချစ်စစ်"



အချစ်စစ်

အချစ်စစ်ဆိုတာ
တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအပြည့်နဲ့
သံသယတွေကင်းရှင်း
နောက်ဆံလည်းမတင်းဘူး။ ။
အချစ်စစ်ဆိုတာ
တစ်ဦးပေါ်တစ်ဦး နားလည်မှုအပြည့်နဲ့
သည်းခံ ခွင့်လွတ်ကြရင်း
ဖောက်ပြန်မှုလည်းကင်းတယ်။ ။
အချစ်စစ်ဆိုတာ
စွယ်တော်လို နှစ်လွာတစ်ရွက်နဲ့
စီးတဲ့ရေ ဆည်တဲ့ကန်သင်း
ညီညာစွာ ပေါင်းသင်းကြတယ်။ ။
အချစ်စစ်ဆိုတာ
တစ်ပြည်တစ်ရွာစီပဲခြားခြား
အချိန်တွေ ဘယ်လိုကြာသွားသွား
မီးဝေးလည်း ချိတ်မမာဘူး
ခရီးဝေးလည်း စိတ်မကွာဘူး
တစ်သွေးတည်း တစ်သားတည်း
အမြဲနှလုံးအိမ်မှာရှိတယ်
အမြဲတမ်း
နှလုံးသားမှာ ရှိတယ်။ ။

ခွန်လေး

ဗုဒ္ဓ၏ အဆုံးအမ

"ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ။
ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘောရှိကြကုန်၏။
မမေ့ မလျော့ မပေါ့ မဆသော
ဝိပဿနာသတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြလော့။"
"အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာ။"
"ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။
ဝက္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင်။"
"ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿန္တော ဥဒယဗ္ဗယံ။
လူတစ်ယောက်ဟာ အသက်တစ်ရာနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မမြင်ဘူး (မသိဘူး) ဆိုရင် မမြတ်ဘူး။
လူတစ်ယောက်ဟာ တစ်ရက်တည်းနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မြင်ရတယ် (သိတယ်) ဆိုရင် မြင့်မြတ်ပါတယ်။"
"သေခြင်းတရားသည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။"

ကိုယ့်ကိုအများဆုံးစိတ်ဆင်းရဲအောင် လုပ်သူ(သို့) သတိနဲ့ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၄)

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊

အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။



ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။ ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။




“ Everything that crosses the mind, wears and tears the mind ” စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။ လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။



လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။



တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။

တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။ သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဉာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။



အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။ နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။

အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။ သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။ အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။



“ အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် ” တဲ့။ “ ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “ အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် ” တဲ့။

အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။



စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။ အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။ သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။

အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။



အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။



ဘယ်တော့မှ လက်မလျော့နဲ

ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီပါ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

Thursday, February 23, 2012

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။


(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး

လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်

ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်

လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်

၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။


(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်

လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။


(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...


(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်

လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

Wednesday, February 22, 2012

ကိုယ့်အကြိုက်၊ သူ့အကြိုက်

 လူဆိုတာ တစ်ဦးနဲ့ တစ်ဦး သဘောသဘာဝ တူကြတာမဟုတ်ဘူး၊ ကိုယ့်စရိုက်၊ သူ့စရိုက်၊ ကိုယ့်အကြိုက်၊ သူ့အကြိုက်၊ ကိုယ့်အလေ့အထ၊ သူ့အလေ့အထ၊ ဘယ်တူ မလဲ။ ဒီတော့ မတူတဲ့ စရိုက်ရှိတဲ့သူတွေ ကိုယ့်အလိုအတိုင်း လူတိုင်း ဘယ်လိုက်နိုင်မလဲ၊ ဒီတော့ လုပ်ပုံချင်း ကိုယ်နဲ့ မတူတော့ဘူးလေ။ ဒီတော့ ဒါကို ကိုယ်က အလိုမကျတိုင်း ပြောနေလို့ မဖြစ်တော့ဘူး။ ကိုယ့်နဲ့သဘောမတူတိုင်း ပြောနေလို့ မဖြစ်ဘူး၊ ပြောရင်လဲ ပြောလို့ရတာ ရှိသလို မရတာလဲ ရှိမယ်၊ မရတာက များမှာပါဘဲ။ ဘာလို့လဲ၊ လူဆိုတာက တစ်မျိုးမလား၊ ကိုယ့်ဖာသာ ပြင်ချင် ပြင်မယ်၊ သူများပြောလို့ ပြင်တယ်၊ လုပ်တယ်ဆိုတာမျိုး သဘောမကျဘူးမလား၊ ဘာဖြစ်လို့လဲ၊ မာနတရားတွေ ခေါင်ခိုက်နေကြလို့လေ။ အဲဒီ မာနကြောင့်ဘဲ သံသရာရှည်နေကြ တာဘဲလေ။ အဲဒီမာနကြောင့် တစ်ခြားသူက ကောင်းတာပြောရင် ကောင်းတာမှန်း သိသော်လည်း လိုက်မလုပ်တဲ့အပြင် ရွဲ့ပြီး မဟုတ်တာလုပ်တာမျိုးတောင် တစ်ချို့က ရှိသေးမလား။

နောက်ရှိသေးတယ်၊ လုပ်ငန်းတစ်ခုမှာ အမြင်မတူတာလေးတွေ၊ ကိုယ့်စိတ်ကြိုက်၊ ကိုယ့် အမြင်က တစ်မျိုး၊ သူ့စိတ်ကြိုက်၊ သူ့အမြင်က တစ်မျိုး၊ ကိုယ့်ဝါဒ၊ ကိုယ့်သဘော လေးတွေ တင်ပြရမယ်၊ သူ့ဝါဒသူ့သဘောလေးတွေ တင်ပြလာရင် အစအဆုံးနားထောင်ရမယ်၊ အများနဲ့ ဆက်ဆံတော့ အများသဘောထားအမြင်လေးတွေကတော့ ပြောလာမှာပါဘဲ။ ပြီးမှ ကိုယ့်သဘော အခြေအနေကို ရှင်းလင်းပြောဆို လုပ်ကိုင်ရမယ်။ သူ့ဝါဒလာပြောတာကို မဟုတ်ဘူ၊ ဘာညာ စသည်နဲ့ တခါတည်း ကန့်ကွက်လို့ မဖြစ်ဘူး၊ လာပြောတိုင်းလဲ လက်ခံလို့ မဖြစ်ဘူး၊ အလုပ်တစ်ခု မှာ တစ်ခြားသူလာပြောတာကို “မဟုတ်ဘူး၊ ဘာညာ၊ မင်းပြောတာ လက်မခံနိုင်ဘူး” စသည် ပြောဆိုမယ်ဆိုရင် ကိုယ့်အလုပ် ထိခိုက်မယ်၊ ကိုယ့်အလုပ်က အများနဲ့ ဆက်ဆံနေတာကို။ ဒီနေရမှာ ဘုရားရှင်တို့ထုံး၊ ပညာရှိတို့ထုံးကို နှလုံးမူ အတုယူရမယ်။
         

နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
လူတိုင်း ချစ်ခင်ကြတာပေါ့
ပန်းကလေးတစ်ပွင့်မှာ အဆင်းလည်း လှမယ်၊ အနံ့ကလေးကလည်း သင်းမယ်ဆိုရင် လူတိုင်း နှစ်သက်ကြသလိုပေါ့။ လူတစ်ယောက်မှာလည်း ရုပ်လည်းချောမယ်၊ သဘောလည်း ကောင်းမယ်ဆိုရင် လူတိုင်း ချစ်ခင်ကြတာပေါ့။ သဘောထားပုပ်ပြီဆိုရင်တော့ အနံ့မသင်းတဲ့ပန်းလို လူတကာ အော့ကြောလန်ပြီ။

ရိုးသားတဲ့ စိတ်ဓာတ်
ဣနြေ္ဒရတာ၊ သိက္ခာရှိတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့စိတ်ဓာတ်ကတော့လည်း ရှိရမယ်နော်။

ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့
လောကမှာ မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာအရပ် မရှိဘူးတဲ့။ ငါ မကောင်းတာ လုပ်နေတာ ဘယ်သူမျှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ သူလို ကိုယ်လိုလူက မသိပေမယ့် နတ်တွေက သိတယ်၊ မြင်တယ်၊ နောက်ဆုံး ဘယ်သူမျှ မသိဘူးဆိုတာတောင်မှ ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့၊ လောကကြီးကိုလည်း မလှည့်စားကြနဲ့။
၁။ လူကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ကြပါစေ။
၂။ နတ် ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။
၃။ ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။

ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး

တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။ တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။ ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင် ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ
သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ် နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့် ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင် စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို ဂရုပြုမိဖို့ လိုပါတယ်။

၂။ သံဓာတ် လိုအပ်ပါတယ်
အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ် ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မ၀ခြင်း၊ လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက် အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။ ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။

၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ်
ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက် မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန် ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့ ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ် ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန် လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး အိပ်ရေး ၀အောင် အိပ်ပါ။ အိပ်ရေးဝ မှ အားအင် ပြည့်မှာပါ။

၎။ ကာလရှည် မောပန်းပါက သတိထားပါ
တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည် မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။

၅။ Coenzyme Q10 လိုပါတယ်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ် ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့ အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။

၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ
စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5-hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ၀စေနိုင် ပါတယ်။

၇။ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်
ရုံးမှာ ကျတော့ မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက် ကြောင့်ပါ။ သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီဝ နာရီဟာ နေ့လယ် နှစ်နာရီ ၀န်းကျင်လောက်မှာ ခန္ဓာကိုယ်ကို အားလျော့ စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။

၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ
သိုင်းရွိုက် ဂလင်းတွေဟာ ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့ သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း ကိုလည်း ဖြစ်တတ် ပါတယ်။

၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ်
ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက် များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊ ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

၁၀။ သဘာဝ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့
ရွှေရောင် အမြစ်လို့ ခေါ်တဲ့ Rhodiola သဘာဝ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည် သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။
၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်
အိပ်စက်ခြင်း ပြဿနာ တစ်ခု ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ် ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့် အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။

၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ
အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း လေ့ကျင့်ခန်း လုပ်ပေးပါ။

၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ်
ကာဗိုဟိုက်ဒရိတ်က အားများ စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ အားပြည့်စေ ပါတယ်။

၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့
နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့ မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။ အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။ အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။

၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့
* လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။
* ရေသောက် လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
* ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း တက်ကြွ လာပါ လိမ့်မယ်။
* သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
* ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း နွမ်းလျခြင်းကိုလည်း ပျောက်စေ ပါတယ်။

ခေါင်းဆောင်ကောင်း၏ အရည်ချင်း (၉) မျိုး

၁။ မြန်မြန်လမ်းလျှောက်ပါ။
ခေါင်းဆောင်ကောင်းသည် ခြေလှမ်းကျဲကျဲ လှမ်းနေသူဖြစ်ရမည်။

၂။ အချက်ကျကျ စကားပြောပါ။
ခေါင်းဆောင်ကောင်းသည် စကားကိုထိထိမိမိ ပြောနိုင်သူဖြစ်ရမည်။

၃။ ကိုယ်ကိုမတ်မတ်ရပ်ခေါင်းမော့ထားပါ။
ခေါင်းဆောင်ကောင်းသည် ခါးကုန်းကုန်းနှင့် နေသူများမဟုတ်ရ။

၎။ စကားကို ကြည်လင်ပြတ်သားစွာ ပြောပါ။
ခေါင်းဆောင်ကောင်းသည် စကားတစ်ခွန်းကို နှစ်ကြိမ် ထပ်ပြောလေ့မရှိ။

၅။ သွက်သွက်လက်လက် လုပ်ပါ။
ခေါင်းဆောင်ကောင်းသည် အလုပ်ကို ရွှေ့ ဆိုင်းထားလေ့မရှိ။

၆။ အရေးကြီးသော အချက်များကိုသာ ဂရုစိုက်ပါ။
ခေါင်းဆောင်ကောင်းသည် မည်သည့်ကိစ္စမဆို အသေးအဖွဲ အချက်များကို
အလေးဂရုမပြု။

၇။ ငေးမောမနေပါ။
ခေါင်းဆောင်ကောင်းသည်မည်သည့်နေရာကိုမဆို တွေဝေငေးမောပြီးကြည့်မ
နေတတ်။

၈။ စကားပြောသည့်အခါ လူကိုကြည့်၍ပြောသည်။
ခေါင်းဆောင်ကောင်းသည် စကားပြောသောအခါ နံရံကိုလည်းကောင်း၊ကြမ်း
ပြင် ကိုလည်းကောင်း၊ ခေါင်မိုးကိုလည်းကောင်း ကြည့်၍မပြောတတ်။

၉။ စထားသောအလုပ်ကို ပြီးအောင်လုပ်သည်။
ခေါင်းဆောင်ကောင်းသည် အလုပ်တစ်ခုကို စမိလျှင် မပြီးမချင်း လုပ်လေ့ရှိ
သည်။ အလုပ်တစ်ခုမပြီးဘဲ အခြားအလုပ်တစ်ခုကို ကူးပြောင်းလေ့မရှိ။


တက္ကသိုလ်ဆုမြိုင် (အောင်မြင်ရေးနည်းမှ)

(ဇော်ထက်နိုင်)

Proverb

1 Do not boast about tomorrow, for you do not know what a day may bring forth.

2 Let another praise you, and not your own mouth; someone else, and not your own lips.

3 Stone is heavy and sand a burden, but provocation by a fool is heavier than both.

4 Anger is cruel and fury overwhelming, but who can stand before jealousy?

5 Better is open rebuke than hidden love.

6 Wounds from a friend can be trusted, but an enemy multiplies kisses.

7 He who is full loathes honey, but to the hungry even what is bitter tastes sweet.

8 Like a bird that strays from its nest is a man who strays from his home.

9 Perfume and incense bring joy to the heart, and the pleasantness of one’s friend springs from his earnest counsel.

10 Do not forsake your friend and the friend of your father, and do not go to your brother’s house when disaster strikes you—better a neighbor nearby than a brother far away.

11 Be wise, my son, and bring joy to my heart; then I can answer anyone who treats me with contempt.

12 The prudent see danger and take refuge, but the simple keep going and suffer for it.

13 Take the garment of one who puts up security for a stranger; hold it in pledge if he does it for a wayward woman.

14 If a man loudly blesses his neighbor early in the morning, it will be taken as a curse.

15 A quarrelsome wife is like a constant dripping on a rainy day;
16 restraining her is like restraining the wind or grasping oil with the hand.

17 As iron sharpens iron, so one man sharpens another.

18 He who tends a fig tree will eat its fruit, and he who looks after his master will be honored.

19 As water reflects a face, so a man’s heart reflects the man.

20 Death and Destruction are never satisfied, and neither are the eyes of man.

21 The crucible for silver and the furnace for gold, but man is tested by the praise he receives.

22 Though you grind a fool in a mortar, grinding him like grain with a pestle, you will not remove his folly from him.

23 Be sure you know the condition of your flocks, give careful attention to your herds;

24 for riches do not endure forever, and a crown is not secure for all generations.
25 When the hay is removed and new growth appears and the grass from the hills is gathered in,
26 the lambs will provide you with clothing, and the goats with the price of a field.
27 You will have plenty of goats’ milk to feed you and your family and to nourish your servant girls.

၁။နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်၊၊ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်၊၊

၂။ကိုယ်တိုင် ကိုယ်ကိုယ် မချီးမွမ်းဘဲ သူတပါးချီးမွမ်းပါလေစေ၊၊ ကိုယ်နှုတ်နှင့် ကိုယ်ကို မချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ၊၊

 ၃။ကျောက်နှင့် သဲသည်လေး၏၊၊ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက်သာ၍ လေး၏၊၊

၎။မာ နသည် ကြမ်းကြုတ်သော သဘောရှိ၏၊၊ ဒေါသသည် ပြင်းထန်တတ်၏၊၊ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။

 ၅။ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက် သာ၍ကောင်း၏၊၊

၆။အဆွေခင် ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏၊၊ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏၊၊

 ၇။စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ်လိမ့်မည်၊၊ မွတ်သိပ်သောသူမူကား ခါးသောအရာကို ချိုသည်ဟု ထင်တတ် ၏။

  ၈။မိမိနေရာကို စွန့်၍ လည်သောသူသည် မိမိအသိုက်ကို စွန့်၍ လည်သော ငှက်နှင့် တူ၏၊၊

  ၉။နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသ ကဲ့သို့ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏၊၊

၁ဝ။ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်းကို မစွန့်နှင့်၊၊ အမှုရောက်သော ကာလ၌၊ ညီအစ်ကို အိမ်သို့ မသွားနှင့်၊၊ နီးသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက်သာ၍ ကောင်း၏၊၊

၁၁။ငါ့သား၊ ပညာရှိလော့၊၊ ကဲ့ရဲ့သော သူ၏ စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့၊၊

၁၂။သမ္မာသတိရှိသော သူသည် အမှုကို မြော်မြင်၍ ပုန်းရှောင်လျက် နေတတ်၏၊၊ ဥာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့် တွေ့တတ်၏၊၊

၁၃။မကျွမ်းသောသူအတွက၊် အမျိုးပျက်သော မိန်းမအတွက် အာမခံတတ်သောသူသည် အငတ်အစရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။

 ၁၄။နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေး သောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။

၁၅။ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်းစွာရွာသောနေ့၌ အစက်စက်ကျသောမိုဃ်းပေါက်နှင့် တူ၏။

၁၆။ထိုမိန်းမကို သိမ်းထားသောသူသည် လေကိုသိမ်းထားသော သူနှင့် တူ၏။ လက်ျာလက်၌ လိမ်းသောနံ့သာဆီကိုဝှက်၍ မထားနိုင်။

၁၇။သံကို သံဖြင့် ထက်စေသကဲ့သို့၊ လူသည် အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။

၁၈။သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကိုရတတ်၏။

၁၉။ရေ၌လူမျက်နှာချင်းတူသကဲ့ သို့၊ လူတစ်ယောက်နှင့်တစ်ယောက် စိတ်သဘောတူကြ၏။

၂ဝ။မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့်စုံ သကဲ့ သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်၏။

 ၂၁။ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့မီးဖိုရှိ၏။ လူကို စစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။

  ၂၂။မိုက်သောသူကို စပါးနှင့် အတူဆုံ၌ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
၂၃။သင်၏ သိုးစု အကြောင်းတို့ကို သိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။

  ၂၄။စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက်မတည်တတ်။

  ၂၅။မြတ်ပင် ပေါက် တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။

  ၂၆။သိုးသူငယ်တို့သည် သင်ဝတ် စရာဘို့၊ ဆိတ်တို့လည်း မြေအဘိုးကို ဖြေစရာဘို့ ဖြစ်၏။

  ၂၇။သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။

သင်နှင့် သင့်ပတ်ဝန်းကျင် ...

ကျွန်ုပ်တို့သည် မိမိ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို များစွာ ခံယူရလေ့ရှိသည်။ ကောင်းသော ပတ်ဝန်းကျင်၌ နေသော် လူကောင်း သူကောင်း ဖြစ်လာပြီး၊ မကောင်းသော ပတ်ဝန်းကျင်၌ နေရသော် လူဆိုးသူဆိုး မကောင်းသောသူသာ ဖြစ်လာလေ့ရှိသည်။ "တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး"ဆိုသကဲ့သို့ ပတ်ဝန်းကျင်သည် များစွာ အရေးကြီးလှပေသည်။
ကျွန်ုပ်တို့သည် မိမိ၏ ပတ်ဝန်းကျင်ရှိ အပေါင်းအသင်း သူငယ်ချင်းများ၊ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ စာအုပ် စာပေများ စသည်ဖြင့် သက်ရှိသက်မဲ့ အားလုံးတို့နှင့် မပတ်သက်ဘဲ၊ မဆက်ဆံဘဲနှင့် မည်သို့မျှနေ၍ မရနိုင်ပေ။ ထို့ကြောင့် ထိုပတ်ဝန်းကျင် နှင့် ဆက်ဆံ နေထိုင်ရသောအချိန် ကြာလာသည်နှင့်အမျှ မိမိ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံယူလာရပေသည်။ မိမိ၏ ခံစားမှု၊ ယူဆတွေးခေါ်မှု၊ ရည်မှန်းချက်တို့သည်လည်း မိမိ၏ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ပြောင်းလဲလာရပေသည်။
အံ့ဖွယ်ကောင်းသည့် အချက်မှာ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်၊ ခံယူချက်၊ အကျင့်စရိုက် အစ ရှိသည်တို့သည် ပြောင်းလဲလာတတ်သည့် အချက်ကို ကိုယ်တိုင် သတိ မပြုမိကြသည့် အချက်ပင် ဖြစ်သည်။

သင်သည် ပျော်ပျော် နေတတ်သည့် လူများနှင့် ပေါင်းသင်း ဆက်ဆံနေလျှင် သင်လည်း ပျော်ရွှင်စွာ နေတတ် လာပေမည်။ ရည်မှန်းချက် ကြီးမားသော လူကောင်း လူတော် များနှင့်နေလျှင် သင်လည်း လူတော် တစ်ယောက် ဖြစ်လာ ပေမည်။ လူဆိုးလူတေ လူပွေများနှင့် နေလျှင် လူဆိုး လူပေသာ ဖြစ်လာပေမည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးပင် ဖြစ်ပေသည်။

အရေးကြီးသော အချက်မှာ သင်သည် သင်၏ ဘ၀ကို တိုးတက် ကောင်းမွန်စေလိုပါက သင်၏ ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်သော ပတ်ဝန်းကျင်သို့ ကြိုးစားပြုပြင် ပြောင်းလဲပစ်ရန် အထူး အရေးကြီးလှ ပေသည်။

GreenGirlရဲ့ ဆာယိုနာရာ

ဆာယိုနာရာဆိုလို့ GrenGirl ဂျပန်စကားတွေများ တတ်နေပြီလားလို့ မထင်ကြပါနဲ့နော်။ အမှန်က မောင်လေး ဖြိုး နဲ့ မောင်ရှင်းသန့်တို့ TAG ကျတဲ့ ပို့စ်ကို ရေးမလို့ပါ။ ရေးဖို့စဉ်းစားရင်း သီချင်းလေးတစ်ပုဒ်ကို သတိရမိလို့ ခေါင်းစဉ်ကို GreenGirlရဲ့ ဆာယိုနာရာ လို့ပေးလိုက်တာ။ အခုရေးရမယ့် ပို့စ်ကလည်း အဲ့ဒီသီချင်းလေးလိုပဲလေ... :P

TAG ထားတာ ကြာနေပြီဆိုတော့ မျက်နှာပူတယ်။ အားလည်းနာတယ် ခင်လည်း ခင်တယ်။ ကိုယ်တိုင်လည်း ဘာတွေမအားလည်း မပြောပြတတ်တော့ဖူး။ ကြာနေလို့လည်း စိတ်မဆိုးကြပါနဲ့။ မောင်လေးတွေ ကျေနပ်အောင် ရှိစုမဲ့စုလေးတွေ ရှာကြံပြီး မုန်းပေးပါ့မယ်။ ကဲ...မုန်းပါပြီ...

၁။မွေးကတည်းက မလှုပ်တလှုပ်နဲ့ အေးစက်စက်နိုင်လွန်းတဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၂။ဘယ်လောက်ပဲ အပေါင်းအသင်းတွေနဲ့ စည်ကားပြီး ပျော်စရာကောင်းတဲ့ နေရာပဲဖြစ်ဖြစ် အခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထဲ နေရတာလောက် ပျော်စရာမကောင်းဖူးလို့ ခံစားမိတဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၃။စကားများများပြောဖို့ ၀န်လေးပြီး ပြောမိရင်လည်း အားမနာစတမ်း အရှိအတိုင်း တဲ့တိုးပြောတတ်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၎။စိတ်လှုပ်ရှားမှုလွယ်သလို တုန့်ပြန်မှုလွယ်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၅။ဘယ်လောက်ပဲ ကလေးတွေးတွေးပြီး ကလေးလို နေချင်ပါတယ်ဆိုပေမယ့် ကလေးပုံစံ ဘယ်လိုမှ မ၀င်နိုင်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၆။တစ်ခါတစ်လေ ပတ်ဝန်းကျင်နဲ့ ကန့်လန့်ဖြစ်နေတတ်တဲ့၊ အလိုက်မသိသလို ဖြစ်နေတတ်တဲ့ ကိုယ့်စိတ်ကိုကိုယ် မုန်းတယ်။

၇။ရည်ရွယ်တာတွေနဲ့ ဖြစ်လာတာတွေ အမြဲလွဲချော်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၈။လွဲချော်တတ်တဲ့ ရည်ရွယ်ချက်တွေကိုလည်း အကြောင်းတရားက ဒီလောက်ပဲပါတာကိုး ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၉။တစ်စုံတစ်ယောက်အပေါ် သံယောဇဉ်ဖြစ်မိရင် ကိုယ့်ကိုယ်ကို မညှာမတာ သူများအတွက်ပဲ စဉ်းစားနေတတ်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။

၁၀။လူတစ်ယောက်ကို ပိုင်ဆိုင်လိုမှု၊ ရယူလိုမှု မပါဘဲ အချစ်သက်သက်နဲ့ ချစ်တတ်သွားပြီလို့ သိလိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကို အမုန်းဆုံးပါပဲ။

မောင်လေးတို့ရေ..ရှာကြံပြီး မုန်းလိုက်ရတာ ၁၀ချက်တော့ ပြည့်သွားပြီ။ ကြာမှရေးရလို့ အပိုအနေနဲ့ တစ်ချက်ပိုမုန်းပေးမယ်နော်။

စိတ်ထဲရှိသမျှ လွမ်းစရာတွေကို ဘလော့ခ်ပေါ်မှ ချရေးဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်... :D

( အလွမ်းဓါတ်ခံရှိသလို တစ်သက်လုံးလည်း လွမ်းစရာတွေပဲ ကြုံလာရလို့ နေမှာပေါ့နော်။ ဒါလေးတော့ ခွင့်လွှတ်ပေးကြပါ။ နောက်ထပ်တော့ ထပ်တက်ပြီး မမုန်းခိုင်းတော့ပါဘူး။ အမုန်းတွေ ပျံ့နှံ့ သွားမှာဆိုးလို့... )

ခင်ပွန်းကြီးဆယ်ပါးဆယ်ပါး


ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့ ၏အပေါ်၌ လည်းကောင်း။
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက-မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ ၏ အပေါ်၌ လည်းကောင်း။
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ ၏ အပေါ်၌ လည်းကောင်း။
ရ။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၈။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကြံလျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ်တို့ ၏ အပေါ်၌ လည်းကောင်း။
၉။ တရား ဓမ္မကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၁၀။ ထမင်းတစ်လုတ်၊ ရေတစ်မုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့်ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့  ၏ အပေါ်၌ လည်းကောင်း။
ကာယကံ၊၀စီကံ၊မနောကံ သုံးပါးသောကံတို့ ဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့ သည် ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်ဆုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အလုံးစုံသောအန္တရာယ်ပေါင်းမှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာတရားလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗါန်သို့ စံဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် သင့်တတ်ဒဏ်ဆယ်ပါး



သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊

ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။